ဟောရှေ 6:5 - Common Language Bible5 ထို့ကြောင့်ငါသည်ပရောဖက်များကိုစေ လွှတ်၍ သင်တို့ကိုတရားစီရင်မည့်အကြောင်း နှင့်ပျက်စီးဆုံးပါးစေမည့်အကြောင်းကြား ပြောစေခဲ့၏။- အခန်းကိုကြည့်ပါ။Garrad Bible5 သို့ ဖြစ် သော ကြောင့်၊ ငါ သည် ထို သူ တို့ ကို ပ ရော ဖက် တို့ ဆင့် ဆို ချက် ဖြင့် ဒဏ် ခတ် ခြင်း၊ နှုတ် တော် ထွက် ဗျာ ဒိတ် ဖြင့် ကွပ် မျက် ခြင်း ပြု လျက်၊ လျှပ် စစ် သ ဖွယ် စီ ရင် ချက် များ ကို လွှတ် ခဲ့ လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible5 ထိုကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ်ရပြီ။ ငါ့နှုတ်ထွက်စကားအားဖြင့် သတ်ရပြီ။ ငါ့စီရင်ချက်တို့သည်လည်း ထွန်းလင်းသော အလင်းကဲ့သို့ ဖြစ်ကြပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ထို့ကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ချိုင်ပစ်ပြီ။ ငါ့နှုတ်ထွက်စကားများအားဖြင့် ကွပ်မျက်ပစ်ပြီ။ ငါ၏စီရင်ချက်တို့သည် နေ့အလင်းကဲ့သို့ ထွန်းလင်းတောက်ပ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ထာဝရဘုရားသည်ထိုမြို့ တွင်ရှိနေတော်မူပါသေး၏။ ကိုယ်တော် သည်တရားသောအမှုကိုသာလျှင်ပြု တော်မူ၍မတရားသည့်အမှုကိုအဘယ် အခါ၌မျှပြုတော်မမူ။ နံနက်တိုင်းမိမိ ၏လူမျိုးတော်အားမလွဲမသွေဖြောင့်မှန် စွာတရားစီရင်တော်မူ၏။ သို့သော်လည်း ထိုအရပ်ရှိလူမသမာတို့သည်မကောင်း မှုကိုဆက်လက်ပြုကျင့်လျက်နေကြပေ သည်။ သူတို့တွင်ရှက်ကြောက်မှုလည်းမရှိ ကြ။
ယေရမိ၊ နားထောင်လော့။ ဤနိုင်ငံရှိလူအပေါင်း တို့ဖြစ်သည့်ယုဒဘုရင်များ၊ မှူးမတ်များ၊ ယဇ် ပုရောဟိတ်များနှင့်ပြည်သူများသည် သင့်ကို အတိုက်အခံပြုကြလိမ့်မည်။ သို့ရာတွင်သူ တို့ကိုခုခံနိုင်စွမ်းရှိအောင် သင့်ကိုယနေ့ငါ ပြုမည်။ သင်သည်ခံတပ်မြို့ကဲ့သို့လည်းကောင်း၊ သံတိုင်နှင့်ကြေးဝါနံရံကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ ငါသည်သင်နှင့်အတူရှိ၍သင့် ကိုကွယ်ကာစောင့်ရှောက်မည်။ သို့ဖြစ်၍သူတို့ သည်သင့်အားနှိမ်နင်းနိုင်ကြလိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ပရောဖက်ဧလိယသည်ယဟောရံထံသို့စာ တစ်စောင်ပေးပို့လိုက်၏။ ထိုစာတွင်``သင်သည် ခမည်းတော်ယောရှဖတ်နှင့်ဘိုးတော်အာသ ၏လမ်းစဉ်ကိုမလိုက်ဘဲဣသရေလဘုရင် တို့၏လမ်းစဉ်ကိုလိုက်သဖြင့် သင့်ဘိုးဘေး ဒါဝိဒ်၏ဘုရားသခင်ထာဝရဘုရား သည်သင့်အားပြစ်ဒဏ်စီရင်တော်မူခဲ့ပြီ။-
``ထာဝရဘုရားက`ဣသရေလပြည်တွင် ဗျာဒိတ်တော်ကိုမေးလျှောက်ရန် ဘုရားမရှိ သောကြောင့်ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ် အားစုံစမ်းမေးမြန်းရန်သံတမန်တို့ကိုစေ လွှတ်ရသလော။ သို့ဖြစ်၍သင်သည်ပြန်လည် ကျန်းမာလာလိမ့်မည်မဟုတ်။ သေလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆိုလေ၏။
ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယဆိုသူ ပရောဖက်က အာဟပ်မင်းအား``မိုးရွာမည်ဟု ငါမပြောမချင်းလာမည့်နှစ်နှစ်သုံးနှစ်တွင် မိုးခေါင်လိမ့်မည်။ ဆီးနှင်းလည်းကျလိမ့်မည် မဟုတ်ကြောင်း ငါကိုးကွယ်၍အသက်ရှင်တော် မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍သင့် အားငါဆို၏'' ဟုဆင့်ဆိုလေသည်။
ကိုယ်တော်သည်အပြစ်မဲ့သူများကို အပြစ်ရှိ သူတို့နှင့်ရော၍သုတ်သင်ပစ်မည်လော။ ထိုသို့ မဖြစ်နိုင်ပါ။ ကိုယ်တော်သည်ထိုသို့မပြုနိုင် ပါ။ ကိုယ်တော်သည်ထိုသို့ပြုလျှင် အပြစ်မဲ့သူ တို့သည်အပြစ်ရှိသူတို့နှင့်အတူဒဏ်ခံရ ကြပါမည်။ ထိုသို့မဖြစ်ပါစေနှင့်။ ကမ္ဘာမြေ ကြီးတစ်ခုလုံးကိုတရားစီရင်သောအရှင် သည် တရားမျှတစွာစီရင်တော်မူမည်မဟုတ် ပါလော'' ဟုလျှောက်လေ၏။