သူကြီး 5:16 - Common Language Bible16 သူတို့သည်အဘယ်ကြောင့်သိုးများနှင့်အတူ နေရစ်ခဲ့ကြပါသနည်း။ သိုးစုများအားသိုးထိန်းတို့ခေါ်သံကို နားထောင်လို၍လော။ ရုဗင်အနွယ်ဝင်တို့ညီညွတ်မှုမရှိသည်ကား မှန်၏။ သူတို့သည်မိမိတို့၏စိတ်ကိုမဆုံးဖြတ်နိုင်ကြ။ အခန်းကိုကြည့်ပါ။Garrad Bible16 သိုး ကို ခေါ် သံ နာ ခံ လို၍ သိုး ခြံ အ နီး တွင် အ ဘယ် ကြောင့် ထိုင် နေ ဘိ သ နည်း။ ရု ဗင့် အ မျိုး အ နွယ် တို့ တွင် ပြင်း စွာ တွေး တော ဆင် ခြင် ခြင်း ရှိ လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible16 နောက်တစ်ဖန် သင်သည် သိုးမြည်သံကို နားထောင်ခြင်းငှာ တောင်ကြားမှာ အဘယ်ကြောင့် ထိုင်နေသနည်း။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံးတွန့်တိုခြင်းများကြသည်တကား။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 သိုးခြံထဲမှာ အဘယ်ကြောင့် ထိုင်နေသနည်း။ သိုးထိန်းတို့၏ပလွေသံကို နားထောင်လိုသောကြောင့်လော။ ရုဗင်အမျိုးထဲတွင် အကြီးအကျယ်ဝေခွဲမရ ဖြစ်လေပြီ။ အခန်းကိုကြည့်ပါ။ |
ဣသခါအနွယ်ဝင်တို့၏ခေါင်းဆောင်များ သည် ဒေဗောရနှင့်အတူလိုက်ပါလာကြ၏။ ဣသခါအနွယ်ဝင်တို့သည်ဗာရက်နှင့်အတူ လိုက်လာကြ၏။ သူတို့သည်ဗာရက်နှင့်အတူလိုက်၍ ချိုင့်ထဲသို့ဆင်းခဲ့ကြ၏။ ရုဗင်အနွယ်ဝင်တို့မူကားညီညွတ်မှုမရှိသဖြင့် လိုက်ပါလာရန်မိမိတို့စိတ်ကိုမဆုံးဖြတ်နိုင်ကြ။