ဟေရှာယ 5:17 - Common Language Bible17 ပျက်စီးယိုယွင်းနေသောမြို့များတွင်သိုးငယ် တို့သည်မြက်များကိုစားလျက်၊ ဆိတ်ငယ်တို့ သည်လည်းစားကျက်များကိုတွေ့ရှိကြလိမ့် မည်။ အခန်းကိုကြည့်ပါ။Garrad Bible17 သူ ကြွယ် တို့ နေ ထိုင် ဖူး သော မြို့ ပျက် များ တွင် ဧည့် သည် အာ ဂ န္တု များ ထိန်း ကျောင်း ရ လျက်၊ သိုး သား ငယ် များ လည်း ကိုယ့် စား ကျက် ကဲ့ သို့ ကျက် စား ရ ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible17 ထိုအခါ သိုးသငယ်တို့သည် အလိုအလျောက် ကျက်စားကြလိမ့်မည်။ သူဌေးသူကြွယ်ပိုင်ဖူး၍ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည်တို့သည် စားရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 သိုးသငယ်တို့သည် မိမိတို့စားကျက်၌ ကျက်စားကြလိမ့်မည်။ သူစိမ်းတစ်ရံဆံတို့သည် သူဌေးတို့၏ပြိုပျက်ရာကို ဝါးမျိုကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုအရပ်သည်သိုးအုပ်နှင့်တိရစ္ဆာန်အမျိုး မျိုးတို့နားနေရာဖြစ်လိမ့်မည်။ ဇီးကွက် တို့သည်တိုက်ပြိုတိုက်ပျက်များတွင်ခို အောင်းကာ ပြူတင်းပေါက်များမှအော်မြည် ကြလိမ့်မည်။ ကျီးတို့သည်လည်းလှေကား ထစ်များအပေါ်မှနေ၍အာကြလိမ့်မည်။ ထိုမြို့ရှိအဆောက်အဦးများမှသစ်က တိုးသားတို့ကိုလည်းလူတို့ဖြုတ်ယူကြ လိမ့်မည်။-
``ငါသည်သင်တို့တွင်ကြွင်းကျန်သောဣသ ရေလအမျိုးသားအားလုံးကိုစုရုံးမည်။ ခြံ သို့ပြန်လာသောသိုးများသဖွယ်သင်တို့ကို စုသိမ်းမည်။ စားကျက်တွင်သိုးမြောက်မြား စွာစုရုံးကျက်စားသကဲ့သို့ သင်တို့၏ပြည် တွင်တစ်ဖန်လူမြောက်မြားစွာနေထိုင်လိမ့် မည်'' ဟုပြန်လည်ဖြေကြားတော်မူ၏။
နန်းတော်ပင်လျှင်အထီးတည်းကျန်ရစ်၍ နေ ပြည်တော်ကြီးသည်လုံးဝလူသူဆိတ်ငြိမ် လျက်နေလိမ့်မည်။ ထိုမြို့တော်ကိုစောင့်ကြပ် ကာကွယ်ရာခံတပ်များနှင့်အိမ်များသည် လည်း ထာဝစဉ်ပျက်စီးယိုယွင်း၍နေလိမ့် မည်။ ထိုအရပ်တွင်မြည်းရိုင်းများလှည့်လည် သွားလာကာသိုးများကျက်စားကြလိမ့်မည်။
ဤဘဝတွင်အလိုဆန္ဒရှိသမျှအတိုင်း ပြည့်ဝကြသူတို့၏လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။ သူတို့အတွက်ကိုယ်တော်သိုမှီးထားသည့် ဆင်းရဲဒုက္ခများအားဖြင့် သူတို့အားအပြစ်ဒဏ်စီရင်တော်မူပါ။ ဤဆင်းရဲဒုက္ခများကိုသူတို့၏ သားသမီးများသည်သာမက သူတို့၏မြေးမြစ်များသည်လည်း ခံစားရစေတော်မူပါ။
အကျွန်ုပ်တို့သည်အပြစ်များကူးလွန်သောကြောင့် ဤပြည်မှရသောကောက်ပဲသီးနှံများကို အကျွန်ုပ်တို့အားကိုယ်တော်အုပ်စိုးစေသည့် မင်းတို့ကခံစားရကြပါ၏။ ထိုမင်းတို့သည်အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏ ကျွဲနွားများကိုမိမိတို့ထင်သလိုခိုင်းစေ ကြပါ၏။ သို့ဖြစ်၍အကျွန်ုပ်တို့သည်လွန်စွာ ဆင်းရဲရကြပါ၏။''