ဟေရှာယ 30:3 - Common Language Bible3 သို့ရာတွင်ထိုပြည်သည်သူတို့အားကွယ်ကာ စောင့်ရှောက်နိုင်လိမ့်မည်မဟုတ်။ အီဂျစ်ပြည် ၏ကာကွယ်စောင့်ရှောက်မှုသည်လည်း တိုင်း ပြည်ပျက်ပြုန်းမှုတွင်အဆုံးသတ်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible3 ဖာ ရော မင်း၏ ဗ လ သည် သင် တို့၌ ရှက် ကွဲ ရာ၊ အိ ဂျစ် အ ရိပ် အောက် ခို လှုံ ခြင်း လည်း ရှုတ် ချ ရာ ဖြစ် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible3 သို့ဖြစ်၍ သင်တို့သည် ဖာရောဘုရင်၏ ဘုန်းကိုအမှီပြုသောကြောင့် ရှက်ကြောက်ကြလိမ့်မည်။ အဲဂုတ္တုအရိပ်ကို ခိုလှုံသောကြောင့် မျက်နှာပျက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 သို့သော် ဖာရောမင်းကြီး၏အကာအကွယ်သည် သင်တို့အတွက် အရှက်ကွဲစရာဖြစ်ပြီး အီဂျစ်ပြည်၏အရိပ်ကိုခိုလှုံခြင်းသည် သင်တို့အတွက် အသရေပျက်စရာဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်သည်အီဂျစ်ပြည်၏အကူအညီကိုစောင့် စားလျက်နေ၏။ သို့သော်ထိုပြည်ကိုအားကိုး ခြင်းသည် ကူရိုးကိုတောင်ဝှေးအဖြစ်အသုံး ပြုခြင်းနှင့်တူပေသည်။ ထိုကူရိုးသည်ကျိုး၍ သင်၏လက်ကိုစူးလိမ့်မည်။ အီဂျစ်ဘုရင်ကား သူ့ကိုအားကိုးသူအဖို့ ထိုအရိုးနှင့်တူသည်' ဟုမိန့်တော်မူသည်'' ဟုပြော၏။
ထိုအချိန်ကာလကျရောက်လာသောအခါ ဖိလိတ္တိကမ်းခြေတွင်နေထိုင်ကြသူတို့သည်``ငါ တို့အားအာရှုရိဘုရင်၏ဘေးမှကာကွယ်စောင့် ရှောက်ရန် ငါတို့မှီခိုအားကိုးခဲ့သည့်လူတို့၏ ဖြစ်အင်ကိုကြည့်ကြလော့။ ငါတို့သည်အဘယ် သို့လျှင်အသက်မသေဘဲကျန်ရှိနိုင်ကြပါ မည်နည်း'' ဟုဆိုကြလိမ့်မည်။
``ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက`အီဂျစ်ပြည်သို့သင်တို့သွား မည်ဆိုလျှင် ငါသည်မိမိ၏ဒေါသအမျက်တော် ကိုယေရုရှလင်မြို့သူမြို့သားတို့အပေါ်သို့ သွန်းလောင်းခဲ့သည့်နည်းတူ သင်တို့အပေါ်သို့ လည်းသွန်းလောင်းမည်။ လူတို့ရှေ့တွင်သင်တို့ သည်စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍ သင်တို့ကိုပြက် ရယ်ပြုလျက်သင်တို့အမည်နာမကိုကျိန်စာ အဖြစ်အသုံးပြုကြလိမ့်မည်။ သင်တို့သည် ဤအရပ်ကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှပြန်၍တွေ့မြင်ရကြလိမ့်မည်မဟုတ်' ဟုမိန့်တော်မူ၏'' ဟုဆို၏။