ဟောရှေ 4:7 - Common Language Bible7 အသင်ယဇ်ပုရောဟိတ်တို့၏ဦးရေများ လာသည်နှင့်အမျှငါ့ကိုသင်တို့ပြစ်မှား ကူးလွန်မှုများလာ၏။ ထို့ကြောင့်ငါသည် သင်တို့ဂုဏ်သိက္ခာကိုရှုတ်ချမည်။- အခန်းကိုကြည့်ပါ။Garrad Bible7-8 ပ ရော ဟိတ် တို့ သည် တိုး ပွား သည် နှင့် အ မျှ၊ ငါ့ အား ပြစ် မှား လျက်၊ လူ မျိုး တော့် အ ပြစ် နှင့် အ သက် မွေး သည့် အ လျောက်၊ ထို ဒု စ ရိုက် မှု ကို နှစ် သက် ကြ သော ကြောင့်၊ ဩ ဇာ အ စား အ ရှက် ကို ငါ ပေး မည်။ အခန်းကိုကြည့်ပါ။Judson Bible7 သူတို့သည် ဘုန်းတိုးပွားသည်အတိုင်း ငါ့ကိုပြစ်မှားကြပြီ။ သို့ဖြစ်၍၊ သူတို့၏ဘုန်းကို ငါအရှက်ကွဲစေမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 သူတို့သည် လူဦးရေတိုးလာသည်နှင့်အမျှ ငါ့ကိုဆန့်ကျင်၍ အပြစ်ပြုကြလေပြီ။ ထို့ကြောင့် သူတို့၏ဂုဏ်သရေကို အရှက်ကွဲခြင်းနှင့် လဲပစ်မည်။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-
သင်တို့သည်ဂုဏ်အသရေရှိမှုအစား၊ အရှက်% ရရန်အလှည့်ကြုံလိမ့်မည်။ သင်တို့ကိုယ်တိုင်ပင်% မူးယစ်ကာအရှက်မဲ့၍နေလိမ့်မည်။ ထာဝရ% ဘုရားသည်သင်တို့အား အပြစ်ဒဏ်စပျစ်% ရည်ကိုပင်လျှင် ပြန်၍သောက်စေတော်မူလျက် % သင်တို့ဂုဏ်အသရေရှိမှုကိုအရှက်ရမှု% အဖြစ်သို့ပြောင်းလဲစေတော်မူလိမ့်မည်။-%
``ယဇ်ပုရောဟိတ်တို့၊ ကြားနာကြလော့၊ ဣသရေလပြည်သားတို့ဂရုစိုက်နား ထောင်ကြလော့။ မင်းမျိုးမင်းနွယ်တို့နား ထောင်ကြလော့။ သင်တို့ကိုယ်တိုင်မှန်ကန်စွာ စီရင်ရမည့်သူများဖြစ်သည်။ ထိုအတိုင်း ပင်သင်တို့ကိုလည်းအပြစ်ဒဏ်စီရင်ခြင်း ခံရကြမည်။ သင်တို့သည်မိဇပါမြို့တွင် ထောင်သောထောင်ချောက်၊ တာဗော်တောင်တွင် ဖြန့်ထားသောပိုက်ကွန်၊-
ဘိုးဘေးများလက်ထက်မှအစပြု၍ယနေ့ တိုင်အောင်ပင် ကိုယ်တော်၏လူမျိုးတော်အကျွန်ုပ် တို့သည် လွန်စွာအပြစ်ကူးခဲ့ကြပါ၏။ ထို အပြစ်များကြောင့်အကျွန်ုပ်တို့၏ဘုရင်များ နှင့်ယဇ်ပုရောဟိတ်တို့သည် လူမျိုးခြားဘုရင် များ၏လက်သို့အပ်နှင်းခြင်း၊ ဋ္ဌားဘေးသင့်ခြင်း၊ လုယက်ခြင်း၊ သုံ့ပန်းအဖြစ်ဖမ်းဆီးသွားခြင်း၊ ယခုအခါ၌ကဲ့သို့လုံးဝအသရေပျက် ခြင်းတို့ကိုခံရကြပါ၏။-