ဟေရှာယ 14:7 - Common Language Bible7 ဤအခါကျမှကမ္ဘာတစ်ခုလုံးသည် ငြိမ် သက်အေးချမ်းလျက်လူအပေါင်းတို့သည် လည်းရွှင်ပြစွာသီချင်းဆိုရကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible7 မြေ တစ် ပြင် လုံး ချမ်း သာ ငြိမ် သက် သ ဖြင့်၊ ရွှင် လန်း စွာ ကြွေး ကြော် ကြ သည် နှင့် အ ညီ၊ အခန်းကိုကြည့်ပါ။Judson Bible7 မြေတစ်ပြင်လုံးသည် ငြိမ်ဝပ်ချမ်းသာခြင်းရှိ၏။ ရွှင်လန်းစွာ သီချင်းဆိုသံနှင့် ကြွေးကြော်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ကမ္ဘာမြေတစ်ခွင်လုံး ငြိမ်းချမ်းသာယာသွား၍ လူတို့သည် ရွှင်လန်းစွာကြွေးကြော်ကြလေ၏။ အခန်းကိုကြည့်ပါ။ |
ရက်စက်ကြမ်းကြုတ်မှုများ၊ သစ္စာဖောက်မှု နှင့်သုတ်သင်ဖျက်ဆီးမှုတို့ကိုဗျာဒိတ် ရူပါရုံတွင်ငါမြင်ရပြီ။ အို ဧလံတပ်မတော်သားတို့၊ တိုက်ခိုက်ကြ လော့။ အို မေဒိတပ်မတော်သားတို့၊ မြို့များ ကိုဝိုင်းရံထားကြလော့။ ဘုရားသခင်သည် ဗာဗုလုန်မြို့သားတို့ပေးသည့်ဆင်းရဲဒုက္ခ ကိုချုပ်ငြိမ်းစေတော်မူလိမ့်မည်။
အို မိုးကောင်းကင်၊သီချင်းဆိုလော့။ အို ကမ္ဘာမြေကြီး၊ ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။ တောင်ရိုးတို့သည်အသံလွှင့်၍သီချင်းဆိုကြစေ။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား နှစ်သိမ့်မှုကိုပေးတော်မူလိမ့်မည်။ ကိုယ်တော်သည်ဆင်းရဲဒုက္ခရောက်လျက် ရှိသော မိမိ၏လူမျိုးတော်အားသနားတော်မူလိမ့်မည်။
အရှင်ထာဝရဘုရားက``ငါပိုင်တော်မူသော ဣသရေလပြည်ပြိုလဲသွားစဉ်အခါက သင့်အားငါရွှင်လန်းစေခဲ့သည့်နည်းတူ သင် ပြိုလဲချိန်၌လည်းကမ္ဘာတစ်ခုလုံးအားရ ရွှင်လန်းကြစေရန် ငါသည်သင့်ကိုလူသူ ဆိတ်ငြိမ်ရာအရပ်ဖြစ်စေမည်။ စိရတောင် ကုန်းဒေသတည်းဟူသောဧဒုံပြည်တစ် ပြည်လုံးသည်လူသူဆိတ်ငြိမ်ရာအရပ် ဖြစ်လိမ့်မည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းလူတိုင်းသိ ရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။