ဟေရှာယ 60:11 - Common Language Bible11 လူမျိုးတကာတို့၏ဘုရင်များသည် မိမိတို့ပစ္စည်းများကိုယူဆောင်လာနိုင်ရန်၊ သင်သည်မိမိ၏တံခါးကိုနေ့ရောညဥ့်ပါ ဖွင့်၍ထားရလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible11 လူ မျိုး ခြား တို့၏ စည်း စိမ် နှင့် တ ကွ၊ ခြံ ရံ ရ သော ဘု ရင် တို့ ကို၊ သင့် ထံ သို့ ဆောင် သွင်း စေ ရန်၊ နေ့ ညဉ့် မ ဟူ မြို့ တံ ခါး ပိတ် ခြင်း မ ရှိ၊ ပွင့် လျက် နေ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible11 တစ်ပါးအမျိုးသားတို့၏စည်းစိမ်ကို သင့်ထံသို့ဆောင်ခဲ့၍၊ သူတို့၏ ရှင်ဘုရင်တို့ကိုလည်း ပို့သမည်အကြောင်း၊ သင်၏တံခါးတို့ကို နေ့ညမပိတ်ဘဲ အစဉ်ဖွင့်ထားရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 လူမျိုးတကာတို့၏ဥစ္စာပစ္စည်းကို သင့်ထံသို့ယူဆောင်လာနိုင်မည့်အကြောင်း၊ သူတို့၏ရှင်ဘုရင်များကို သင့်ထံသို့ခေါ်ဆောင်လာနိုင်မည့်အကြောင်း သင်၏တံခါးတို့ကို ပိတ်မထားရ၊ နေ့နေ့ညညအစဉ်ဖွင့်ထားရမည်။ အခန်းကိုကြည့်ပါ။ |
``ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် တောင်သို့သင်တို့အားပို့ဆောင်မည်။ ငါ့အား ဆုတောင်းပတ္ထနာပြုရာအိမ်တော်တွင် သင် တို့သည်ဝမ်းမြောက်ခွင့်ကိုရရှိကြလိမ့်မည်။ ငါ၏ယဇ်ပလ္လင်တွင်သင်တို့တင်လှူပူဇော် သည့်မီးရှို့ရာယဇ်တို့ကို ငါလက်ခံမည်။ ငါ ၏ဗိမာန်တော်ကိုလူမျိုးတကာတို့ ဆုတောင်း ပတ္ထနာပြုရာအိမ်တော်ဟုခေါ်ဝေါ်သမုတ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ရှင်ဘုရင်များသည်သခင်သဖွယ်သင်တို့ကို စောင့်ရှောက်၍၊ မိဖုရားများသည်လည်းမိခင်သဖွယ် ကျွေးမွေးပြုစုကြလိမ့်မည်။ သူတို့သည်ဦးညွှတ်ပျပ်ဝပ်လျက် သင့်အားအလေးပြုကြလိမ့်မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါကူမတော်မူမည်ကိုစောင့်မျှော်သူမှန် သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။