Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 56:9 - Common Language Bible

9 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​ခြား​တို့​အား သား​ရဲ​တိ​ရစ္ဆာန်​များ​သ​ဖွယ်​လာ​၍ မိ​မိ​၏ လူ​မျိုး​တော်​ကို​သတ်​ဖြတ်​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 တော ပိတ် ပေါင်း ရှိ သား ရဲ မှ စ၍ သစ် တော သား ရဲ အ ပေါင်း တို့၊ မျို စား ရန် ဝင် လာ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အို လယ်​ပြင်​သား​အ​ပေါင်း​နှင့် တော၌​လည်​သော သား​ရဲ​အ​ပေါင်း​တို့၊ ကိုက်​စား​ခြင်း​ငှာ လာ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ကွင်းပြင်​ရှိ​တိရစ္ဆာန်​အပေါင်း​တို့​၊ ဝါးမျို​ရန်​လာ​ကြ​လော့​။ တော​ထဲ​ရှိ​တိရစ္ဆာန်​အပေါင်း​တို့​၊ ဝါးမျို​ရန်​လာ​ကြ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 56:9
9 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​သည်​ညဥ့်​ကို​ဖန်​ဆင်း​တော်​မူ​သ​ဖြင့် မှောက်​မိုက်​ချိန်​တွင်​တော​တိ​ရစ္ဆာန်​အ​ပေါင်း​တို့ ထွက်​လာ​ကြ​ပါ​၏။


သူ​တို့​၏​အ​လောင်း​များ​သည်​ငှက်​များ​နှင့် သား​ရဲ​တိ​ရစ္ဆာန်​များ​အ​တွက်​ကျန်​ရှိ​နေ လိမ့်​မည်။ နွေ​အ​ခါ​ငှက်​တို့​နှင့်​ဆောင်း​အ​ခါ သား​ရဲ​တို့​သည် ထို​လူ​သေ​ကောင်​တို့​ကို​စား ကြ​လိမ့်​မည်။


ငါ​သည်​အ​ရှေ့​အ​ရပ်​မှ​လူ​တစ်​ဦး​ကို​ခေါ် ယူ​မည်။ သူ​သည်​စွန်​ရဲ​ကဲ့​သို့​ထိုး​ဆင်း​လာ​ပြီး​လျှင် ငါ​ကြံ​စည်​ထား​သည့်​အ​မှု​တို့​ကို​ဆောင်​ရွက် ပေး​လိမ့်​မည်။ ဤ​ကား​ငါ​မြွက်​ဆို​သည့်​စ​ကား​ဖြစ်​၍​ဤ အ​တိုင်း ဖြစ်​ပျက်​ရ​လိမ့်​မည်။


ငါ​ရွေး​ချယ်​ထား​သည့်​ငါ​၏​အ​မွေ​ခံ​သည်​သိမ်း ငှက်​များ ဝိုင်း​ဝန်း​၍​ထိုး​ဆိတ်​ခံ​ရ​သည့်​ငှက်​နှင့်​တူ​၏။ သား​ရဲ​တိ​ရစ္ဆာန်​တို့​လာ​၍​စား​သောက်​ကြ​ရန် ခေါ်​ဖိတ်​လော့။


ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ဖျက်​ဆီး​၍​ကွဲ လွင့်​စေ​သည့်​မင်း​စိုး​ရာ​ဇာ​များ​အ​ပေါ်​သို့ ထာ ဝ​ရ​ဘု​ရား​ချ​မှတ်​တော်​မူ​မည့်​တ​ရား​စီ​ရင် ချက်​သည်​အ​ဘယ်​မျှ​ကြောက်​လန့်​ဖွယ်​ကောင်း လိမ့်​မည်​နည်း။-


ထို​နောက်​ယင်း​သို့​ကပ်​နေ​သည့်​ငါး​များ​နှင့် တ​ကွ သင့်​အား​နိုင်း​မြစ်​ထဲ​မှ​ဆွဲ​ထုတ်​ကာ၊ တော​ကန္တာ​ရ​၌​ပစ်​ထား​မည်။ သင်​၏​အ​လောင်း သည်​မြေ​ပေါ်​သို့​ကျ​လိမ့်​မည်။ သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​မည်​မ​ဟုတ်။ ငှက်​များ၊ တိ​ရစ္ဆာန် များ​၏​အ​စာ​ဖြစ်​စေ​မည်။-


အ​ရှင်​ထာ​ဝရ​ဘု​ရား​က​ငါ့​အား``အ​ချင်း လူ​သား၊ ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​မှ​ငှက်​များ နှင့်​တိ​ရစ္ဆာန်​များ​အား သူ​တို့​အ​တွက်​ငါ​ပြင် ဆင်​ပေး​မည့်​ယဇ်​ပူ​ဇော်​ပွဲ​သို့​လာ​၍​စား သောက်​ကြ​ရန်​ခေါ်​ဖိတ်​လော့။ ဣ​သ​ရေ​လ တောင်​ပေါ်​မှ​ကြီး​မြတ်​သော​ယဇ်​ပူ​ဇော်​ပွဲ ကြီး​ဖြစ်​၏။-


သင်​တို့​သေ​ဆုံး​သော​အ​ခါ​ငှက်​များ​နှင့် သား​ရဲ​တိ​ရစ္ဆာန်​တို့​က သင်​တို့​၏​အ​သား ကို​စား​ကြ​လိမ့်​မည်။ ထို​ငှက်​နှင့်​သား​ရဲ တိ​ရစ္ဆာန်​များ​ကို​မောင်း​နှင်​မည့်​သူ​ရှိ​လိမ့် မည်​မ​ဟုတ်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ