သူကြီး 16:8 - Common Language Bible8 သို့ဖြစ်၍ဖိလိတ္တိဘုရင်တို့သည်မခြောက်သေး သောလေးကြိုးအသစ်ခုနစ်ပင်ကိုဒေလိလ အားပေးသဖြင့် ဒေလိလသည်ရှံဆုန်အား ချည်နှောင်ထားလိုက်လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible8-9 ထို အ ခါ မိန်း မ သည် အိပ် ခန်း တွင် ချောင်း မြောင်း သူ တို့ ကို ထား လျက် ဖိ လိ တ္တိ မင်း ဘို့ ယူ လာ သည့် မ ခြောက် သေး သော ဒူး လေး ကြိုး အ စို ခု နစ် ပင် ဖြင့် ရှံ ဆုန် ကို ချည် နှောင် ပြီး လျှင် အို ရှံ ဆုန်၊ သင့် အ ပေါ် တွင် ဖိ လိ တ္တိ တို့ ရောက် ရှိ ပြီး တ ကား ဟု အော် ဟစ် သော် မီး ကျ၍ ပြတ် သော ဝါ ချည် ကဲ့ သို့ ဒူး လေး ကြိုး ကို သူ ဖြတ် လိုက် သော ကြောင့် ခွန် အား အ ကြောင်း မ သိ ကြ သေး ချေ။ အခန်းကိုကြည့်ပါ။Judson Bible8 ထိုအခါ ဖိလိတ္တိမင်းတို့သည် တစ်ခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းတို့ကို ယူခဲ့၍၊ ထိုမိန်းမသည် ရှံဆုန်ကို ချည်နှောင်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ထိုအခါ ဖိလိတ္တိမင်းတို့သည် မခြောက်သေးသောလေးကြိုးအသစ်ခုနစ်ချောင်းကို ဒေလိလအား ယူလာပေးရာ ဒေလိလကလည်း ထိုကြိုးတို့ဖြင့် ရှံဆုန်ကို ချည်နှောင်လေ၏။ အခန်းကိုကြည့်ပါ။ |
သူမသည်အခြားအခန်းတစ်ခုထဲ၌လူ အချို့ကိုစောင့်၍နေစေပြီးလျှင်``ရှံဆုန်၊ ဖိလိတ္တိ အမျိုးသားတို့လာနေကြပြီ'' ဟုဟစ်အော်၏။ သို့ရာတွင်ရှံဆုန်သည်ထိုလေးကြိုးတို့ကိုမီး ထိသည့်ချည်မျှင်သဖွယ်ဖြတ်တောက်ပစ်လိုက် လေသည်။ သို့ဖြစ်၍သူတို့သည်သူခွန်အား ကြီးရခြင်း၏လျှို့ဝှက်ချက်ကိုမသိနိုင် ကြသေးပေ။