Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ဗြဲ 10:33 - Common Language Bible

33 သင်​တို့​သည်​တစ်​ခါ​တစ်​ရံ​လူ​တို့​ရှေ့​တွင် ကဲ့​ရဲ့ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ကြ​ရ​၏။ တစ်​ခါ​တစ်​ရံ အ​ခြား​သူ​တို့​ကဲ့​ရဲ့​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော အ​ခါ​၌ သင်​တို့​လည်း​ပါ​ဝင်​ကဲ့​ရဲ့​ညှဉ်း​ဆဲ ခြင်း​ခံ​ရန်​အ​သင့်​ရှိ​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 တစ်ခါတစ်ရံ သင်​တို့​သည် လူ​တို့​ရှေ့၌ ကဲ့ရဲ့​ပြစ်တင်​ခြင်း​နှင့်​နှိပ်စက်​ခြင်း​တို့​ကို​ခံရ​ကြ​၍ တစ်ခါတစ်ရံ ထိုသို့​ပြုကျင့်​ခံရ​သော​သူ​တို့​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 တစ်ခါတစ်ရံ​တွင် သင်တို့​သည် လူရှေ့​သူရှေ့​၌ ကဲ့ရဲ့​ရှုတ်ချခြင်း​နှင့် ညှဉ်းဆဲခြင်း​တို့​ကို ခံကြရ၏။ တစ်ခါတစ်ရံ ထိုသို့​ခံရသူများ​ကို ကူညီပေး​ကြရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 10:33
19 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​ကို​စွဲ​လမ်း​မှု​သည် ကျွန်​တော်​မျိုး​၏​စိတ်​အ​တွင်း​၌​မီး​ကဲ့​သို့ ဟုန်း​ဟုန်း​တောက်​လောင်​လျက်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​အား​စော်​ကား​ပြော​ဆို​သော စ​ကား​များ​သည်​ကျွန်​တော်​မျိုး​အား​စော်​ကား ပြော​ဆို​သော​စ​ကား​များ​ဖြစ်​ပါ​၏။


ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​တွက် ခိုင်​ခံ့​သည့် ခို​လှုံ​ရာ​ဖြစ်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​လူ​တို့​ရှေ့​တွင်​စံ​န​မူ​နာ ဖြစ်​ပါ​၏။


အို ဘု​ရား​သ​ခင်၊ ထ​တော်​မူ​၍​ကိုယ်​တော်​ရှင်​၏​အာ​ဏာ​ကို တည်​စေ​တော်​မူ​ပါ။ ဘု​ရား​မဲ့​သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​တစ်​နေ့​လုံး ပြက်​ရယ်​ပြု​ကြ​သည်​ကို​သ​တိ​ရ​တော်​မူ​ပါ။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​စော်​ကား​ပြော​ဆို ကြ​သည့် တိုင်း​နိုင်​ငံ​တို့​သည်​ခု​နစ်​ဆ​မျှ​ပို​၍ အ​စော်​ကား​ခံ​စေ​တော်​မူ​ပါ။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ရွေး​ချယ်​သော​ဘု​ရင်​ကို ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​စော်​ကား​ကြ ပါ​သည်​တ​ကား။ သူ​တို့​သည်​သူ့​အား​သွား​လေ​ရာ​ရာ​တွင် စော်​ကား​ကြ​ပါ​၏။


``အ​မှန်​တ​ရား​ကို​သိ​ရှိ​သူ​တို့၊​ငါ​၏​သြ​ဝါ​ဒ​ကို စွဲ​မြဲ​စွာ​မှတ်​ကြုံး​ထား​သူ​တို့၊ သင်​တို့​သည်​ငါ​ပြော​သည့်​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​အား​က​ရော်​က​မည်​ပြု​၍၊လူ​တို့​စော်​ကား ပြော​ဆို​ကြ​သော​အ​ခါ​မ​ကြောက်​ကြ​နှင့်။


ငါ​သည်​စက်​ဆုပ်​ရွံ​ရှာ​မှု​နှင့်​သင့်​ကို​ဆက်​ဆံ​၍ အ​ညစ်​အ​ကြေး​များ​ဖြင့်​ဖုံး​အုပ်​မည်။ လူ​တို့​သည်​သင့်​အား​အော့​နှ​လုံး​နာ​လျက် ငေး​၍​ကြည့်​ကြ​လိမ့်​မည်။


သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သူ​ယောရှု၊ နား​ထောင်​လော့။ ယော​ရှု​၏​အ​ပေါင်း​အ​ဖော် ယဇ်​ပု​ရော​ဟိတ်​တို့၊ သာ​ယာ​သော​အ​နာ​ဂတ် ၏​နိ​မိတ်​လက္ခ​ဏာ​ကို​ဆောင်​သူ​တို့၊ နား​ထောင် ကြ​လော့။ ငါ​သည်``အ​ညွှန့်​အ​တက်'' ဟု​နာ​မည် တွင်​သော​မိ​မိ​၏​အ​စေ​ခံ​ကို​ပေါ်​ထွန်း​စေ မည်။-


လူ​ထု​အား​ထုတ်​ပြ​ရာ​တွင်​သေ​ဒဏ်​သင့် သူ​များ​အား​နောက်​ဆုံး​မှ​လိုက်​ပါ​စေ​သ​ကဲ့ သို့ ဘု​ရား​သ​ခင်​သည်​လူ​တို့​နှင့်​ကောင်း​ကင် တ​မန်​တို့​ရှု​စား​ကြ​စေ​ရန် ငါ​တို့​တ​မန် တော်​များ​အား​နောက်​ဆုံး​နေ​ရာ​တွင်​ထား တော်​မူ​သည်​ဟု​ငါ​ထင်​မှတ်​၏။-


ငါ​သည်​အား​နည်း​သော​အ​ခါ​၌​တန်​ခိုး​နှင့် ပြည့်​စုံ​လျက်​ရှိ​သ​ဖြင့် ခ​ရစ်​တော်​၏​အ​တွက် ကြောင့်​အား​နည်း​ခြင်း၊ စော်​ကား​ခြင်း၊ ဆင်း​ရဲ ခြင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​နှင့်​အ​နှောင့် အ​ယှက်​တို့​ကို​ခံ​နေ​ရ​စဉ်​ရောင့်​ရဲ​တင်း​တိမ် မှု​ရှိ​၏။


သင်​တို့​ကို​ငါ​အ​စဉ်​အောက်​မေ့​၏။ သို့​ဖြစ်​၍ ငါ​သည်​သင်​တို့​နှင့်​ပတ်​သက်​၍​ယင်း​သို့​သ​ဘော ထား​အပ်​၏။ ယ​ခု​ငါ​အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ် အ​ခါ​နှင့်​သ​တင်း​ကောင်း​ကို​လွတ်​လပ်​စွာ​သက် သေ​ခံ​တည်​တံ့​ခိုင်​မြဲ​စေ​ခွင့်​ရ​စဉ်​အ​ခါ​က သင်​တို့​သည်​ငါ့​အား​ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​အ​ခွင့်​ထူး​တွင်​ပါ​ဝင်​လုပ်​ဆောင်​ကြ ပေ​သည်။-


သို့​ရာ​တွင်​ငါ​အ​ခက်​အ​ခဲ​တွေ့​ကြုံ​ရ​ချိန်​၌ သင်​တို့​ငါ့​ကို​ကူ​ညီ​ကြ​သော​အား​ဖြင့်​ကောင်း မွန်​စွာ​ပြု​ပြီ။-


ညီ​အစ်​ကို​တို့၊ သင်​တို့​၏​အ​တွေ့​အ​ကြုံ​မှာ ယု​ဒ​ပြည်​ခ​ရစ်​ယာန်​များ​ဖြစ်​သည့်​ဘု​ရား သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​အ​တွေ့​အ​ကြုံ နှင့်​တူ​ပေ​သည်။ သင်​တို့​သည်​မိ​မိ​တို့​အ​မျိုး သား​များ​၏​လက်​တွင်​ဆင်း​ရဲ​ဒုက္ခ​ရောက် ကြ​သ​ကဲ့​သို့ ထို​သူ​တို့​သည်​လည်း​ယု​ဒ အ​မျိုး​သား​များ​၏​လက်​တွင်​ဆင်း​ရဲ ဒုက္ခ​ရောက်​ရ​ကြ​၏။-


သို့​ဖြစ်​၍​ငါ​တို့​သ​ခင်​ဘု​ရား​၏​အ​ကြောင်း တော်​ကို​သက်​သေ​ခံ​ရန်​မ​ရှက်​နှင့်။ ခ​ရစ်​တော် အ​တွက်​အ​ကျဉ်း​သား​ဖြစ်​သူ​ငါ​၏​အ​တွက် လည်း​မ​ရှက်​နှင့်။ ဘု​ရား​သ​ခင်​ထံ​မှ​ခွန်​အား ကို​ရ​ရှိ​သည်​အ​တိုင်း​သ​တင်း​ကောင်း​အ​တွက် ငါ​နှင့်​အ​တူ​ဒုက္ခ​ခံ​လော့။-


မေ​ရှိ​ယ​အ​ရှင်​၏​အ​တွက်​ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း သည် အီ​ဂျစ်​ပြည်​၏​စည်း​စိမ်​ချမ်း​သာ​ရှိ​သ​မျှ တို့​ထက်​ပို​၍​တန်​ဖိုး​ရှိ​သည်​ဟု​ယူ​ဆ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​သူ​သည်​အ​နာ​ဂတ်​ကာ​လ​တွင် ရ​ရှိ​မည့်​အ​ကျိုး​ကို အာ​ရုံ​စူး​စိုက်​လျက်​နေ သော​ကြောင့်​ဖြစ်​ပေ​သည်။


အ​ချို့​သော​သူ​တို့​သည်​ကဲ့​ရဲ့​ရိုက်​နှက်​ခြင်း​ကို ခံ​ကြ​ရ​၏။ အ​ချို့​သူ​တို့​သည်​ကား​သံ​ကြိုး​ဖြင့် ချည်​နှောင်​ကာ​အ​ကျဉ်း​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။-


သင်​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​နှင့်​ဆိုင်​ပြိုင် တိုက်​ခိုက်​ကြ​ရာ​တွင် ယ​ခု​အ​ချိန်​အ​ထိ သေ​ဘေး​နှင့်​ရင်​မ​ဆိုင်​ကြ​ရ​သေး​ပေ။-


သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​ရှိ​ရာ​စ​ခန်း အ​ပြင်​သို့​သွား​၍ ကိုယ်​တော်​နှင့်​အ​တူ​ကဲ့​ရဲ့ ရှုတ်​ချ​ခြင်း​ကို​ခံ​ကြ​ကုန်​အံ့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ