ဟေရှာယ 34:11 - Common Language Bible11 ထိုပြည်သည်ဇီးကွက်များနှင့်ကျီးအတို့ ခိုအောင်းရာဖြစ်လိမ့်မည်။ ကမ္ဘာကိုဖန်ဆင်း တော်မမူမီအခါကကဲ့သို့ပင် ထာဝရ ဘုရားသည်ထိုပြည်ကိုလွတ်လပ်လဟာ ပြင်ကြီးဖြစ်စေတော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible11 ဝံ ပို နှင့် ဗျိုင်း တို့ သည် အ ပိုင် ရ၍၊ ဇိ ကွက် နှင့် ကျီး အ တို့ လည်း နား နေ ရာ ရ သည့် ပြင်၊ ရော ထွေး ခြင်း ဆိုင် ရာ တာ ကြိုး၊ လ ဟာ ဆိုင် ရာ ချိန် သီး ဖြင့် သတ် မှတ် တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible11 ဝံပိုငှက်နှင့် ဖြူကောင်တို့သည် ထိုပြည်ကို အမွေခံ၍၊ ဣဗိတ်ငှက်နှင့် ကျီးအတို့သည်လည်း နေကြလိမ့်မည်။ ထိုမြေအပေါ်မှာ လွတ်လပ်ခြင်းမျဉ်းကြိုးကိုတန်း၍၊ လဟာမှန်ထုပ်ကို စီရင်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ငှက်ကြီးဝန်ပို၊ ဖြူကောင်တို့သည် ထိုပြည်ကိုပိုင်ဆိုင်ကြလိမ့်မည်။ ဒီးဒုတ်၊ ကျီးကန်းတို့သည် ထိုပြည်၌နေကြလိမ့်မည်။ ကိုယ်တော်သည် ထိုပြည်ကို လဟာမျဉ်းကြိုး၊ ဗလာနတ္တိချိန်ထုပ်တို့ဖြင့် တန်းတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါသည်ဗာဗုလုန်မြို့ကိုညွန်ပျောင်းဖြစ်စေ ၍၊ ဇီးကွက်တို့သည်ထိုအရပ်တွင်နေကြလိမ့် မည်။ ငါသည်တံမြက်လှည်းသူကဲ့သို့ဗာဗုလုန် မြို့မှရှိသမျှသောအရာတို့ကိုသုတ်သင် ပယ်ရှင်းမည်။ ဤကားအနန္တတန်ခိုးရှင်ငါ ထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူ၏။
ကိုယ်တော်က``အာမုတ်၊ အဘယ်အရာကို မြင်သနည်း'' ဟုငါ့အားမေးသဖြင့်၊ ငါကလည်း``ချိန်ကြိုးတစ်ချောင်းကို မြင်ရပါသည်ဘုရား'' ဟုလျှောက်ဆို၏။ ကိုယ်တော်ရှင်ကလည်း၊``ငါ၏လူမျိုးသည် ရွေ့စောင်းနေသောနံရံသဖွယ်ဖြစ်နေသည် ကို ဤချိန်ကြိုးဖြင့်ပြဆိုရပြီ။ သူတို့ကို ဒဏ်ခတ်ရန်နောက်တစ်ဖန်စိတ်ပြောင်းတော့ မည်မဟုတ်။-
ထိုအရပ်သည်သိုးအုပ်နှင့်တိရစ္ဆာန်အမျိုး မျိုးတို့နားနေရာဖြစ်လိမ့်မည်။ ဇီးကွက် တို့သည်တိုက်ပြိုတိုက်ပျက်များတွင်ခို အောင်းကာ ပြူတင်းပေါက်များမှအော်မြည် ကြလိမ့်မည်။ ကျီးတို့သည်လည်းလှေကား ထစ်များအပေါ်မှနေ၍အာကြလိမ့်မည်။ ထိုမြို့ရှိအဆောက်အဦးများမှသစ်က တိုးသားတို့ကိုလည်းလူတို့ဖြုတ်ယူကြ လိမ့်မည်။-