Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ကြီး 6:15 - Common Language Bible

15 ဂိ​ဒေါင်​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​အ​ဘယ်​သို့​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​ကယ်​ဆယ်​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​၏​သား ချင်း​စု​သည်​မ​နာ​ရှေ​အ​နွယ်​တွင် အား​အ​နည်း ဆုံး​သော​သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​လည်း မိ​မိ​၏​မိ​သား​စု​တွင်​အ​ရေး​မ​ပါ၊ အ​ရာ မ​ရောက်​ဆုံး​သော​သူ​ဖြစ်​ပါ​သည်'' ဟု ပြန် လည်​လျှောက်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ဂိ ဒေါင် က၊ အို အ ရှင် မြတ်၊ ဣ သ ရေ လ လူ မျိုး ကို ကယ် ဆယ် ရန် အ ကျွန်ုပ်၌ မည် သည့် တန် ခိုး ရှိ ပါ သ နည်း။ မ နော ရှေ့ အ နွယ် တွင် အ ကျွန်ုပ် ၏ အ ဆွေ အ မျိုး တို့ ဆင်း ရဲ လှ ပါ ၏။ အ ကျွန်ုပ် လည်း အ ဘ၏ အိမ် သား တို့ တွင် အ သိမ် အ ဖျင်း ဖြစ် ပါ သည် ဟု ပြန် လျှောက် သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ဂိ​ဒေါင်​က​လည်း၊ အို​သ​ခင်၊ အ​ကျွန်ုပ်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ဘယ်​သို့ ကယ်​နုတ်​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး​သည် မ​နာ​ရှေ​အ​မျိုး၌ သာ၍​ဆင်း​ရဲ​ပါ၏။ အ​ကျွန်ုပ်​သည်​လည်း၊ ကိုယ်​အ​ဆွေ​အ​မျိုး၌ အ​ယုတ်​ဆုံး​သော သူ​ဖြစ်​ပါ၏​ဟု လျှောက်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ဂိဒေါင်​က​လည်း “​အို ဘုရားရှင်​၊ အကျွန်ုပ်​သည် အစ္စရေး​လူမျိုး​ကို မည်သို့​ကယ်တင်​နိုင်​ပါ​မည်နည်း​။ မနာရှေ​အမျိုးအနွယ်​တွင် အကျွန်ုပ်​၏​မျိုးနွယ်စု​သည် အဆင်းရဲဆုံး​ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​မိသားစု​တွင် အကျွန်ုပ်​သည် အသိမ်ငယ်ဆုံး​ဖြစ်​ပါ​၏​”​ဟု ပြန်လျှောက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 6:15
13 ပူးပေါင်းရင်းမြစ်များ  

ရှော​လု​က``အ​ကျွန်ုပ်​သည် ဗင်္ယာ​မိန်​အ​နွယ်​ဝင် ဖြစ်​ပါ​၏။ ထို​သား​ချင်း​စု​သည်​ဣ​သ​ရေ​လ အ​မျိုး​တွင်​အ​သေး​ငယ်​ဆုံး​ဖြစ်​ပါ​၏။ အ ကျွန်ုပ်​၏​အိမ်​ထောင်​စု​သည်​လည်း ထို​သား​ချင်း စု​တွင်​အ​သိမ်​ငယ်​ဆုံး​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍ အ​ရှင်​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား ဤ​သို့​မိန့်​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​၏။


မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ် သည်​သာ​မ​ည​လူ​တစ်​ယောက်​သာ​ဖြစ်​ပါ​၏။ ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်​ပြီး​လျှင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် သည့်​ကိစ္စ​ကို​အ​ဘယ်​သို့​ဆောင်​ရွက်​နိုင်​ပါ​မည် နည်း'' ဟု​လျှောက်​၏။


သို့​ရာ​တွင် မော​ရှေ​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အား​စေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။ အကျွန်ုပ် သည်​မည်​သည့်​အ​ခါ​က​မျှ​နှုတ်​သတ္တိ​မ​ရှိ​ခဲ့ ပါ။ ကိုယ်​တော်​ရှင်​က​အ​ကျွန်ုပ်​အား​မိန့်​ကြား ပြီး​သည်​အ​ခါ​၌​ပင်၊ နှုတ်​သတ္တိ​မ​ရှိ​သေး​ပါ။ အ​ကျွန်ုပ်​သည်​နှုတ်​စ၊ လျှာ​စ​လေး​သူ၊ စ​ကား ပြော​နှေး​သူ​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လေ​၏။


ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး သည်​အ​သက်​အ​ရွယ်​ငယ်​လွန်း​သည်​ဖြစ်​၍ အ​ဘယ်​သို့​ဟော​ပြော​ရ​မည်​ကို​မ​သိ​ပါ'' ဟု​လျှောက်​ထား​၏။


ငါ​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​တွင်​အ​သိမ် ငယ်​ဆုံး​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ကိုယ်​တော်​သည် ခ​ရစ်​တော်​၏​အ​တိုင်း​မ​သိ​ကြွယ်​ဝ​ချမ်း​သာ ခြင်း​ဆိုင်​ရာ​သ​တင်း​ကောင်း​ကို​လူ​မျိုး​ခြား တို့​အား​ဟော​ပြော​ကြေ​ညာ​ရန်​နှင့်၊-


ငါ​သည်​တ​မန်​တော်​တို့​တွင်​အ​ညံ့​ဆုံး​ဖြစ်​၏။ ဘု​ရား​သ​ခင်​၏​အသင်း​တော်​ကို​နှိပ်​စက်​ညှဉ်း​ဆဲ ခဲ့​သူ​ဖြစ်​သ​ဖြင့် တ​မန်​တော်​ဟူ​၍​ပင်​အ​ခေါ် မ​ခံ​ထိုက်။-


မာ​ရိ​က ``ကျွန်​မ​သည်​သ​တို့​သ​မီး​က​ညာ​ဖြစ် သ​ဖြင့်​အ​ဘယ်​သို့​လျှင်​ကိုယ်​ဝန်​ဆောင်​၍​သား ဖွား​နိုင်​ပါ​မည်​နည်း'' ဟု​ကောင်း​ကင်​တ​မန်​အား မေး​၏။


ထာ​ဝ​ရ​ဘု​ရား​က``ဧ​ဖ​ရတ်​ခ​ရိုင်၊ ဗက်​လင် မြို့၊ သင်​သည်​ယု​ဒ​ပြည်​တွင်​သိမ်​ငယ်​သော မြို့​တစ်​မြို့​ဖြစ်​သော်​လည်း ရှေး​မင်း​ဆက်​ထဲ မှ​ဣ​သ​ရေ​လ​အမျိုး​သား​တို့​ကို​အုပ်​စိုး မည့်​ဘု​ရင်​တစ်​ပါး​ကို​ငါ​ပေါ်​ထွန်း​စေ မည်'' ဟု​မိန့်​တော်​မူ​၏။


သို့​ဖြစ်​၍​ဗာ​ဗု​လုန်​မြို့​အ​တွက်​ငါ​ပြု​လုပ် ထား​သည့်​အ​ကြံ​အ​စည်​ကို​လည်​ကောင်း၊ မြို့ သူ​မြို့​သား​များ​အ​တွက်​ငါ​ကြံ​စည်​ထား သည့်​အ​မှု​အ​ရာ​ကို​လည်း​ကောင်း​နား​ထောင် ကြ​လော့။ ရန်​သူ​သည်​သူ​တို့​၏​သား​သ​မီး များ​ကို​ပင်​လျှင်​ဒ​ယဥ့်​တိုက်​ဆွဲ​၍​ခေါ်​ဆောင် သွား​လိမ့်​မည်။ တွေ့​မြင်​ရ​သူ​အ​ပေါင်း​တို့ သည်​လန့်​ဖျပ်​တုန်​လှုပ်​ကြ​လိမ့်​မည်။-


ထို့​ကြောင့်​သူ​တို့​သည်​မင်း​ကြီး​မှာ​ကြား​သည့် အ​တိုင်း​ဒါ​ဝိဒ်​အား​တိုက်​တွန်း​ကြ​၏။ ဒါ​ဝိဒ် က``ဘု​ရင့်​သ​မက်​တော်​ဖြစ်​ရ​သည်​မှာ​အ​ထူး ဂုဏ်​ယူ​ဖွယ်​ရာ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​ကဲ့​သို့ မ​ရေ​ရာ​သူ​ဆင်း​ရဲ​သား​တစ်​ယောက်​အ​တွက် မ​ထိုက်​တန်​သော​အ​ခွင့်​အ​ရေး​ဖြစ်​ပါ​၏'' ဟု​ဆို​၏။


ကိုယ်​တော်​အ​မြဲ​ထား​တော်​မူ​သော​က​ရု​ဏာ တော်​နှင့်​ကိုယ်​တော်​၏​ကျွန်​သည်​မ​ထိုက်​တန် ပါ။ အ​ကျွန်ုပ်​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး စဉ်​အ​ခါ​က အ​ကျွန်ုပ်​၌​လက်​ကိုင်​တောင်​ဝှေး တစ်​ချောင်း​သာ​ပါ​သွား​သော်​လည်း ယ​ခု​မှာ မူ​ဤ​လူ​စု​နှစ်​စု​ပါ​လျက်​ပြန်​လာ​ခဲ့​ရ ပါ​သည်။-


ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သြ​ဖ​ရ​ရွာ​သို့​လာ​၍ အ​ဗျေ​ဇာ​သား​ချင်း စု​ဝင်​တစ်​ဦး​ဖြစ်​သူ၊ ယော​ရှ​၏​သ​ပိတ်​ပင် အောက်​၌​ထိုင်​လေ​သည်။ ယော​ရှ​၏​သား​ဂိ​ဒေါင် သည် မိ​မိ​အား​မိ​ဒျန်​အ​မျိုး​သား​တို့​မ​တွေ့ မ​မြင်​နိုင်​စေ​ရန် စ​ပျစ်​သီး​နယ်​ရာ​ကျင်း​တွင် ဂျုံ​စပါး​နယ်​လျက်​နေ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ