သူကြီး 15:2 - Common Language Bible2 သူသည်ရှံဆုန်အား``သင်သည်သင်၏ဇနီးအား မုန်းလေပြီဟုအကယ်ပင်ငါထင်မှတ်သဖြင့် သူ့အားသင်၏မိတ်ဆွေနှင့်ပေးစားလိုက်ပါ သည်။ သို့ရာတွင်သူ၏ညီမသည်သူ့ထက်ပင် ပို၍လှပါ၏။ သူ့အစားထိုသူငယ်မကို သင်ယူနိုင်ပါသည်'' ဟုဆိုလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible2 ယော က္ခ မ က အ ခွင့် မ ပြု ဘဲ ငါ့ သ မီး ကို သင် မေ တ္တာ မဲ့ ကြောင်း ထင် မှတ် အောက် မေ့ သ ဖြင့် သင့် မိတ် ဆွေ အား ငါ ပေး စား လိုက် ပြီ။ သူ့ ထက် သူ့ ညီ မ သာ၍ တင့် တယ် သည် မ ဟုတ် လော။ အ စား ယူ ပါ လေ ဟု ဆို သော်၊ အခန်းကိုကြည့်ပါ။Judson Bible2 သင်သည် ငါ့သမီးကို ဆက်ဆက်မုန်းသည်ဟု ငါအထင်ရောက်သောကြောင့်၊ သင့်အပေါင်းအဖော်အား ငါပေးစားပြီ။ သူ့ညီမသည် သူ့ထက်သာ၍လှသည် မဟုတ်လော။ အစ်မ၏ကိုယ်စား ညီမကိုယူပါတော့ဟု ဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 မိန်းကလေး၏ဖခင်က “သင်သည် ငါ့သမီးကို မုန်းသွားပြီဟု ငါထင်သောကြောင့် သူ့ကို သင့်အဖော်နှင့်ပေးစားလိုက်ပြီ။ သူ့ညီမသည် သူ့ထက်ပို၍လှသည်မဟုတ်လော။ သူ့အစား သူ့ညီမကို ယူပါ”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်ရှံဆုန်၏ဇနီးသည်မျက်ရည်စက် လက်နှင့်သူ့ထံသို့သွား၍``သင်သည်ကျွန်မ ကိုချစ်သူမဟုတ်။ မုန်းသူသာဖြစ်သည်။ ကျွန်မ အားမဖော်ပြဘဲကျွန်မ၏မိတ်ဆွေများအား စကားထာဝှက်ထားလေပြီ'' ဟုဆိုလေသည်။ ရှံဆုန်ကလည်း``ငါသည်မိဘတို့ကိုပင်မ ဖော်ပြဘဲ သင့်အားဖော်ပြရမည်လော'' ဟု ပြန်ပြော၏။-
ထိုအခါသူသည်မုဆိုးမအဝတ်တို့ကိုချွတ်၍ မျက်နှာကိုပုဝါဖြင့်ဖုံးလျက် တိမနတ်သို့သွား ရာလမ်းတွင်တည်ရှိသောဧနိမ်မြို့အဝင်ဝ၌ ထိုင်နေလေ၏။ သူသည်ယုဒ၏အငယ်ဆုံးသား ရှေလအရွယ်ရောက်ပြီဖြစ်သော်လည်းသူနှင့် ထိမ်းမြားပေးခြင်းမပြုဘဲထားသောကြောင့် ဤသို့ပြုမူရခြင်းဖြစ်သည်။