Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 22:6 - Common Language Bible

6 ဧ​လံ​ပြည်​မှ​မြင်း​စီး​သူ​ရဲ​တို့​သည် လေး​မြား များ​ကို​ကိုင်​ဆောင်​လာ​ကြ​၏။ ကိ​ရ​ပြည်​မှ စစ်​သူ​ရဲ​တို့​က​လည်း ဒိုင်း​လွှား​များ​ကို အ​သင့်​ကိုင်​ဆောင်​ထား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ဧ လံ မြင်း သည်၊ ရ ထား သည် တို့ သည် မြှား ကျည် တောက် ကို ဆောင် လျက်၊ ကိ ရ ရဲ မက် တို့ လည်း ဒိုင်း လွှား ကို ထုတ် ပြ သည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ဧ​လံ​အ​မျိုး​သည် မြား​တောင့်​ကို ဆောင်​လျက်၊ ရ​ထား​စီး​သူ​ရဲ၊ မြင်း​စီး​သူ​ရဲ​တို့​နှင့်​တ​ကွ လာ၏။ ကိ​ရ​အ​မျိုး​သည် ဒိုင်း​လွှား​ကို ထုတ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ဧလံ​အမျိုး​သည် မြားကျည်တောက်​ကို​ယူ​၍ မြင်းရထားစီးသူရဲ​နှင့်တကွ လာ​၏​။ ကိရ​ပြည်သား​သည်​လည်း ဒိုင်းလွှား​ကို ထုတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 22:6
9 ပူးပေါင်းရင်းမြစ်များ  

ရှေ​မ​၏​သား​များ​ဖြစ်​ကြ​သော​ဧ​လံ၊ အာ​ရှု​ရ၊ အာ​ဖာ​ဇဒ်၊ လု​ဒ​နှင့်​အာ​ရံ​တို့​သည်​ကား​သူ​တို့ ၏​နာ​မည်​ကို​ခံ​ယူ​ကြ​သော​လူ​မျိုး​တို့​၏ ဖ​ခင်​များ​ဖြစ်​ကြ​၏။-


တိ​ဂ​လတ်​ပိ​လေ​သာ​သည်​အာ​ခတ်​မင်း​၏​ပန် ကြား​ချက်​အ​ရ မိ​မိ​၏​တပ်​မ​တော်​နှင့်​အ​တူ ဒ​မာ​သက်​မြို့​ကို​ချီ​တက်​သိမ်း​ယူ​ပြီး​လျှင် ရေ​ဇိန်​မင်း​အား​လုပ်​ကြံ​၍​ပြည်​သူ​တို့​အား ကိ​ရ​မြို့​သို့​သုံ့​ပန်း​များ​အ​ဖြစ်​ဖမ်း​သွား တော်​မူ​၏။


ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​တန်​ခိုး​တော်​ကို အ​သုံး​ပြု​တော်​မူ​လျက်​အာ​ရှု​ရိ​ပြည်၊ အီ​ဂျစ် ပြည်၊ ပါ​သ​ရု​ပြည်၊ ဆူ​ဒန်​ပြည်၊ ဧ​လံ​ပြည်၊ ဗာ​ဗု​လုန်​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​ကမ်း ခြေ​ဒေ​သ​များ​နှင့်​ကျွန်း​များ​တွင် ကျန်​ရှိ နေ​သေး​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​မိ​မိ​တို့​ဌာ​နေ​သို့​ပြန်​လည်​ပို့​ဆောင် တော်​မူ​လိမ့်​မည်။-


ဤ​ဗျာ​ဒိတ်​တော်​သည်​မော​ဘ​ပြည်​နှင့် သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ အာ​ရ​မြို့​နှင့်၊ ကိ​ရ​မြို့​တို့​သည်​တစ်​ညဥ့်​ချင်း ၌​ပျက်​ပြုန်း​၍​သွား​ရကြ​လေ​သည်။ မော​ဘ ပြည်​သည်​လည်း​ဆိတ်​ငြိမ်​လျက်​နေ​၏။-


ရက်​စက်​ကြမ်း​ကြုတ်​မှု​များ၊ သစ္စာ​ဖောက်​မှု နှင့်​သုတ်​သင်​ဖျက်​ဆီး​မှု​တို့​ကို​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တွင်​ငါ​မြင်​ရ​ပြီ။ အို ဧ​လံ​တပ်​မ​တော်​သား​တို့၊ တိုက်​ခိုက်​ကြ လော့။ အို မေ​ဒိ​တပ်​မ​တော်​သား​တို့၊ မြို့​များ ကို​ဝိုင်း​ရံ​ထား​ကြ​လော့။ ဘု​ရား​သ​ခင်​သည် ဗာ​ဗု​လုန်​မြို့​သား​တို့​ပေး​သည့်​ဆင်း​ရဲ​ဒုက္ခ ကို​ချုပ်​ငြိမ်း​စေ​တော်​မူ​လိမ့်​မည်။


မြေ​သြ​ဇာ​ထက်​သန်​သည့်​ယု​ဒ​ချိုင့်​ဝှမ်း​များ သည် စစ်​မြင်း​ရ​ထား​များ​နှင့်​ပြည့်​နှက်​လျက် ရှိ​ပြီး​လျှင် မြင်း​စီး​သူ​ရဲ​တို့​သည်​ယေ​ရု ရှ​လင်​မြို့​တံ​ခါး​တွင်​ရပ်​လျက်​နေ​ကြ​၏။-


ငါ​သည်​ဒ​မာ​သက်​မြို့​တံ​ခါး​များ​ကို​ချေ မှုန်း​၍ အာ​ဝင်​ချိုင့်​နှင့်​ဗေ​သေ​ဒင်​မြို့​တွင်​ကြီး စိုး​နေ​သူ​တို့​ကို​ရှင်း​ပစ်​မည်။ ရှု​ရိ​ပြည်​သား တို့​သည်​ကိ​ရ​ပြည်​သို့​သုံ့​ပန်း​အ​ဖြစ်​နှင့် လိုက်​ပါ​သွား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​က``အို ဣ​သ​ရေ​လ​ပြည်​သား အ​ပေါင်း​တို့၊ ငါ​သည်​သင်​တို့​ကို​ကု​ရှ​လူ​မျိုး နှင့်​တန်း​တူ​သ​ဘော​ထား​ခဲ့​၏။ ငါ​သည်​သင် တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​သ​ကဲ့ သို့ ဖိ​လိတ္တိ​လူ​မျိုး​ကို​က​ရေ​တေ​ကျွန်း​မှ လည်း​ကောင်း၊ ရှု​ရိ​လူ​မျိုး​ကို​တိ​ရ​ပြည် မှ​လည်း​ကောင်း​ထုတ်​ဆောင်​လာ​ခဲ့​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ