| သူကြီး 9:43 - Common Language Bible43 မိမိ၏လူတို့ကိုသုံးစုခွဲ၍လယ်များတွင်ပုန်း အောင်းစောင့်ဆိုင်းလျက်နေ၏။ မြို့ထဲမှလူတို့ ထွက်လာသည်ကိုမြင်လျှင် သူသည်ပုန်းအောင်း ရာမှထွက်၍သူတို့အားလုပ်ကြံလေ၏။-အခန်းကိုကြည့်ပါ။ Garrad Bible43 ရဲ မက် တို့ ကို သုံး တပ် ခွဲ ပြီး လျှင်၊ ချောင်း၍ ကြည့် နေ စဉ် မြို့ သား တို့ ထွက် လာ သည့် အ ခိုက် ထ၍ လုပ် ကြံ ရာအခန်းကိုကြည့်ပါ။ Judson Bible43 မိမိလူတို့ကို သုံးစုခွဲ၍ တော၌ ချောင်းမြောင်းလျက် နေသဖြင့်၊ မြို့သားတို့သည် ထွက်လာကြသောအခါ ထ၍လုပ်ကြံလေ၏။အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း43 သူ့လူတို့ကို သုံးဖွဲ့ခွဲ၍ မြို့ပြင်တွင် ကင်းပုန်းချ၏။ မြို့ထဲမှလူတို့ထွက်လာသည်ကို မြင်လျှင် သူတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။အခန်းကိုကြည့်ပါ။ | 
နောက်တစ်နေ့နံနက်၌ရှောလုသည်မိမိ ၏လူတို့ကိုသုံးတပ်ခွဲပြီးလျှင် အရုဏ် တက်ချိန်၌ ရန်သူတပ်စခန်းကိုအတင်း ဝင်၍တိုက်ခိုက်ရာမွန်းတည့်ချိန်ရောက်သော် အမ္မုန်အမျိုးသားတို့ကျဆုံးကြကုန်၏။ မသေဘဲကြွင်းကျန်နေသူတို့သည်လည်း တကွဲတပြားကိုယ်လွတ်ရုန်း၍ထွက်ပြေး ကြလေသည်။
ထိုနောက်သူသည်ထိုတပ်တို့ကိုသုံးစုခွဲ ၍စေလွှတ်တော်မူ၏။ တစ်စုကိုယွာဘအား လည်းကောင်း၊ တစ်စုကိုယွာဘ၏ညီအဘိရှဲ အားလည်းကောင်း၊ အခြားတစ်စုကိုဂါသ မြို့သားအိတ္တဲအားလည်းကောင်းဦးစီးစေ တော်မူ၏။ ထိုနောက်မင်းကြီးသည်မိမိ၏ လူတို့အား``ငါကိုယ်တိုင်သင်တို့နှင့်အတူ ချီတက်မည်'' ဟုမိန့်တော်မူ၏။