ဟေရှာယ 51:6 - Common Language Bible6 မိုးကောင်းကင်ကိုကြည့်ရှုကြလော့။ ကမ္ဘာမြေကြီးကိုလည်းကြည့်ရှုကြလော့။ မိုးကောင်းကင်သည်မီးခိုးသဖွယ် ပျောက်ကွယ်၍သွားလိမ့်မည်။ ကမ္ဘာမြေကြီးသည်ဟောင်းနွမ်းသည့်အဝတ်ကဲ့သို့ တဖြည်းဖြည်းပျက်ပြုန်းသွားလိမ့်မည်။ ဤကမ္ဘာမြေကြီးသားအပေါင်းတို့သည်လည်း ယင်ကောင်ကဲ့သို့သေကြေပျက်စီးကြလိမ့်မည်။ သို့ရာတွင်ငါ၏ကယ်တင်ခြင်းကျေးဇူးသည် အစဉ်အမြဲတည်လိမ့်မည်။ ငါ၏အောင်မြင်မှုသည်လည်းအဘယ်အခါ၌မျှ ပျက်ပြယ်ရလိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။Garrad Bible6 မိုး ကောင်း ကင် ကို မော် ကြည့်၍၊ အောက် ပ ထ ဝီ ကို အာ ရုံ ပြု ကြ လော့။ မိုး ကောင်း ကင် သည် အ ခိုး အ ငွေ့ ကဲ့ သို့ လွင့် ပျောက် ခြင်း၊ မြေ ပ ထ ဝီ သည် အ ဝတ် ကဲ့ သို့ နွမ်း ရိ ခြင်း၊ နေ ထိုင် သူ အ ပေါင်း တို့ သည် ခြင် ကောင် ကဲ့ သို့ သေ ဆုံး ခြင်း ခံ ရ သော် လည်း၊ ကယ် တင် တော် မူ ခြင်း ကား၊ အ စဉ် အ မြဲ တည် လျက်၊ အောင် မြင် တော် မူ ခြင်း မ ပျောက် မ ပျက် နိုင် ရာ။ အခန်းကိုကြည့်ပါ။Judson Bible6 မိုးကောင်းကင်ကို မျှော်၍ ကြည့်ကြလော့။ မြေကြီးကိုလည်း ငုံ့၍ ကြည့်ကြလော့။ မိုးကောင်းကင်သည် မီးခိုးကဲ့သို့ ကွယ်ပျောက်၍၊ မြေကြီးသည် အဝတ်ကဲ့သို့ ဟောင်းနွမ်းလိမ့်မည်။ မြေကြီးသားတို့သည် ခြင်ကောင်ကဲ့သို့ သေကြလိမ့်မည်။ ငါ၏ကယ်တင်ခြင်းတရားမူကား အစဉ်အမြဲတည်လိမ့်မည်။ ငါ၏ဖြောင့်မတ်ခြင်းတရားလည်း ပပျောက်ခြင်း မရှိနိုင်ရာ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 မိုးကောင်းကင်ကို မျှော်ကြည့်ကြလော့။ အောက်အရပ်ကမ္ဘာမြေကြီးကိုလည်း ကြည့်ကြလော့။ မိုးကောင်းကင်သည် မီးခိုးကဲ့သို့ကွယ်ပျောက်သွားမည်။ ကမ္ဘာမြေကြီးသည်လည်း အဝတ်ကဲ့သို့ဟောင်းနွမ်းသွားမည်။ မြေကြီးသားတို့သည်လည်း မှက်ကောင်ကဲ့သို့ သေဆုံးကြမည်။ သို့သော် ငါ၏ကယ်တင်ခြင်းသည် အစဉ်အမြဲတည်မည်။ ငါ၏ဖြောင့်မတ်ခြင်းသည် ပျောက်ပျက်မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
မိုးကောင်းကင်သို့မျှော်ကြည့်ကြလော့။ သင်တို့မြင်ရသည့်ကြယ်များကိုအဘယ်သူ ဖန်ဆင်းတော်မူပါသနည်း။ ယင်းတို့အားစစ်သည်ဗိုလ်ခြေသဖွယ် ထုတ်ဆောင်လာတော်မူသောအရှင်ပင် ဖြစ်ပေသည်။ ကိုယ်တော်သည်ကြယ်များကိုရေတွက် ထားတော်မူပြီးလျှင်နာမည်တပ်၍ ခေါ်တော်မူပါသည်တကား။ ကိုယ်တော်သည်လွန်စွာတန်ခိုးကြီးတော်မူသဖြင့် ထိုကြယ်တို့သည်တစ်လုံးတစ်လေမျှ ပျောက်ပျက်သည့်အခါဟူ၍မရှိ။
``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-
ထိုကြောင့်ဘုရားသခင်ရွေးကောက်တော်မူခြင်း ခံရသူတို့သည် ကိုယ်တော်ကတိထားတော်မူ သောထာဝရကောင်းချီးမင်္ဂလာများကိုခံ စားနိုင်ကြစေရန် ခရစ်တော်သည်ပဋိညာဉ် သစ်ကိုစီမံပေးတော်မူ၏။ ယင်းသို့ခံစား နိုင်ခွင့်ရခြင်းမှာပထမပဋိညာဉ်၏လက် အောက်တွင်ရှိစဉ်အခါက လူတို့ကူးလွန်ခဲ့ သည့်အပြစ်များကိုဖြေလွှတ်ပေးရန်အသေ ခံသူပေါ်ပေါက်ခဲ့ခြင်းကြောင့်ဖြစ်ပေသည်။
ထာဝရအရှင်ဘုရားသခင်ကိုယ်တော်တိုင်ပင် ငါ၏ဘက်မှခုခံလျှောက်လဲတော်မူမည်ဖြစ်၍ ငါ၌အပြစ်ရှိကြောင်း၊အဘယ်သူသည်သက်သေခံ အထောက်အထားပြနိုင်ပါမည်နည်း။ ငါ့အားစွပ်စွဲပြောဆိုသူမှန်သမျှသည် ပျောက်ကွယ်သွားကြလိမ့်မည်။ သူတို့သည်ပိုးကိုက်သည့်အဝတ်ကဲ့သို့ ပျောက်ပျက်သွားလိမ့်မည်။
သို့ရာတွင်ထာဝရဘုရားကိုကြောက်ရွံ့ ရိုသေကြသူတို့အတွက် ကိုယ်တော်ထားရှိတော်မူသောမေတ္တာတော်မူကား ထာဝစဉ်ခိုင်မြဲပေသည်။ ပဋိညာဉ်တော်ကိုစောင့်ထိန်း၍ပညတ်တော်တို့ကို သစ္စာနှင့်လိုက်နာကျင့်သုံးကြသူတို့အပေါ်သို့ ကိုယ်တော်၏ကျေးဇူးကရုဏာတော်သည် သားစဉ်မြေးဆက်သက်ရောက်သတည်း။
ဣသရေလအမျိုးသားတို့အားကြံ့ခိုင် တည်ငြိမ်မှုကိုပေးတော်မူလိမ့်မည်။ ကိုယ်တော် သည်မိမိ၏လူမျိုးတော်အားအစဉ်အမြဲ ကွယ်ကာစောင့်ရှောက်တော်မူ၍၊ ဉာဏ်ပညာ နှင့်အသိပညာကိုပေးတော်မူပါ၏။ သူ တို့၏အဖိုးအထိုက်ဆုံးဘဏ္ဍာကားထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေခြင်းပင်ဖြစ် သတည်း။
တောင်ကြီးတောင်ငယ်တို့သည်ပြိုကွဲ ပျက်စီးကြလိမ့်မည်။ သို့ရာတွင်သင်တို့အပေါ်၌ထားရှိသည့် ငါ၏မေတ္တာတော်သည်အဘယ်အခါ၌မျှ ပျက်သုဉ်းလိမ့်မည်မဟုတ်။ ငြိမ်းချမ်းရေးဆိုင်ရာကတိတော်ကိုငါသည် အစဉ်တည်မြဲစေမည်'' ဟု သင်တို့ကိုချစ်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
``ငါသည်ကမ္ဘာမြေကြီးကိုနောက်တစ်ဖန် ရေလွှမ်းမိုးစေလိမ့်မည်မဟုတ်ဟု နောဧ၏လက်ထက်၌ကတိပြုခဲ့၏။ သင်တို့အားနောက်တစ်ဖန် အမျက်ထွက်တော်မူလိမ့်မည်မဟုတ်ကြောင်း ယခုငါကတိပြုပါ၏။ ငါသည်သင်တို့အားပြစ်တင်ဆုံးမမှုနှင့် အပြစ်ဒဏ်ခတ်မှုကိုပြုလိမ့်မည်မဟုတ်ပါ။