ဟေဗြဲ 10:8 - Common Language Bible8 ကိုယ်တော်ကမီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ် အစရှိသောယဇ်များနှင့်ပူဇော်သကာများသည် ပညတ်တရားအရပြုအပ်သည့်ဝတ်များပင် ဖြစ်သော်လည်း ထိုအရာများကိုဘုရားသခင် အလိုရှိတော်မမူကြောင်း၊ အားရနှစ်သက် တော်မမူကြောင်းဦးစွာပထမဖော်ပြ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 ပ ညတ် တ ရား အ ရ ဆက် ကပ် လေ့ ရှိ သော ပူ ဇော် သ က္ကာ၊ ဘော ဇဉ် သ က္ကာ၊ ကောင်း လုံး မီး ရှို့ ရာ သ က္ကာ၊ အ ပြစ် ဖြေ ရာ သ က္ကာ များ ကို အ လို တော် မ ရှိ၊ နှစ် သက် တော် မ မူ ဟု ဦး စွာ ဗျာ ဒိတ် တော် ရှိ ပြီး နောက်၊ အခန်းကိုကြည့်ပါ။Judson Bible8 ပညတ်တရားအတိုင်း ပြုရသောဝတ်ကို ရည်ဆောင်လျက် ခရစ်တော်က၊ မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ် အစရှိသောယဇ်များနှင့် ပူဇော်သကာများတို့ကို ကိုယ်တော်သည် အလိုတော်မရှိ၊ အားရနှစ်သက်တော်မမူဟု အထက်က ဆိုနှင့်ပြီးမှ၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ပထမအနေဖြင့် “ကိုယ်တော်သည် ပညတ်တရားအရပူဇော်သောအရာများတည်းဟူသော ယဇ်ကောင်နှင့်ပူဇော်သက္ကာများ၊ မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်များကို အလိုမရှိ။ နှစ်သက်တော်မူခြင်းလည်းမရှိ”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 ရှေးဦးစွာ ခရစ်တော်က “ကိုယ်တော်သည် ပညတ်တရားအတိုင်း ပူဇော်ရသောယဇ်နှင့် ပူဇော်စရာ၊ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်တို့ကို အလိုတော်မရှိ။ နှစ်သက်တော်မူခြင်းလည်းမရှိ” ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်အားစိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိ သမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့်ချစ်ရမည်။ အိမ်နီး ချင်းကိုကိုယ်နှင့်အမျှချစ်ရမည်ဟူသောပညတ် နှစ်ပါးကိုလိုက်နာခြင်းသည် ဘုရားသခင်အား ပူဇော်သည့်မီးရှို့ရာယဇ်နှင့်အခြားယဇ်အပေါင်း တို့ထက်ပို၍မြတ်ပါ၏'' ဟုကိုယ်တော်အား လျှောက်ထား၏။
ကိုယ်တော်ရှင်သည်ယဇ်နှင့်ပူဇော်သကာများကို အလိုရှိတော်မမူပါ။ တိရစ္ဆာန်တစ်ကောင်လုံးမီးရှို့ရာ ယဇ်တို့ကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်တို့ကိုလည်းကောင်း ကိုယ်တော်ရှင်သည်တောင်းတော်မမူပါ။ သို့ရာတွင်ကိုယ်တော်သည်ကိုယ်တော်အား ကြားရန် ကျွန်တော်မျိုးအားနားကိုပေးတော်မူပါပြီ။
လူ့ဇာတိသဘောအားနည်းမှုကြောင့်ပညတ် တရားက မဆောင်ရွက်ပေးနိုင်သောအမှုကို ဘုရားသခင်ကဆောင်ရွက်ပေးတော်မူ၏။ ကိုယ်တော်သည်လူ့ဇာတိသဘောတွင်သက် ရှင်လှုပ်ရှားသည့်အပြစ်တရားကိုအပြစ် ဒဏ်စီရင်ရန် မိမိ၏သားတော်အားလောက သို့စေလွှတ်တော်မူ၏။ သားတော်သည်အပြစ် တရားကိုဖျက်ဆီးပစ်ရန်လူ့ဇာတိကို ခံယူတော်မူသည်။-