Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 5:20 - Common Language Bible

20 သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကောင်း ကို​အ​ဆိုး၊ အ​ဆိုး​ကို​အ​ကောင်း​ဟု​သင်​တို့ ခေါ်​ဆို​တတ်​ကြ​၏။ အ​မှောင်​ကို​အ​လင်း အ​ဖြစ်​သို့၊ အ​လင်း​ကို​အ​မှောင်​အ​ဖြစ်​သို့ ပြောင်း​လဲ​တတ်​ကြ​၏။ သင်​တို့​က​အ​ချို​ကို အ​ခါး၊ အ​ခါး​ကို​အ​ချို​ဖြစ်​စေ​တတ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 အ ကောင်း ကို အ ဆိုး၊ အ ဆိုး ကို အ ကောင်း ဟု ခေါ် ဝေါ်၍၊ အ လင်း အ စား မှောင်၊ မှောင် အ စား အ လင်း၊ အ ချို အ စား အ ခါး၊ အ ခါး အ စား အ ချို ကို ထား တတ် သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 မ​ကောင်း​ကို​အ​ကောင်း၊ အ​ကောင်း​ကို​မ​ကောင်း​ဟု ခေါ်​တတ်​သော​သူ၊ အ​လင်း​အ​ရာ၌ အ​မိုက်၊ အ​မိုက်​အ​ရာ၌ အ​လင်း​ကို​လည်း​ကောင်း၊ အ​ချို​အ​ရာ၌ အ​ခါး၊ အ​ခါး​အ​ရာ၌ အ​ချို​ကို​လည်း​ကောင်း၊ အ​လွဲ​ယူ​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 အဆိုး​ကို အကောင်း​၊ အကောင်း​ကို အဆိုး​ဟု ဆို​တတ်​သော​သူ​၊ အလင်း​ကို အမှောင်​၊ အမှောင်​ကို အလင်း ဖြစ်စေ​သော​သူ​၊ အခါး​ကို အချို​၊ အချို​ကို အခါး ဖြစ်စေ​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 5:20
23 ပူးပေါင်းရင်းမြစ်များ  

ညဉ့်သည် ငါ၌ နေကဲ့သို့ဖြစ်၍၊ ငါ့အလင်းသည် မှောင်မိုက်နှင့် နီးစပ်၏။


လူ​တစ်​ဦး​အား​မ​ဟုတ်​မ​မှန်​မ​စွပ်​စွဲ​ရ။ အ​ပြစ် ကင်း​မဲ့​သူ​ကို​သေ​ဒဏ်​မ​စီ​ရင်​ရ။ ထို​သို့​မ တ​ရား​မှု​ပြု​သူ​အား​ငါ​အ​ပြစ်​ဒဏ်​ပေး​မည်။-


မတရားသောသူတို့ကို အပြစ်မှလွှတ်သော သူနှင့်၊ ဖြောင့်မတ်သောသူတို့ကို အပြစ်စီရင်သော သူနှစ်ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာ တော်မူ၏။


ဒုစရိုက်နှင့်ဆိုင်သောမုန့်ကိုစား၍ ညှဉ်းဆဲခြင်း နှင့်ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ၏။


သူ​တို့​သည်​စ​ပျစ်​ရည်​သောက်​ကာ​သီ​ချင်း များ​ကို​မ​ဆို​ကြ​တော့​ပေ။ အ​ဘယ်​သူ​မျှ စ​ပျစ်​ရည်​၏​အ​ရ​သာ​ကို​မ​ခံ​စား​ကြ တော့​ချေ။-


ဘု​ရား​သ​ခင်​သည်​သူ​တစ်​ပါး​တို့​ကို အ​သ​ရေ​ဖျက်​သူ​များ၊ ရာ​ဇ​ဝတ်​သင့်​သူ တို့​ကို​အ​ပြစ်​ဒဏ်​နှင့်​ကင်း​လွတ်​အောင်​ဆောင် ရွက်​ကြ​သူ​များ​နှင့်​ရိုး​ဖြောင့်​သူ​တို့​တ​ရား မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ်​ခြင်း​မ​ခံ​ရ​စေ ရန်​လိမ်​လည်​၍ သက်​သေ​ခံ​သော​သူ​တို့ အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။


ပ​ရော​ဖက်​များ​ကို​လည်း​ဆိတ်​ဆိတ်​နေ​ရန် ပြော​ဆို​ကြ​၏။ သူ​တို့​က``ငါ​တို့​အား​အ​မှန် တ​ရား​ကို​မ​ပြော​ကြ​နှင့်။ ငါ​တို့​ကြား​လို သော​စကား​ကို​ပြော​ကြ​လော့။ ငါ​တို့​အား မိ​မိ​တို့​၏​လွဲ​မှား​သော​အ​ထင်​အ​မြင် အ​ယူ​အ​ဆ​များ​နှင့်​ပင်​ရှိ​နေ​စေ​ကြ လော့။-


လူ​မိုက်​တို့​အား​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ဟူ ၍​သော်​လည်း​ကောင်း၊ သူ​ယုတ်​မာ​တို့​အား​ရိုး ဖြောင့်​သူ​များ​ဟူ​၍​သော်​လည်း​ကောင်း အ​ဘယ် သူ​မျှ​ထင်​မှတ်​ပြော​ဆို​ကြ​လိမ့်​မည်​မ​ဟုတ်။-


မု​ယော​ဆန်​လက်​ဆုပ်​အ​နည်း​ငယ်​နှင့်​မုန့် အ​နည်း​ငယ်​ရ​ရန်​အ​တွက် ငါ​၏​လူ​မျိုး တော်​ရှေ့​တွင်​ငါ့​အား​ရှုတ်​ချ​ကြ​၏။ သင် တို့​သည်​မ​သေ​ထိုက်​သူ​တို့​ကို​သတ်​၍ သေ ထိုက်​သူ​တို့​ကို​မူ​အ​သက်​ချမ်း​သာ​ပေး​ကြ ၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ငါ​၏​လူ​မျိုး တော်​အား​လိမ်​လည်​ပြော​ကြ​၏။ သူ​တို့ က​လည်း​ယုံ​ကြ​၏'' ဟူ​၍​တည်း။


လူ​သား​တို့​၏​ရ​ပိုင်​ခွင့်​များ​ကို​မ​တ​ရား ပိတ်​ပင်​၍ တ​ရား​မျှ​တ​မှု​ကို​မှောက်​လှန်​နေ ကြ​သူ​တို့၊ သင်​တို့​သည်​ကြမ္မာ​ဆိုး​နှင့်​မ​လွဲ မ​သွေ​ကြုံ​ရ​တော့​မည်​ဟု​မိန့်​တော်​မူ​၏။


ကောင်း​သော​အ​ကျင့်​ကို​မုန်း​၍​မ​ကောင်း​သော အ​ကျင့်​ကို​နှစ်​သက်​ကြ​၏။ သင်​တို့​သည်​ငါ​၏ လူ​မျိုး​တော်​တို့​ကို​အ​ရှင်​လတ်​လတ်​အ​ရေ ဆုတ်​၍​အ​ရိုး​မှ​အ​သား​ကို​ခွာ​ယူ​ကြ​၏။-


တ​ရား​ဥ​ပ​ဒေ​သည်​ပျော့​ညံ့​၍​အ​သုံး​မ​ဝင်​သ​ဖြင့် အ​ဘယ်​အ​ခါ​၌​တ​ရား​သ​ဖြင့်​စီ​ရင်​ဆုံး​ဖြတ်​မှု​မ​ပြု​နိုင်​ကြ​ပါ။ သူ​ယုတ်​မာ​တို့​သည်​သူ​တော်​ကောင်း​များ​ကို​အ​နိုင်​ရ​ကြ​သည်​ဖြစ်​၍ တ​ရား​စီ​ရင်​မှု​သည်​အ​မှောက်​မှောက်​အ​မှား​မှား​ဖြစ်​လျက်​ရှိ​ပါ​တော့​၏။


သင်​တို့​သည်​စ​ကား​များ​လွန်း​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​နား​ငြီး​တော်​မူ​လေ​ပြီ။ သို့​ရာ​တွင်​သင် တို့​က``ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင် နား​ငြီး​စေ​ရန်​အ​ဘယ်​သို့​ပြု​မိ​ကြ​ပါ သ​နည်း'' ဟု​ဆို​ကြ​၏။ ``ထာ​ဝ​ရ​ဘုရား​သည် ဒု​စ​ရိုက်​သ​မား​မှန်​သ​မျှ​ကို​လူ​ကောင်း​သူ ကောင်း​ဟု​ထင်​မှတ်​တော်​မူ​၏'' ဟူ​၍​ပြော ဆို​ခြင်း​အား​ဖြင့်​သော်​လည်း​ကောင်း``တ​ရား မျှ​တ​သည်​ဟု​ထင်​မြင်​ယူ​ဆ​မှု​ကို​ခံ​ရ သော​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မှာ​ရှိ သ​နည်း'' ဟု​ပြော​ဆို​ခြင်း​အား​ဖြင့်​သော် လည်း​ကောင်း​သင်​တို့​သည်​ကိုယ်​တော်​အား နား​ငြီး​စေ​ကြ​၏။


ငါ​တို့​တွေ့​မြင်​ရ​ကြ​သည့်​အ​တိုင်း​မာန်​မာ​န ကြီး​သူ​များ​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​ယုတ်​မာ တို့​သည်​ကောင်း​စား​ကြ​၏။ ထို​မျှ​မ​က​သူ​တို့ သည်​ဘု​ရား​သ​ခင်​၏​ခန္တီ​ပါ​ရ​မီ​တော်​ကို အ​ကဲ​စမ်း​ကြ​သော်​လည်း​အ​ဘယ်​ဒုက္ခ​နှင့် မျှ​မ​တွေ့​ရ​ကြ' ဟု​ဆို​ကြ​၏'' ဟု​မိန့်​တော် မူ​၏။


ကိုယ်​တော်​က ``သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို သူ​တော်​ကောင်း​များ​ဟု​လူ​တို့​အား​ထင်​မြင် စေ​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သင် တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​၏။ လူ​တို့​အ​မြတ် တ​နိုး​ထား​သော​အ​ရာ​သည်​ဘု​ရား​သ​ခင်​၏ ရှေ့​တော်​မှာ​စက်​ဆုပ်​ဖွယ်​ဖြစ်​၏။


``အ​ကယ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​နှစ်​ဦး သည်​ရုံး​တွင် တ​ရား​ဆိုင်​ကြ​ရာ​၌​တစ်​ဦး​သည် အ​ပြစ်​မ​ရှိ၊ အ​ခြား​တစ်​ဦး​သည်​အ​ပြစ်​ရှိ သည်​ဟူ​၍​စီ​ရင်​သော​အ​ခါ၊-


ဣ​သ​ရေ​လ​လူ​မျိုး​တွင်​မိစ္ဆာ​ပ​ရော​ဖက်​များ ပေါ်​ပေါက်​ခဲ့​သည်​နည်း​တူ သင်​တို့​တွင်​လည်း မိစ္ဆာ​ဆရာ​များ​ပေါ်​ပေါက်​လာ​ကြ​လိမ့်​မည်။ သူ တို့​သည်​အ​ကျိုး​ယုတ်​စေ​သော​မှား​ယွင်း​သည့် အ​ယူ​ဝါ​ဒ​များ​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင် လာ​ပြီး​လျှင် မိ​မိ​တို့​အား​ရွေး​နှုတ်​ကယ်​တင် တော်​မူ​သော​အ​ရှင်​ကို​ပင်​လျှင်​ပစ်​ပယ်​ကြ လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​မိ​မိ တို့​အ​ပေါ်​တွင် ပျက်​စီး​ခြင်း​ဘေး​လျင်​မြန် စွာ​ရောက်​စေ​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ