ဟေရှာယ 57:10 - Common Language Bible10 သင်တို့သည်အခြားဘုရားများကိုရှာဖွေရ သဖြင့် ပင်ပန်းနွမ်းနယ်၍လာသော်လည်းအ ဘယ်အခါ၌မျှလက်မလျော့ကြ။ မိမိတို့ ၏ရုပ်တုများထံမှခွန်အားကိုရရှိသည် ဟု ထင်မှတ်ကာသင်တို့သည်အဘယ်အခါ ၌မျှအားမလျော့ကြ။ အခန်းကိုကြည့်ပါ။Garrad Bible10 ဝေး လွန်း စွာ ခ ရီး သွား ၍ ပင် ပန်း သော် လည်း၊ စိတ် ပျက် သည် ဟု ဝန် မ ခံ။ ခွန် အား ဗ လ တိုး ပွား ခိုက်၊ မ မော ဟိုက် ချေ။ အခန်းကိုကြည့်ပါ။Judson Bible10 ဝေးစွာခရီးသွား၍ ပင်ပန်းသော်လည်း စိတ်မပျက်။ ကြိုးစား၍ အသက်လွတ်သောကြောင့် အားလျော့ခြင်းမရှိ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 သင်သည် ဝေးစွာခရီးသွား၍ ပင်ပန်းသော်လည်း “မျှော်လင့်စရာမရှိ”ဟု သင်မဆို။ ခွန်အားသစ်ကို တွေ့သောကြောင့် သင်သည် အားမလျော့။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်သစ္စာရှိမှုကိုအမှန်ပင်လိုလားတော်မူ၏။ ကိုယ်တော်သည်သင်တို့အားဒဏ်ခတ်တော်မူသော်လည်းသင်တို့သည်ဂရုမစိုက်ကြ။ ဖျက်ဆီးချေမှုန်းတော်မူသော်လည်းပဲ့ပြင်ဆုံးမမှုကိုသင်တို့မခံမယူလိုကြ။ သင်တို့သည်ကျောက်ခဲထက်ခေါင်းမာလျက်နောင်တမရဘဲနေကြ၏။
သင်တို့နှိမ်နင်းအောင်မြင်သည့်လူမျိုးတို့သည်% အချည်းနှီးအလုပ်ကြမ်းကိုလုပ်လျက်ပင်ပန်း% နွမ်းနယ်ရကြပေသည်။ သူတို့တည်ဆောက်ခဲ့% သမျှသောအဆောက်အဦတို့သည်မီးလောင်% ကျွမ်း၍သွားလေပြီ။ ဤအမှုကားအနန္တ% တန်ခိုးရှင်ထာဝရဘုရားပြုတော်မူသော% အမှုဖြစ်၏။-%
သင့်မှာအကြံပေးအရာရှိအမြောက်အမြား ရှိပါသော်လည်း၊သင်သည်အဘယ်သို့မျှ မတတ်နိုင်။ ကြယ်တာရာတို့ကိုကြည့်ရှုလေ့လာသူများ မိုးကောင်းကင်တွင်ဇုံနယ်များဆွဲကာ၊ တစ်လပြီးတစ်လဖြစ်ပျက်မည့်အမှုအရာ များကို သင့်အားကြိုတင်ဖော်ပြကြသူ၊ သင်၏အကြံပေးအရာရှိများသည်လာ၍ သင့်ကိုကယ်ကြပါလေစေ။