Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ကြီး 6:39 - Common Language Bible

39 ထို​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ် ကို​အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ယ​ခု​တစ် ကြိမ်​သာ​လျှင်​ထပ်​မံ​လျှောက်​ထား​ခွင့်​ပြု​တော် မူ​ပါ။ သိုး​မွေး​နှင့်​နောက်​တစ်​ကြိမ်​ထပ်​မံ​စမ်း သပ်​ခွင့်​ပြု​တော်​မူ​ပါ။ ဤ​တစ်​ကြိမ်​၌​သိုး မွေး​သည်​ခြောက်​သွေ့​လျက် မြေ​ကြီး​သည် နှင်း​စို​လျက်​နေ​စေ​တော်​မူ​ပါ'' ဟု​လျှောက် ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

39 တစ် ဖန် လည်း ဂိ ဒေါင် က၊ အ ကျွန်ုပ် အ ပေါ် တွင် စိတ် ရှိ တော် မ မူ ပါ နှင့်။ ယ ခု တစ် ကြိမ် တစ် ခါ သာ သိုး မွေး အား ဖြင့် စုံ စမ်း လျက် လျှောက် ထား ပါ ရ စေ။ မြေ တစ် ပြင် လုံး နှင်း စို လျက် ကြဲ ထား သော သိုး မွေး ကို သာ ခြောက် သွေ့ ပါ စေ ဟု ဘု ရား သ ခင် အား လျှောက် ထား သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

39 တစ်​ဖန် ဂိ​ဒေါင်​က၊ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ တစ်​ကြိမ်​သာ​လျှောက်​ပါ​ဦး​မည်။ သိုး​တစ်​ကောင်၏​အ​မွေး​နှင့် ယ​ခု​တစ်​ကြိမ်​သာ စုံ​စမ်း​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ မြေ​တစ်​ပြင်​လုံး​သည် နှင်း​စို၍ သိုး​မွေး​သွေ့​ခြောက်​ပါ​စေ​ဟု ဘု​ရား​သ​ခင်​အား တောင်း​လျှောက်​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

39 တစ်ဖန် ဂိဒေါင်​က ဘုရားသခင်​အား “​အကျွန်ုပ်​ကို အမျက်ထွက်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​လျှောက်ထား​ပါရစေ​။ နောက်​တစ်ကြိမ် သိုးမွေး​ဖြင့် စမ်းသပ်​ခွင့်​ပြု​တော်မူ​ပါ​။ မြေ​တစ်ပြင်လုံး​နှင်းစို​၍ သိုးမွေး​ကို​သာ ခြောက်သွေ့​စေ​တော်မူ​ပါ​”​ဟု လျှောက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 6:39
14 ပူးပေါင်းရင်းမြစ်များ  

နောက်​တစ်​ဖန်​အာ​ဗြ​ဟံ​က``အို ဘု​ရား​ရှင်၊ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​တစ် ကြိမ်​သာ​ထပ်​၍​လျှောက်​တင်​ပါ​ရ​စေ။ အ​ပြစ် မဲ့​သူ​ဆယ်​ယောက်​မျှ​သာ​ရှိ​လျှင် မြို့​ကို​ဖျက် ဆီး​ပစ်​ဦး​မည်​လော'' ဟု​လျှောက်​ပြန်​သည်။ ကိုယ်​တော်​က``အ​ပြစ်​မဲ့​သူ​ဆယ်​ယောက်​ရှိ လျှင် မြို့​ကို​ငါ​မ​ဖျက်​ဆီး'' ဟု​မိန့်​တော်​မူ​၏။-


``ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ်​ရန် လာ​စဉ်​အ​ခါ​က၊ အ​ဘယ်​ကြောင့်​သူ​တို့​သည်​ငါ့​အား​တုံ့​ပြန် ဖြေ​ကြား​မှု​မ​ပြု​ကြ​ပါ​သ​နည်း။ ငါ​ခေါ်​သော​အ​ခါ​အ​ဘယ်​ကြောင့်​မ​ထူး​ကြ ပါ​သ​နည်း။ ငါ​သည်​သူ​တို့​ကို​ကယ်​နိုင်​စွမ်း​မ​ရှိ​အောင်​ပင် အား​အင်​ချည့်​နဲ့​၍​နေ​ပါ​သ​လော။ ပင်​လယ်​ကို​အ​မိန့်​ပေး​၍​ငါ​ခန်း​ခြောက်​စေ​နိုင်​၏။ မြစ်​များ​ကို​သဲ​ကန္တာ​ရ​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင်​၏။ ထို​မြစ်​တို့​တွင်​ရေ​မ​ရှိ​သ​ဖြင့်​ငါး​များ သေ​ကြ​ကုန်​၏။


``သို့​ဖြစ်​၍​သင်​တို့​အား​ငါ​ဆို​သည်​ကား​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​ကို​သင်​တို့​ထံ​မှ​ရုပ်​သိမ်း​၍ နိုင်​ငံ​တော်​နှင့်​ထိုက်​လျောက်​သည့်​အ​ကျင့်​သီ​လ ရှိ​သော​လူ​မျိုး​အား​ပေး​လိမ့်​မည်။-


ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​က​ယ​ခင်​က​ထက်​ပို​မို ရဲ​ရင့်​စွာ​ဟော​ကြား​သည်​မှာ ``ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို သင်​တို့​အား ဦး​စွာ​ပ​ထ​မ​ဟော​ပြော​ရ​ပေ​မည်။ သို့​ရာ​တွင် သင်​တို့​သည်​ထို​တ​ရား​တော်​ကို​ပစ်​ပယ်​ကာ မိ​မိ တို့​ကိုယ်​ကို​ထာ​ဝ​ရ​အ​သက်​နှင့်​မ​ထိုက်​မ​တန် သူ​များ​ဖြစ်​သည်​ဟု​စီ​ရင်​ကြ​သော​ကြောင့် ငါ​တို့ သည်​သင်​တို့​ထံ​မှ​ထွက်​ခွာ​၍​လူ​မျိုး​ခြား​တို့ ထံ​သို့​သွား​ကြ​ပါ​မည်။-


သို့​ရာ​တွင်​နိုင်​ငံ​တော်​သား​ဖြစ်​သင့်​သူ​တို့​မူ​ကား ပြင်​ပ​အ​မှောင်​ထဲ​သို့​ထုတ်​ပစ်​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။ ထို​အ​ရပ်​တွင်​သူ​တို့​သည်​ငို​ကြွေး​မြည် တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-


နိ​ဂုံး​ချုပ်​အ​နေ​ဖြင့်​ပေါ​လု​က ``သို့​ဖြစ်​၍ ကယ်​တင်​တော်​မူ​ခြင်း​ဆိုင်​ရာ​ဘု​ရား​သ​ခင်​၏ ကယ်​တင်​ခြင်း​တ​ရား​ကို လူ​မျိုး​ခြား​တို့​ကြား နာ​ရန်​ဟော​ပြော​မည့်​သူ​တို့​ကို​စေ​လွှတ်​ပြီ​ဖြစ် ၍ သူ​တို့​သည်​ကြား​နာ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း သင်​တို့​သိ​မှတ်​ကြ​လော့'' ဟု​ဆို​၏။


သ​ခင်​ဘု​ရား​က `သွား​လော့။ ရပ်​ဝေး​ရှိ​လူ​မျိုး ခြား​တို့​ထံ​သို့​သင့်​အား​ငါ​စေ​လွှတ်​မည်' မိန့် တော်​မူ​၏'' ဟု​ဆို​၏။


ယင်း​သို့​လျှောက်​ထား​သည့်​အ​တိုင်း​ဖြစ်​လေ သည်။ ဂိ​ဒေါင်​သည်​နောက်​တစ်​နေ့​နံ​နက်​စော စော​ထ​၍ သိုး​မွေး​ကို​ညှစ်​ကြည့်​ရာ​နှင်း​ရည် အင်​တုံ​တစ်​လုံး​အ​ပြည့်​ရ​ရှိ​လေ​သည်။-


ထို​ည​၌​လည်း​ဘု​ရား​သ​ခင်​သည်​ဂိ​ဒေါင် လျှောက်​ထား​သည့်​အ​တိုင်း​ပင်​ဖြစ်​စေ​တော် မူ​၏။ နောက်​တစ်​နေ့​နံ​နက်​၌​သိုး​မွေး​သည် ခြောက်​သွေ့​လျက်​မြေ​ကြီး​မှာ​မူ​စွတ်​စို လျက်​နေ​၏။


တစ်​ဖန်​အာ​ဗြ​ဟံ​က``အို ဘု​ရား​ရှင်၊ အ​မျက် ထွက်​တော်​မ​မူ​ပါ​နှင့်။ တစ်​ကြိမ်​ထပ်​၍​လျှောက် တင်​ပါ​ရ​စေ။ အ​ပြစ်​မဲ့​သူ​သုံး​ဆယ်​ရှိ​လျှင် မြို့​ကို​ဖျက်​ဆီး​ပစ်​ဦး​မည်​လော'' မေး​လျှောက် ပြန်​၏။ ကိုယ်​တော်​က``အ​ပြစ်​မဲ့​သူ​သုံး​ဆယ်​ရှိ​လျှင် ငါ​သည်​မြို့​ကို​မ​ဖျက်​ဆီး'' ဟု​မိန့်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ