ဟေရှာယ 7:6 - Common Language Bible6 သူတို့သည်ယုဒပြည်ကိုချင်းနင်းဝင်ရောက် ကာပြည်သူတို့အား မိမိဘက်သို့ပါအောင် ခြိမ်းခြောက်၍တဗာလ၏သားကိုနန်းတင် ရန်ကြံရွယ်ထားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ငါတို့သည် ယုဒပြည်သို့စစ်ချီပြီး ထိုပြည်ကို တစ်စစီဖြိုခွဲ၍ ခွဲဝေယူကြစို့။ တဗာလ၏သားကို ထိုပြည်၏ရှင်ဘုရင်အဖြစ်တင်မြောက်ကြစို့ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
မိမိတို့၏ပန်ကြားချက်ကို မင်းကြီးနားထောင် တော့မည်မဟုတ်ကြောင်းသိရှိကြသောအခါ လူ တို့က``ဒါဝိဒ်၌ငါတို့လူမျိုးတော်မရှိ။ ယေရှဲ ၏သား၌ငါတို့အမွေမရှိ။ အို ဣသရေလပြည် သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ အို ဒါဝိဒ်၊ သင်၏အိမ်ကိုပြန်ကြည့်လော့'' ဟုဟစ်အော်ကြ ကုန်၏။ သို့ဖြစ်၍ဣသရေလပြည်သူတို့သည်ပုန်ကန် ကြ၏။-
အာခဇိ၏သားယောရှတစ်ဦးတည်း သာလျှင် လွတ်မြောက်သွား၏။ အခြားသူ များနှင့်အတူသူ့အားသတ်မည့်ဆဲဆဲ ၌ဒွေးတော်ယောရှေဘကကယ်ဆယ်လိုက် လေသည်။ ယောရှေဘသည်ယဟောရံမင်း ၏သမီးဖြစ်၍ အာခဇိနှင့်အဖေတူ အမေကွဲမောင်နှမတော်သတည်း။ သူ သည်ယောရှအသတ်မခံရစေရန်ယောရှ နှင့်အထိန်းတော်အားခေါ်၍ ဗိမာန်တော် အိပ်ခန်းတွင်ဝှက်ထားလေသည်။-
အာခတ်သည်အပြစ်ပြုသဖြင့်ထာဝရဘုရား သည် ရှုရိဘုရင်အားသူ့ကိုနှိမ်နင်း၍ ယုဒပြည် သူအမြောက်အမြားကိုသုံ့ပန်းများအဖြစ် ဖြင့် ဒမာသက်မြို့သို့သိမ်းသွားခွင့်ပေးတော် မူ၏။ ထာဝရဘုရားသည်ရေမလိ၏သား၊ ဣသရေလဘုရင်ပေကာအားအာခတ်ကို နှိမ်နင်း၍တစ်နေ့ချင်းတွင် ယုဒတပ်သား တစ်သိန်းနှစ်သောင်းကိုလည်းသတ်ဖြတ်ခွင့် ပေးတော်မူ၏။ သူတို့သည်မိမိတို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရား အားစွန့်ပစ်ကြသဖြင့် ကိုယ်တော်သည် ဤသို့ဖြစ်ပျက်စေတော်မူခြင်းဖြစ် သတည်း။-