ဟေရှာယ 66:11 - Common Language Bible11 သင်တို့သည်မိခင်ရင်ခွင်ရှိ ကလေးငယ်ကဲ့သို့၊ ကျေနပ်အားရလျက်ယေရုရှလင်မြို့၏ စည်းစိမ် ချမ်းသာကိုခံစားရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Judson Bible11 သို့ပြုလျှင်၊ သူ၏ချမ်းသာခြင်းသားမြတ်ကိုစို့၍ ဝကြလိမ့်မည်။ သူ၏စည်းစိမ်ကြွယ်ဝခြင်းအထဲက ထုတ်ယူ၍ မွေ့လျော်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 သင်တို့သည် သူ၏နို့ရည်ကြွယ်ဝသောသားမြတ်ကိုစို့၍ ဝလင်ကြလိမ့်မည်။ နို့ရည်ကြွယ်ဝသောသားမြတ်ကို အလိုရှိသမျှသောက်၍ နှစ်သက်အားရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်များသည်သခင်သဖွယ်သင်တို့ကို စောင့်ရှောက်၍၊ မိဖုရားများသည်လည်းမိခင်သဖွယ် ကျွေးမွေးပြုစုကြလိမ့်မည်။ သူတို့သည်ဦးညွှတ်ပျပ်ဝပ်လျက် သင့်အားအလေးပြုကြလိမ့်မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါကူမတော်မူမည်ကိုစောင့်မျှော်သူမှန် သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။
မိခင်သည်သားငယ်ကိုနို့ချိုတိုက်ကျွေးသကဲ့သို့၊ လူမျိုးတကာတို့၏ဘုရင်များသည် သင့်ကိုကြည့်ရှုပြုစုကြလိမ့်မည်။ ငါထာဝရဘုရားသည်သင့်ကိုကယ်တင်တော် မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၏အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင့်အားကျွန်ဘဝမှလွတ်မြောက်စေတော်မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ သင်သည်သိရှိရလိမ့်မည်။
ထိုကာလ၌တောင်တို့သည်စပျစ်ဥယျာဉ် များနှင့် ဖုံးလွှမ်းလျက်ရှိလိမ့်မည်။ တောင်ကုန်းမှန်သမျှတို့တွင်လည်းကျွဲနွားများ ကိုမြင်ရလိမ့်မည်။ ယုဒပြည်တစ်ခုလုံး၌ရေအလုံအလောက် ရရှိကြလိမ့်မည်။ စမ်းရေသည်ထာဝရဘုရား၏ဗိမာန်တော်မှ စီးဆင်းလာလျက်ရှိတ္တိမ်ချိုင့်ဝှမ်းကိုစိုပြေစေ လိမ့်မည်။