ဟေရှာယ 31:6 - Common Language Bible6 ဘုရားသခင်က``အို ဣသရေလအမျိုးသား တို့၊ သင်တို့သည်ငါ့ကိုပြစ်မှားကာဆန့်ကျင် ဘက်ပြုကြလေပြီ။ သို့ရာတွင်ယခုငါ၏ ထံသို့ပြန်လာကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible6 အို ဣ သ ရေ လ အ မျိုး သား တို့၊ ငါ့ တစ် ဘက်၌ ဖောက် ပြန်၍ ပုန် ကန် သူ တို့၊ ငါ့ ထံ သို့ ပြန် ဝင် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible6 အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် အလွန် လွှဲရှောင်ပယ်ထားသော ဘုရားထံတော်သို့ ပြန်လာကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 အစ္စရေးအမျိုးသားတို့၊ သင်တို့ ပြင်းပြင်းထန်ထန်ဆန့်ကျင်ပုန်ကန်ခဲ့သော အရှင်ထံသို့ ပြန်လာကြလော့။ အခန်းကိုကြည့်ပါ။ |
သင်တို့အားယုံကြည်စိတ်ချ၍ မရကြောင်းကိုလည်းကောင်း၊ သင်တို့သည်မွေးဖွားလာချိန်မှပင်အစပြု၍ သူပုန်များဟုအခေါ်ခံရကြသည်ကိုလည်း ကောင်း ငါသိ၏။ ထို့ကြောင့်ဤအမှုအရာများအကြောင်းကို သင်တို့သည်အဘယ်အခါကမျှမကြားခဲ့ နားမလည်ခဲ့။ ယခင်ကတည်းကသင်တို့သည်လည်းနားမပွင့်။
မိမိတို့၏အကြံအစည်များကိုထာဝရ ဘုရားထံတော်မှ ဖုံးကွယ်ထားရန်ကြိုးစား သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည် မိမိတို့၏စီမံကိန်းများကိုလျှို့ဝှက်၍ အကောင်အထည်ဖော်ကာမိမိတို့အား အဘယ်သူမျှမြင်လိမ့်မည်မဟုတ်။ မိမိ တို့ပြုသောအမှုတို့ကိုလည်းအဘယ်သူ မျှသိလိမ့်မည်မဟုတ်ဟုထင်မှတ်တတ် ကြ၏။-