သူကြီး 19:3 - Common Language Bible3 ထိုအခါလင်ဖြစ်သူသည်သူ့အားချော့မော့၍ မိမိထံပြန်လာရန်ကြိုးစားမည်ဟုဆုံးဖြတ် ကာ မိမိနှင့်အတူမြည်းနှစ်ကောင်နှင့်အစေခံ ကိုပါခေါ်၍သွား၏။ သူငယ်မသည်လေဝိ အမျိုးသားအားအိမ်ထဲသို့ဝင်ရန်ဖိတ်ခေါ် လိုက်ရာဖခင်ဖြစ်သူသည် သူ့ကိုမြင်လျှင် ဝမ်းမြောက်စွာကြိုဆိုလက်ခံလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible3 လင် ထ၍ ငယ် သား တစ် ယောက် နှင့် မြည်း နှစ် စီး ပါ ဖျောင်း ဖျ ပြော ဆို ပြန် သိမ်း ရန် လိုက် သွား ရောက် ရှိ သော်၊ အ ဖ အိမ် သို့ မ ယား ခေါ် သွင်း သ ဖြင့် အ ဖ မြင် လျှင် မြင် ချင်း ဝမ်း မြောက် စွာ လက် ခံ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible3 လင်သည် သူ့ကိုချော့မော့၍ ဆောင်ခဲ့ခြင်းငှာ ငယ်သားတစ်ယောက်နှင့် မြည်းနှစ်စီးပါလျက် ထသွား၍ ရောက်သောအခါ၊ မယားငယ်သည် မိမိအဘအိမ်ထဲသို့ ခေါ်သွင်း၍၊ အဘသည် သမက်ကိုတွေ့မြင်လျှင် ဝမ်းမြောက်သောစိတ်ရှိ၍ သိမ်းဆည်းလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 သူ့ခင်ပွန်းကလည်း သူ့ကိုချော့မော့ပြီး ပြန်ခေါ်လာရန် မိမိငယ်သားနှင့်အတူ မြည်းနှစ်ကောင်နှင့် ခရီးထွက်လာခဲ့၏။ မယားငယ်သည် ခင်ပွန်းသည်ကို ဖခင်အိမ်သို့ခေါ်သွား၍ ဖခင်ကမြင်သောအခါ ဝမ်းသာအားရကြိုဆို၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``အကယ်၍တစ်စုံတစ် ယောက်သည် မိမိ၏ဇနီးကိုကွာရှင်းလိုက် သောအခါ ထိုအမျိုးသမီးသည်သူ၏ထံ မှထွက်ခွာ၍အခြားအမျိုးသားတစ်ဦး နှင့်အိမ်ထောင်ပြု၏။ ထိုအခါပထမခင်ပွန်း သည်မိမိ၏ဇနီးဟောင်းကိုတစ်ဖန်ပြန်၍ မသိမ်းမယူအပ်။ ပြန်၍သိမ်းယူခဲ့သော်ထို တိုင်းပြည်သည်လုံးဝညစ်ညမ်း၍သွားပေ မည်။ သို့ရာတွင်အချင်းဣသရေလ၊ သင်သည် ချစ်သူအမြောက်အမြားထားပြီးမှ ယခု ငါ့ထံသို့ပြန်၍လာလိုသည်တကား။-