သူကြီး 14:9 - Common Language Bible9 သူသည်ပျားရည်အနည်းငယ်ကိုလက်ထဲ သို့ခြစ်ယူကာခရီးပြုရင်းစား၏။ မိဘ တို့ထံသို့ရောက်သောအခါ၌သူတို့အား လည်းအနည်းငယ်ပေး၍စားစေ၏။ သို့ရာ တွင်ပျားရည်ကိုခြင်္သေ့အသေကောင်၏ အထဲမှရရှိကြောင်းကိုမူရှံဆုန်သည် သူတို့အားမပြောချေ။ အခန်းကိုကြည့်ပါ။Garrad Bible9 ဖွပ် ယူ စား သောက် လျက် သွား လေ သော်၊ မိ ဘ တို့ ထံ လာ ရောက် ပေး ကမ်း သည် နှင့် စား ကြ သော် လည်း ထို ပျား ရည် ကို ခြင်္သေ့ သေ မှ ဖွပ် ခဲ့ ကြောင်း မ ကြား မ ပြော နေ လေ၏။ အခန်းကိုကြည့်ပါ။Judson Bible9 နှိုက်ယူ၍စားလျက် ခရီးသွားလေ၏။ မိဘထံသို့ရောက်သော် ပေး၍ သူတို့သည်လည်း စားကြ၏။ သို့ရာတွင် ထိုပျားရည်ကို ခြင်္သေ့အကောင်ထဲက နှိုက်ယူကြောင်းကို မကြားမပြောဘဲ နေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 သူသည် ပျားရည်ကို လက်နှင့်နှိုက်စားပြီး ဆက်လာရာ မိဘရှိရာနေရာပြန်ရောက်လာသောအခါ မိဘကိုလည်းကျွေး၏။ သို့သော် ပျားရည်ကို ခြင်္သေ့အသေကောင်ထဲမှ နှိုက်လာကြောင်းကို မိဘတို့အား မပြောပြချေ။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ရက်အနည်းငယ်ကြာသောအခါ ရှံဆုန်သည် ထိုသူငယ်မနှင့်လက်ထပ်ထိမ်းမြား ရန်ပြန်လာ၏။ ထိုခရီးတွင်သူသည်လမ်းမ မှလွှဲရှောင်ကာ မိမိယခင်ကသတ်ခဲ့သည့် ခြင်္သေ့ကိုကြည့်ရှုရန်သွားရာခြင်္သေ့အသေ ကောင်ထဲ၌ပျားအုံနှင့်ပျားများကိုတွေ့ ရှိရသဖြင့်အံ့သြ၍သွားလေသည်။-
တစ်နေ့သ၌ယောနသန်သည် မိမိ၏လက် နက်ကိုသယ်ဆောင်သူလူငယ်အား``ဖိလိတ္တိ တပ်စခန်းသို့ငါတို့ဝင်ရောက်ကြအံ့'' ဟု ဆို၏။ ယင်းသို့ဆိုသော်လည်းဂိဗာမြို့နှင့် မလှမ်းမကမ်းရှိမိဂြုန်ရွာ၊ သလဲပင်အောက် တွင်စခန်းချလျက်နေသောခမည်းတော် ထံမှခွင့်ပန်ခြင်းမပြုခဲ့။ မင်းကြီး၏ထံ တွင်လူခြောက်ရာခန့်ရှိသတည်း။-