ဟေရှာယ 18:1 - Common Language Bible1 ဆူဒန်မြစ်များ၏အလွန်တွင် တောင်ပံခတ် သံများကိုကြားရသည့်တိုင်းပြည်တစ် ပြည်ရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible1-2 အို ကု ရှ တိုင်း၊ မြစ် မြွာ တစ် ဘက်၌ အ တောင် ခတ် သံ နှင့် ပြည် လျှံ လျက်၊ အိုင် ကြီး ရေ မျက် နှာ ပြင် ပေါ် တွင်၊ ကြိမ် ချုပ် များ ဖြင့် ရာ ဇ သံ တို့ ကို စေ လွှတ် သော ပြည်၊ အ ရပ် အ မောင်း မြင့် ခြင်း၊ ကိုယ် ရေ ကိုယ် သား ပြောင် ခြင်း ရှိ သော လူ မျိုး၊ ယ မန် က စ၍ ကြောက် မက် ဘွယ် ကောင်း သော လူ မျိုး၊ တန် ခိုး ကြီး လျက် နှိမ် နှင်း တတ် သော လူ မျိုး၊ မြစ် အ မြွာ မြွာ ဖြတ် သော ပြည် တွင် နေ ထိုင် သော လူ မျိုး ထံ သို့၊ ခြေ လျင် ရာ ဇ သံ တို့ ပြန် သွား ကြ ပါ လော့။ အခန်းကိုကြည့်ပါ။Judson Bible1 အဲသယောပိ မြစ်များအနားမှာ အသံမြည်တတ်သော အတောင်ရှိ၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 အီသီယိုးပီးယားမြစ်များတစ်ဖက်ရှိ တောင်ပံသံတဝီဝီမြည်သောပြည်သည် အမင်္ဂလာရှိ၏။ အခန်းကိုကြည့်ပါ။ |
အီဂျစ်ပြည်သို့အကူအညီတောင်းခံရန် သွားရောက်သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည်မြင်းများ၊ စစ်ရထားများနှင့် မြင်းစီးသူရဲများတည်းဟူသောအီဂျစ် ပြည်၏ကြီးမားသောစစ်အင်အားကိုမှီခို အားကိုး၍နေကြ၏။ သို့ရာတွင်မြင့်မြတ် သန့်ရှင်းတော်မူသောဣသရေလအမျိုး သားတို့၏ ဘုရားသခင်ထာဝရဘုရား ကိုမူအားမကိုးကြ။ ကူမတော်မူရန် ကိုယ်တော်ကိုလည်းမတောင်းမလျှောက် ကြ။-
ထာဝရဘုရားကဣသရေလအမျိုးသား တို့အား မိန့်တော်မူသည်မှာ ``အီဂျစ်ပြည်နှင့်ဆူဒန်ပြည်တို့၏စည်းစိမ် ဥစ္စာများကိုသင်တို့ရရှိကြလိမ့်မည်။ ထွားကြိုင်းသည့်သေဘပြည်သားတို့သည် သင်တို့ထံတွင်ကျွန်ခံရကြလိမ့်မည်။ သူတို့သည်သံကြိုးအနှောင်အဖွဲ့နှင့် သင်တို့နောက်မှလိုက်ရကြလိမ့်မည်။ သူတို့သည်သင်တို့၏ရှေ့တွင်ဦးညွှတ်လျက် `ဘုရားသခင်သည်သင်တို့နှင့်အတူရှိတော် မူပြီ။ ကိုယ်တော်တစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူပါ၏။
``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်တော် မူသောစေတမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မကြီးသည်ကြက်ကလေးများကိုမိမိ ၏အတောင်အောက်တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင့်ကိုယုယပိုက်ထွေးနိုင်ရန်ကြိမ် ဖန်များစွာကြိုးစားခဲ့လေပြီ။ သို့ရာတွင်သင် သည်ငါ့ကိုအခွင့်မပေးခဲ့။-