Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 39:3 - Common Language Bible

3 ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း​ထံ သွား​၍``ထို​သူ​တို့​သည်​အ​ဘယ်​အ​ရပ်​မှ​လာ ပါ​သ​နည်း။ သူ​တို့​က​အ​ရှင့်​အား​အ​ဘယ် သို့​ပြော​ဆို​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ ဟေ​ဇ​ကိ​က``သူ​တို့​သည်​အ​လွန်​ဝေး​သော ဗာ​ဗု​လုန်​ပြည်​မှ​လာ​ပါ​သည်'' ဟု​ဆို​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ထို နောက် ဟေ ဇ ကိ မင်း ထံ ပ ရော ဖက် ဟေ ရှာ ယ ဝင် ရောက်၍ ထို သူ တို့ သည် မည် သို့ တင် လျှောက် ကြ သ နည်း။ မည် သည့် ပြည် မှ လာ ကြ သ နည်း ဟု မေး သော်၊ ဟေ ဇ ကိ မင်း က၊ ဝေး ကွာ သော ပြည်၊ ဗာ ဗု လုန် မြို့ မှ အ ကျွန်ုပ် ထံ လာ ရောက် ကြ ပါ ပြီ ဟု ပြန် ဆို လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ထို​အ​ခါ ပ​ရော​ဖက် ဟေ​ရှာ​ယ​သည် ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​တော်​သို့ သွား၍၊ ထို​သူ​တို့​သည် အ​ဘယ်​သို့ ပြော​ကြ​ပါ​သ​နည်း။ အ​ဘယ်​ပြည်​မှ အ​ထံ​တော်​သို့ လာ​ကြ​ပါ​သ​နည်း​ဟု မေး​လျှောက်​သော်၊ ဟေ​ဇ​ကိ​မင်း​က၊ ဝေး​သော​အ​ရပ်၊ ဗာ​ဗု​လုန်​ပြည်​မှ ရောက်​လာ​ကြ​သည်​ဟု ပြန်​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထိုအခါ ပရောဖက်​ဟေရှာယ​သည် ဟေဇကိ​မင်းကြီး​ထံသို့​လာ​ပြီး “​ထို​သူ​တို့​သည် မည်သည့်​အကြောင်း​ကို ပြောဆို​ကြ​သနည်း​။ မည်သည့်​အရပ်​မှ လာ​ကြ​သနည်း​”​ဟု မေး​လျှင် ဟေဇကိ​မင်းကြီး​က “​သူ​တို့​သည် ဝေးလံ​သော​အရပ် ဘေဘီလုံ​မြို့​မှ လာ​ကြ​ပါ​၏​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 39:3
15 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​နာ​သန်​အား ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်​တော်​မူ​သ​ဖြင့် နာ​သန်​သည် သွား​၍​မင်း​ကြီး​အား``အ​ခါ​တစ်​ပါး​က​တစ်​မြို့ တည်း​နေ​လူ​နှစ်​ယောက်​ရှိ​၏။ တစ်​ယောက်​သည်​ချမ်း သာ​ကြွယ်​ဝ​၍​တစ်​ယောက်​က​ဆင်း​ရဲ​၏။-


ထို​အ​ချိန်​၌​ပ​ရော​ဖက်​ဟာ​နန်​သည်​အာ​သ မင်း​ထံ​သို့​သွား​၍``ဘု​ရင်​မင်း​သည်​မိ​မိ​၏ ဘု​ရား​သ​ခင်​ကို​အား​ကိုး​မည့်​အ​စား​ရှု​ရိ မင်း​ကို​အား​ကိုး​သည်​ဖြစ်​၍​ဣ​သ​ရေ​လ ၏​တပ်​မ​တော်​သည်​ဘု​ရင်​မင်း​၏​လက်​မှ​လွတ် မြောက်​သွား​လေ​ပြီ။-


ဟာ​နန်​၏​သား​ပ​ရော​ဖက်​ယေ​ဟု​သည်​မင်း​ကြီး ထံ​သို့​သွား​၍``ဘု​ရင်​မင်း​သည်​သူ​ယုတ်​မာ​တို့​ကို ကူ​ညီ​မ​စ​အပ်​ပါ​သ​လော။ ထာ​ဝရ​ဘု​ရား​ကို မုန်း​သူ​တို့​နှင့်​မိတ်​ဆွေ​ဖွဲ့​အပ်​ပါ​သ​လော။ ယင်း အ​မှု​တို့​ကြောင့်​ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော် သည် ဘု​ရင်​မင်း​၏​အ​ပေါ်​သို့​သက်​ရောက်​လေ ပြီ။-


သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက် တော်​မူ​၍ ပ​ရော​ဖက်​ကို​အာ​မ​ဇိ​ထံ​စေ​လွှတ် တော်​မူ​၏။ ပ​ရော​ဖက်​က``မင်း​ကြီး​၏​လက်​မှ မိ​မိ​လူ​တို့​ကို​မ​ကယ်​နိုင်​သော​လူ​မျိုး​ခြား ဘု​ရား​တို့​ကို မင်း​ကြီး​သည်​အ​ဘယ်​ကြောင့် ဝတ်​ပြု​ရှိ​ခိုး​ပါ​သ​နည်း'' ဟု​မေး​၏။


ထို​အ​ချိန်​ကာ​လ​လောက်​၌​ပင် ဟေ​ဇ​ကိ​မင်း သည်​သေ​လု​မ​တတ်​ဖျား​နာ​၍​လာ​၏။ အာ​မုတ် ၏​သား​ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​မင်း​ကြီး အား​လာ​ရောက်​ကြည့်​ရှု​ပြီး​နောက်``အ​ရှင်​သည် ပြန်​လည်​ကျန်း​မာ​လာ​တော့​မည်​မ​ဟုတ်​သ ဖြင့် အ​ရှင်​နောက်​ဆုံး​မှာ​ကြား​ရန်​ရှိ​သည်​တို့ ကို​မှာ​ကြား​ခဲ့​ရန်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​ပါ​၏။ သို့​ဖြစ်​၍​နတ်​ရွာ​စံ​ရန်​အ​သင့်​ပြင် ပါ​လော့'' ဟု​ဆို​၏။


ဟေ​ဇ​ကိ​ထံ​သို့​ပြန်​လည်​စေ​လွှတ်​တော်​မူ ကာ``သင်​၏​ဘိုး​တော်​ဒါ​ဝိဒ်​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​ကြား​တော်​မူ​၍ သင်​၏​မျက်​ရည် များ​ကို​မြင်​တော်​မူ​ပြီ။ ငါ​သည်​သင့်​အား နောက်​ထပ်​တစ်​ဆယ့်​ငါး​နှစ်​အ​သက်​ရှင်​စေ မည်။-


``သူ​တို့​သည်​နန်း​တော်​တွင်း​၌​အ​ဘယ်​အ​ရာ များ​ကို​တွေ့​မြင်​သွား​ကြ​ပါ​သ​နည်း'' ဟု မေး​မြန်း​၏။ ဟေ​ဇ​ကိ​က``သူ​တို့​သည်​နန်း​တော်​တွင်း​၌​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​တွေ့​မြင်​ကြ​ပါ​၏။ ပစ္စည်း​သို​လှောင်​ခန်း​များ​တွင်​သူ​တို့​အား​ငါ မ​ပြ​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ'' ဟု မိန့်​တော်​မူ​၏။


သူ​တို့​သည်​ရပ်​ဝေး​ဒေ​သ​မှ​ရန်​သူ​များ​ချီ တက်​လာ​နေ​ကြောင်း​လူ​မျိုး​တ​ကာ​တို့​အား သတိ​ပေး​၍ ယေ​ရု​ရှ​လင်​မြို့​ကို​ကြား​ပြော ကြ​လေ​သည်။ ရန်​သူ​တို့​သည်​ယု​ဒ​မြို့​များ အား​ကြိမ်း​မောင်း​သံ​ပြု​ကြ​လိမ့်​မည်။-


ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​အား​တိုက်​ခိုက်​စေ​ရန် ဝေး​လံ​ရပ်​ခြား​မှ​လူ​မျိုး​စု​တစ်​စု​ကို​ခေါ်​ဆောင်​ခဲ့​လိမ့်​မည်။ သူ​တို့​သည်​အင်​အား​ကြီး​၍​အ​လွန်​ရှေး​ကျ​သော​လူ​မျိုး၊ သင်​တို့​မ​သိ​နား​မ​လည်​သော​ဘာ​သာ​စ​ကား​ကို​ပြော​ဆို​သော​လူ​မျိုး​ဖြစ်​၏။-


နား​ထောင်​ကြ​လော့။ အ​လွန်​ဝေး​သော တစ်​တိုင်း​တစ်​ပြည်​တွင်​ငါ​၏​အ​မျိုး​သား များ ဟစ်​အော်​နေ​သံ​ကို​ငါ​ကြား​ရ​၏။ ``ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​တွင် ရှိ​တော်​မ​မူ​တော့​ပြီ​လော။ ဇိ​အုန်​မြို့​၏​ဘု​ရင်​သည်​ထို​မြို့​တွင်​မ​ရှိ​တော့ ပြီ​လော'' သူ​တို့​၏​ဘု​ရင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည် အ​ဘယ်​ကြောင့်​ရုပ်​တု​များ​နှင့်၊ ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​ကြ​သနည်း'' ဟု​မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​တိုက်​ခိုက် စေ​ရန် သင်​တို့​နှင့်​ဘာ​သာ​စ​ကား​ချင်း​မ​တူ သော​ကမ္ဘာ​တစ်​စွန်း​မှ လူ​မျိုး​တစ်​မျိုး​ကို​ခေါ် ဆောင်​ခဲ့​တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည် လင်း​ယုန်​ထိုး​သုတ်​သ​ကဲ့​သို့ သင်​တို့​ကို တိုက်​ခိုက်​လိမ့်​မည်။-


ထို​နောက်​သူ​တို့​သည်​ဂိ​လ​ဂါ​လ​အရပ်​တွင် စ​ခန်း​ချ​လျက်​ရှိ​သော ယော​ရှု​နှင့်​ဣ​သ​ရေ​လ အမျိုး​သား​တို့​ထံ​သို့​လာ​ရောက်​ကြ​၍``အ​ကျွန်ုပ် တို့​သည်​သင်​တို့​နှင့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ချုပ် ဆို​ရန်​အ​ဝေး​အ​ရပ်​မှ​လာ​ခဲ့​ကြ​ပါ​သည်'' ဟု​ဆို​လေ​သည်။


ထို​အ​ခါ​သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ် တော်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ တန်​ခိုး​တော်​အ​ကြောင်း​ကို ကြား​သိ​ရ​သ​ဖြင့် အ​လွန်​ဝေး​သော​ပြည်​မှ​လာ​ခဲ့​ကြ​ပါ​သည်။ အီ​ဂျစ်​ပြည်​တွင်​ပြု​တော်​မူ​ခဲ့​သ​မျှ​ကို လည်း​ကောင်း၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ