ဟောရှေ 11:3 - Common Language Bible3 သို့ရာတွင်ငါသာလျှင်ဧဖရိမ်ကို လမ်းလျှောက်တတ်ရန်သင်ပေးခဲ့သူဖြစ်၍၊ ငါသည်သူတို့ကိုလက်ဖြင့်ပိုက်ထွေးခဲ့၏။ သို့သော်လည်းငါသည်သူတို့အားစောင့် ရှောက် ပြုစုခဲ့ကြောင်းကိုသူတို့မသိ။ အခန်းကိုကြည့်ပါ။Garrad Bible3 ငါ သည် ဧ ဖ ရိမ် ကို ပွေ့ ချီ၍၊ ခြေ လှမ်း ရန် သင် ပေး သော် လည်း၊ ကု သ သူ ငါ ဖြစ် ကြောင်း မ သိ ခဲ့ လေ။ အခန်းကိုကြည့်ပါ။Judson Bible3 ငါသည် သွားတတ်သောအတတ်ကို ဧဖရိမ်အား လက်ဆွဲ၍ သွန်သင်၏။ သို့သော်လည်း၊ ငါစောင့်မခြင်းကျေးဇူးကို သူသည် မသိဘဲနေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ငါသည် ဧဖရိမ်ကို လမ်းလျှောက်သင်ပေးခဲ့၏။ ပွေ့ချီခဲ့၏။ သူတို့အား ငါကုသပေးခဲ့သည်ကို သူတို့ မသိကြ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``သင်တို့သည်ငါ၏ စကားကိုတစ်သဝေမတိမ်းနာခံ၍ငါ နှစ်သက်သောအကျင့်ကိုကျင့်ပြီး ပညတ် သမျှတို့ကိုလိုက်နာလျှင်၊ ငါသည်အီဂျစ် အမျိုးသားတို့အပေါ်တွင်ကျရောက်စေ သောရောဂါမျိုးများကို သင်တို့အပေါ်တွင် မည်သည့်အခါမျှကျရောက်စေမည်မဟုတ်။ ငါသည်သင်တို့၏ရောဂါကိုပျောက်ကင်း စေသောထာဝရဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။
လသည်နေတမျှထွန်းလင်းတောက်ပလျက် နေသည်လည်း ခုနစ်စင်းပြိုင်တူထွက်သကဲ့ သို့ ခါတိုင်းထက်ခုနစ်ဆထွန်းလင်းတောက်ပ လိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော် ရရှိခဲ့သည်ဒဏ်ရာဒဏ်ချက်များကိုအဝတ် နှင့်ပတ်စည်း၍ အနာများကိုကုသပျောက် ကင်းစေတော်မူသောအခါ၊ ဤအမှုအရာ အပေါင်းသည်ဖြစ်ပျက်၍လာလိမ့်မည်။
ငါ၏လူတို့အားတစ်ဖန်ကြီးပွားလာစေ၍ ``ဣသရေလပြည်သားတို့၏ရောဂါကိုပျောက် ကင်းစေလိုသည့်အခါတိုင်း ငါသည်သူတို့၏ ဆိုးယုတ်မှုနှင့်အပြစ်ဒုစရိုက်ကိုသာတွေ့ နေရ၏။ သူတို့သည်အချင်းချင်းလိမ်လည် လှည့်ဖြားကြ၏။ အိမ်များထဲသို့ဖောက်ထွင်း ဝင်ရောက်၍ဥစ္စာပစ္စည်းများကိုခိုးယူကြ၏။ လမ်းသွားလမ်းလာများကိုလုယက်ကြ၏။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ပတ်လုံး သင်တို့ အားတောကန္တာရကိုဖြတ်၍ပို့ဆောင်တော်မူ ခဲ့၏။ ထိုစဉ်ကသင်တို့သည်ပညတ်တော်များ ကို လိုက်နာလိုသောစိတ်ဆန္ဒရှိသည်မရှိသည် ကိုစစ်ဆေးရန် သင်တို့အားဆင်းရဲဒုက္ခအမျိုး မျိုးရောက်စေခဲ့ကြောင်းကိုသတိရကြလော့။-