ဟေရှာယ 17:5 - Common Language Bible5 ဣသရေလပြည်သည်အသီးအနှံများရိတ် သိမ်းထားသည့်လယ်ကွက်ကဲ့သို့လည်းကောင်း၊ အကုန်အစင်ကောက်သင်းကောက်ထားသည့် ရေဖိမ်ချိုင့်ဝှမ်းမှ လယ်ယာကဲ့သို့လည်း ကောင်းပြုတ်ပြုတ်ပြုန်း၍နေပေလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible5 ရိတ် သိမ်း သူ သည် ကောက် ပင် ကို ဆုပ်၍၊ လက် ရုံး ဖြင့် အ သီး အ နှံ ကို ပိုက် သိမ်း သ ကဲ့ သို့လည်း ကောင်း၊ ရေ ဖိမ် ချိုင့် တွင် ကောက် သင်း ကောက် သ ကဲ့ သို့ လည်း ကောင်း၊ ဖြစ် မည့် မှန် သော် လည်း၊ အခန်းကိုကြည့်ပါ။Judson Bible5 လူသည် စပါးကိုသိမ်းယူ၍ အသီးအနှံများကို လက်နှင့် ရိတ်သကဲ့သို့လည်းကောင်း၊ ရေဖိမ်ချိုင့်၌ အသီးအနှံတို့ကို သိမ်းရိတ်သကဲ့သို့လည်းကောင်း၊ ထိုအမှုဖြစ်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ရိတ်သိမ်းသူသည် စပါးပင်ကိုစု၍ မိမိလက်ရုံးအားဖြင့် ရိတ်သိမ်းသကဲ့သို့လည်းကောင်း၊ ရေဖိမ်ချိုင့်ဝှမ်း၌ စပါးနှံများကို ကောက်သင်းကောက်သကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
လူသေကောင်တို့သည်လယ်ပြင်ရှိနောက်ချေး ပုံများ ကဲ့သို့လည်းကောင်း၊ ရိတ်သိမ်းသူစွန့်ပစ်ထားခဲ့သည့်ကောက်လှိုင်း များ၊ အဘယ်သူမျှမစုမသိမ်းသည့်ကောက်လှိုင်း များ ကဲ့သို့လည်းကောင်းပြန့်ကျဲလျက်နေလိမ့်မည်။ ဤကားငါပြန်ကြားပြောဆိုရန်အတွက် ထာဝရဘုရားမိန့်မှာတော်မူသောစကား ဖြစ်၏'' ဟုဆို၏။
ထိုသူတို့သည်အလွန်ယုတ်မာကြ၏။ ကောက်ရိတ်ချိန်၌ဂျုံနှံကိုဖြတ်သကဲ့သို့ သူတို့ကိုခုတ်ဖြတ်ကြလော့။ စပျစ်သီးများနှင့်ပြည့်လျက်နေသော အသီးနယ်ရာကျင်းမှစပျစ်ရည်များ လျှံတက်လာသည်တိုင်အောင်၊ စပျစ်သီးများကိုနင်းချေသကဲ့သို့ ထိုသူတို့ကို နင်းချေကြလော့'' ဟုမိန့်တော်မူ၏။
ကောက်ရိတ်ချိန်တိုင်အောင်အပင်နှစ်မျိုးလုံးဆက် လက်ကြီးပွားစေကြလော့။ ကောက်ရိတ်ချိန်ရောက် သော်ကောက်ရိတ်သမားတို့အားဦးစွာဂျုံရိုင်း များကိုနုတ်၍စည်းထားပြီးလျှင်မီးရှို့ပစ်ကြ။ ထိုနောက်ဂျုံစပါးကိုစုသိမ်း၍ငါ၏ကျီ၌ သွင်းထားကြဟုငါမှာကြားမည်' ဟုဆို၏'' ဟူ ၍မိန့်တော်မူသည်။