Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 28:10 - Common Language Bible

10 သူ​သည်​ငါ​တို့​အား​ကြိုး​စား​၍​လုံး​စေ့ ပတ်​စေ့၊ တစ်​ကြောင်း​ပြီး​တစ်​ကြောင်း​တစ်​ပိုဒ် ပြီး​တစ်​ပိုဒ်​သင်​ကြား​လျက်​နေ​၏'' ဟု​ငါ ၏​အ​ကြောင်း​ညဉ်း​ညူ​ပြော​ဆို​ကြ​လေ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 အ မှာ အ ထပ် ထပ်၊ အ ထား အ ထပ် ထပ်။ အ မှာ အ ထပ် ထပ်၊ အ ထား အ ထပ် ထပ်။ ဤ မှာ တ စိုး တ စိ၊ ဟို မှ တ စိုး တ စိ သင် ကြား သည် တ ကား ဟု ဆို ရာ ၌၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ပ​ညတ်​တစ်​ခု​ပေါ်​မှာ တစ်​ခု၊ တစ်​ခု​ပေါ်​မှာ တစ်​ခု၊ တစ်​နည်း​ပေါ်​မှာ တစ်​နည်း၊ တစ်​နည်း​ပေါ်​မှာ တစ်​နည်း၊ သည်​ဘက်​မှာ အ​နည်း​ငယ်၊ ဟို​ဘက်​မှာ အ​နည်း​ငယ်​ရှိ​ပါ​သည်​တ​ကား​ဟု ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ပညတ်ချက်​တစ်​ခု​ပေါ်​တစ်​ခု​၊ တစ်​ခု​ပေါ်​တစ်​ခု​၊ စည်းမျဉ်း​တစ်​ခု​ပေါ်​တစ်​ခု​၊ တစ်​ခု​ပေါ်​တစ်​ခု​၊ သည်​နည်းနည်း​ဟို​နည်းနည်း ဖြစ်​ပါ​သည်​တကား​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 28:10
11 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကျောင်း​မှန်း​ကန်​မှန်း​သိ​အောင်​လုံး​စေ့​ပတ်​စေ့ တစ်​ကြောင်း​ပြီး​တစ်​ကြောင်း​တစ်​ပိုဒ်​ပြီး​တစ် ပိုဒ် သွန်​သင်​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့ သည်​ခြေ​လှမ်း​လိုက်​တိုင်း​လဲ​ကျ​ကြ​လိမ့်​မည်။ သင်​တို့​သည်​ထိ​ခိုက်​ဒဏ်​ရာ​ရ​လျက်​ကျော့ ကွင်း​တွင်​မိ​ကာ​အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။


သင်​ကြား​မှု​ကို​ခံ​ယူ​ရန်​အ​စဉ်​ပင်​လို​လား​ကြ သော်​လည်း အ​ဘယ်​အ​ခါ​၌​မျှ​သမ္မာ​တ​ရား​ကို နား​လည်​နိုင်​စွမ်း​မ​ရှိ​သူ​များ​ဖြစ်​ကြ​၏။-


သူ​တို့​၏​ဘိုး​ဘေး​များ​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က ငါ​သည်​သူ​တို့ အား​ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​ရန်​ကြပ် တည်း​စွာ​သ​တိ​ပေး​ခဲ့​၏။ ယ​နေ့​ထိ​တိုင် အောင်​ဆက်​လက်​၍​သ​တိ​ပေး​၏။-


သင်​တို့​သည်​ယ​ခု​အ​ချိန်​အ​ခါ​လောက်​ဆို​လျှင် ဋ္ဌမ္မ​ပ​ညာ​ပို့​ချ​သူ​များ​ဖြစ်​သင့်​ကြ​လေ​ပြီ။ သို့ ရာ​တွင်​သင်​တို့​အား​ဘု​ရား​သ​ခင်​၏​တ​ရား တော်​အ​ခြေ​ခံ​ကို တစ်​စုံ​တစ်​ယောက်​က​သင်​ကြား ပေး​ရန်​လို​နေ​သေး​ပါ​သည်​တ​ကား။ သင်​တို့​သည် မာ​သော​အ​စား​အ​စာ​ကို​စား​မည့်​အ​စား​နို့ ကို​သာ​လျှင်​သောက်​နေ​ကြ​သေး​၏။-


ထို​ဥ​ယျာဉ်​ကို​ပြု​စု​ရာ​တွင်​ငါ့​မှာ​အ​ဘယ် လစ်​ဟင်း​မှု​ရှိ​ပါ​သ​နည်း။ သို့​ပါ​လျက်​စ​ပျစ် ပင်​များ​သည် အ​ဘယ်​ကြောင့်​ငါ​မျှော်​လင့်​သည့် အ​တိုင်း​စ​ပျစ်​သီး​ကောင်း​များ​အ​စား​စ​ပျစ် သီး​ချဉ်​များ​ကို​သီး​ရ​ပါ​သ​နည်း။


ညီ​အစ်​ကို​တို့၊ နိ​ဂုံး​ချုပ်​ရ​သော်​သ​ခင်​ဘု​ရား နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဝမ်း​မြောက် ကြ​လော့။ ယ​ခင်​က​ငါ​ရေး​သား​ဖော်​ပြ​ပြီး သော​အ​ကြောင်း​အ​ရာ​များ​ကို​ယ​ခု​ထပ်​မံ​၍ ဖော်​ပြ​ရ​သည်​မှာ​ဝန်​မ​လေး​ပါ။ သင်​တို့​ပို​၍ လုံ​ခြုံ​စေ​ရန်​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ