ဟောရှေ 11:6 - Common Language Bible6 သူတို့၏မြို့များသည်စစ်ဘေးစစ်ဒဏ်ကို ခံရ၍မြို့တံခါးတို့သည်ပြိုပျက်ကြလိမ့် မည်။ ငါ၏လူမျိုးတော်သည်မိမိတို့၏ဆန္ဒ အတိုင်းကျင့်ကြံကြသဖြင့်သုတ်သင် ဖျက်ဆီးခြင်းခံရလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible6 အ ကြံ အ စည် များ ကြောင့်၊ မြို့ ရွာ များ သည် ဓား ဝင့် ခြင်း၊ မင်း ထုပ် များ လည်း ဓား ခုတ် ဖျက် ခြင်း သို့ ရောက် ရ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible6 ဓားဘေးသည် သူ့နေရာမြို့တို့အပေါ်သို့ ရောက်၍ မင်းတို့ကို ဖျက်ဆီးလိမ့်မည်။ သူတို့ ကြံစည်ခြင်းအားဖြင့်ပင် သုတ်သင်ပယ်ရှင်းလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ဓားဘေးသည် သူတို့မြို့သို့ရောက်လာ၍ မြို့တံခါးများကို ဖျက်ဆီးပစ်မည်။ သူတို့၏အကြံအစည်တို့ကိုလည်း ဝါးမျိုပစ်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ယုဒပြည်ကိုအစိုးရ သူတို့သည်အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့် ဆိုသော်သူတို့သည်ငါ့ကိုမုန်းသောကြောင့် ဖြစ်၏။ သူတို့သည်ငါ၏အလိုတော်နှင့်ဆန့် ကျင်သည့်အကြံအစည်များကိုပြု၍ ငါ၏ ခွင့်ပြုချက်မရဘဲမဟာမိတ်စာချုပ်များ ကိုချုပ်ဆိုကာ၊ အပြစ်တစ်ခုအပေါ်တွင် တစ်ခုထပ်ဆင့်၍ကူးလွန်ကြ၏။-
သူတို့သည်သင်တို့၏အသီးအနှံများနှင့်အစာရေစာများကိုစားသောက်ကာ သင်တို့သားသမီးများကိုသတ်ကြလိမ့်မည်။ သူတို့သည်သင်တို့သိုးအုပ်၊ နွားအုပ်များကိုစားကြလိမ့်မည်။ သင်တို့စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကိုလည်းစားကြလိမ့်မည်။ သူတို့၏တပ်မတော်သည်သင်တို့အားကိုးအားထားပြုသည့်ခံတပ်မြို့များကိုဖြိုဖျက်ပစ်ကြလိမ့်မည်။''
မြို့တံခါးတို့သည်ကန့်လန့်ကျင်များကျိုးပဲ့ကာ အမှိုက်ပုံအောက်တွင်မြုပ်၍နေလေ၏။ ရှင်ဘုရင်နှင့်မင်းညီမင်းသားတို့သည်ယခုအခါ တိုင်းတစ်ပါးတွင်ပြည်နှင်ဒဏ်သင့်လျက်ရှိကြ၏။ ပညတ်တရားတော်ကိုသွန်သင်မှုမရှိတော့ သဖြင့် ပရောဖက်များသည်ထာဝရဘုရား၏ ထံတော်မှ ဗျာဒိတ်ရူပါရုံများကိုမတွေ့မမြင်ရကြ။
တောင်အရပ်မှသစ်တောအားအရှင်ထာဝရ ဘုရားကထာဝရဘုရား၏နှုတ်ကပတ် တော်ကိုနားထောင်လော့။ ငါသည်မီးမွှေးလျက် ရှိ၏။ ထိုမီးသည်သင်၏သစ်ပင်ခြောက်ရှိ သမျှနှင့်သစ်ပင်စိုရှိသမျှတို့ကိုကျွမ်း လောင်စေလိမ့်မည်။ မီးတောက်များကိုအဘယ် အရာမျှမငြိမ်းမသတ်နိုင်ရာ။ ထိုမီးသည် တောင်အရပ်မှမြောက်အရပ်သို့ပျံ့နှံ့သွား ကာ မြေတစ်ပြင်လုံးကိုကျွမ်းလောင်စေ လိမ့်မည်။-
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသခင်က``ဣသရေလ၏မာနကိုငါရွံရှာ ၏။ သူတို့စည်းစိမ်ခံရာအိမ်ကြီးများကို လည်းငါစက်ဆုတ်၏။ သူတို့မြို့တော်နှင့်မြို့ တွင်းရှိအရာအားလုံးကို ရန်သူ့လက်သို့ ငါပေးအပ်လိုက်မည်'' ဟုအရှင်ထာဝရ ဘုရားအလေးအနက်ကျိန်ဆိုသတိ ပေးတော်မူပြီ။