ဟေရှာယ 19:17 - Common Language Bible17 အီဂျစ်ပြည်သူတို့သည်မိမိတို့အတွက် အနန္တ တန်ခိုးရှင်ထာဝရဘုရားပြင်ဆင်ထားတော် မူသည့်ကံကြမ္မာကိုပြန်လည်သတိရသည့် အခါတိုင်းယုဒပြည်ကိုကြောက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible17 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ပြ ဋ္ဌာန်း တော် မူ ချက် ကြောင့်၊ ယု ဒ ပြည် သည် အိ ဂျစ် ပြည်၏ ထိတ် လန့် ဖွယ် ဖြစ် သည် နှင့်၊ ယု ဒ ပြည် ဟူ၍ ပြော ကာ မျှ နှင့် လူ တိုင်း ကြောက် လန့် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible17 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အဲဂုတ္တုပြည်တစ်ဖက်၌ ကြံစည်တော်မူသောအကြံအစည်ကြောင့်၊ ယုဒပြည်သည်လည်း အဲဂုတ္တုပြည်၌ ကြောက်မက်ဖွယ်ဖြစ်လိမ့်မည်။ ယုဒပြည်ဟူ၍ပြောကာမျှနှင့် လူတိုင်း ကြောက်ရွံ့ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 အီဂျစ်ပြည်ကိုဆန့်ကျင်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား အကြံအစည်တော်ကြောင့် အီဂျစ်ပြည်သည် ယုဒပြည်ကို ကြောက်လိမ့်မည်။ ယုဒပြည်ဟုပြောရုံမျှနှင့် လူတိုင်း ကြောက်ရွံ့ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။ အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။ ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။
စပျစ်ရည်ခွက်ဖလားမှအမျက်တော်ရည် ကိုသောက်ရကြသည့်အခြားသူများ၏ စာရင်းမှာ၊ အီဂျစ်ဘုရင်မှူးမတ်များနှင့်ခေါင်းဆောင်များ၊ အီဂျစ်အမျိုးသားများနှင့်အီဂျစ်ပြည်ရှိ လူမျိုးခြားရှိသမျှ၊ ဥဇပြည်မင်းအပေါင်း၊ ဖိလိတ္တိပြည်ရှိအာရှကေလုန်မြို့၊ဂါဇမြို့၊ ဧကြုန်မြို့တို့မှဘုရင်အပေါင်းနှင့်အာဇုတ် မြို့သား အကြွင်းအကျန်ရှိသမျှ၊ ဧဒုံပြည်၊မောဘပြည်နှင့်အမ္မုန်ပြည်သား အပေါင်း၊ တုရုနှင့်ဇိဒုန်ဘုရင်အပေါင်း၊ ပင်လယ်ရပ်ခြားမြေထဲပင်လယ်ဒေသတွင် အုပ်စိုးသည့်ဘုရင်အပေါင်း၊ ဒေဒန်မြို့၊တေမမြို့နှင့်ဗုဇမြို့တို့မှ မြို့သူမြို့သားအပေါင်း၊ နဖူးပေါ်မှဆံပင်တိုညှပ်သူမှန်သမျှ၊ အာရပ်ဘုရင်အပေါင်း၊ သဲကန္တာရတွင်နေထိုင်သူလူမျိုးခြားတို့အား အစိုးရသည့်ဘုရင်အပေါင်း၊ ဇိမရိပြည်၊ဧလံပြည်နှင့်မေဒိပြည်ဘုရင် အပေါင်းနှင့် မြောက်ဘက်ရှိရပ်နီးရပ်ဝေးမှဘုရင် အပေါင်းတို့ ဖြစ်ကြ၏။ ကမ္ဘာပေါ်တွင်ရှိသမျှသောလူမျိုးတို့သည် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ နောက်ဆုံးသောက်ရမည့်သူမှာဗာဗုလုန် ဘုရင်ဖြစ်ပေသည်။