ဟောရှေ 5:5 - Common Language Bible5 ဣသရေလပြည်သားတို့၏မာန်မာန အကျိုးဆက်သည်သူတို့တစ်ဘက်၌ သက်သေခံလိမ့်မည်။ သူတို့သည် မိမိတို့ ၏အပြစ်ကြောင့်ပြိုလဲကြ၏။ ယုဒပြည် သားတို့သည်လည်းသူတို့နှင့်အတူ ပြိုလဲကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible5 ဣ သ ရေ လ၌၊ ကိုယ့် မာ န ပင် မျက် မှောက် ထင် ထင် အ ပြစ် တင် သည် နှင့် အ ညီ၊ ဧ ဖ ရိမ် တည်း ဟူ သော ဣ သ ရေ လ သည်၊ ယု ဒ ပါ၊ ဒု စ ရိုက် ခ လုတ် တိုက်၍ လဲ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible5 ဣသရေလအမျိုး၏မာနသည် သူ့မျက်မှောက်၌ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ ဣသရေလနှင့် ဧဖရိမ်သည် မိမိတို့အပြစ်၌လဲ၍၊ သူတို့နှင့်အတူ ယုဒအမျိုးသည်လည်း လဲလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 အစ္စရေး၏မာနသည် သူတို့မည်သို့သောသူဖြစ်ကြောင်းကို သက်သေပြလေပြီ။ အစ္စရေးနှင့် ဧဖရိမ်တို့သည် ဒုစရိုက်ခလုတ်တိုက်၍ လဲကျကြလိမ့်မည်။ ယုဒသည်လည်း သူတို့နှင့်အတူ ခလုတ်တိုက်လဲကျလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူတို့၏မျက်နှာအမူအရာကသူတို့တွင် အပြစ်ရှိကြောင်းဖော်ပြသက်သေခံလျက် ရှိပေသည်။ သောဒုံမြို့မှလူများကဲ့သို့သူ တို့သည်အပြစ်ကိုပေါ်လွင်ထင်ရှားစွာပြု ကြ၏။ သူတို့သည်အမင်္ဂလာရှိကြ၏။ မိမိ တို့ပျက်စီးရာပျက်စီးကြောင်းကိုသူတို့ ကိုယ်တိုင်ပင်ဖန်တီးပေးကြလေပြီ။
ငါ၏လူမျိုးတော်ကငါ့အား `ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်များ၏ စွပ်စွဲခြင်းကိုခံ၍နေရသော်လည်း၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်၏ နာမတော်ကိုထောက်၍ကူမတော်မူပါ။ ကျွန်တော်မျိုးတို့သည်ကြိမ်ဖန်များစွာ ကိုယ်တော်ရှင်ကို ကျောခိုင်းမိကြပါပြီ။ ကိုယ်တော်ရှင်အားပြစ်မှားမိကြပါပြီ။
သင်၏ဒုစရိုက်ကသင့်ကိုဒဏ်ခတ်လိမ့်မည်။ သင်၏ဖောက်ပြန်မှုကသင့်ကိုအပြစ်ဒဏ် ပေးပါလိမ့်မည်။ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသင် စွန့်ပစ်မှု၊ ငါ့အားမကြောက်မရွံ့တော့ဘဲနေသောအမှုတို့သည် အဘယ်မျှဆိုးညစ်မိုက်မဲသည်ကိုသင်သိရှိ လာလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရဘုရား မြွက်ဟသည်စကားပင်တည်း။