ဟေရှာယ 10:34 - Common Language Bible34 တောနက်အတွင်းမှသစ်ပင်တို့သည်ပုဆိန် ဒဏ်ဖြင့်လဲကျရသကဲ့သို့၊ လေဗနုန်တော မှအဖိုးအတန်ဆုံးသောသစ်ပင်များလဲ ကျကြသကဲ့သို့သူတို့အားထာဝရ ဘုရားသည်ပြိုလဲစေတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible34 တော ပိတ် ပေါင်း ကို ဓား ဖြင့် ဝင့် ပယ် တော် မူ သ ဖြင့်၊ လေ ဗ နုန် တော လည်း တန် ခိုး ကြီး သော အ ရှင် ကြောင့် ပြိုလဲ ရာ ရောက် လိမ့် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible34 တောအုပ်ကို ပုဆိန်နှင့် ခုတ်ပယ်တော်မူ၍၊ လေဗနုန်တောသည် တန်ခိုးကြီးသောသူ၏လက်အားဖြင့် လဲလျက်နေလိမ့်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း34 တောအုပ်ကို ပုဆိန်နှင့်ခုတ်ပစ်တော်မူမည်။ လက်ဘနွန်တောင်သည် အားကြီးသောသူကြောင့် ပြိုလဲသွားမည်။ အခန်းကိုကြည့်ပါ။ |
သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် အမြင့်ဆုံးတောင်များကိုလည်းကောင်း၊ လေ ဗနုန်တောင်ထိပ်များကိုပင်လည်းကောင်းနှိမ် နင်းအောင်မြင်ခဲ့ကြောင်း ငါ့အားကြွားဝါရန် သံတမန်များကိုစေလွှတ်ခဲ့၏။ ထိုအရပ် ရှိအမြင့်ဆုံးအာရဇ်ပင်များနှင့်အလှဆုံး ထင်းရှူးပင်များကိုခုတ်လှဲကာ၊ တောနက် ကြီးများသို့ရောက်ရှိခဲ့ကြောင်းကြွားဝါ ခဲ့၏။-
အရှင်မင်းကြီးကြည့်လျက်နေတော်မူစဉ် ကောင်းကင်ဘုံမှ ကောင်းကင်တမန်တစ်ပါး သည်သက်ဆင်းလာကာ`ထိုသစ်ပင်ကိုခုတ်လှဲ ဖျက်ဆီးပစ်လော့။ သို့ရာတွင်သစ်ငုတ်ကိုမူ ကားမြေတွင်ချန်ထားလော့။ ထိုငုတ်ကိုသံ ကြိုး၊ ကြေးဝါကြိုးနှင့်ချည်နှောင်၍ကွင်းထဲ ၌မြက်တောတွင်ထားခဲ့လော့။ ထိုသူအား ဆီးနှင်းများဖြင့်စိုစွတ်စေလျက်ခုနစ်နှစ် တိုင်တိုင်တိရစ္ဆာန်များနှင့်အတူနေစေလော့' ဟုမြွက်ဆိုခဲ့ပါ၏။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အား``အာရှုရိ အမျိုးသားတို့သည်ခွန်အားကြီး၍အရေ အတွက်အားဖြင့်များသော်လည်း သုတ်သင် ဖျက်ဆီးခြင်းကိုခံရကြလျက်ကွယ်ပျောက် သွားကြလိမ့်မည်။ အို ငါ၏လူမျိုးတော်၊ ငါ သည်သင်တို့အားဒုက္ခရောက်စေခဲ့ဖူးသော် လည်းနောက်တစ်ဖန်ထိုသို့ပြုတော့မည် မဟုတ်။-
ယခုဆင်းရဲဒုက္ခရောက်လျက်ရှိသောသင်တို့ နှင့်အတူငါတို့ကိုလည်းစိတ်သက်သာရာ ရစေတော်မူလိမ့်မည်။ သခင်ယေရှုသည် တန်ခိုးကြီးသောကောင်းကင်တမန်များ ခြံရံလျက်မီးလျှံနှင့်တကွ ကောင်းကင်ဘုံ မှကြွလာတော်မူသောအခါ၌ဘုရား သခင်သည် မိမိကိုပစ်ပယ်သူတို့နှင့်ငါ တို့သခင်ယေရှုအကြောင်းသတင်းကောင်း ကိုမလိုက်နာသူတို့အားအပြစ်စီရင် တော်မူလိမ့်မည်။-