သူကြီး 14:2 - Common Language Bible2 သူသည်အိမ်သို့ပြန်ပြီးလျှင်မိမိ၏မိဘတို့ အား``တိမနမြို့တွင်ကျွန်တော်သဘောကျ သောမိန်းကလေးတစ်ယောက်ရှိပါသည်။ သူ နှင့်ထိမ်းမြားလက်ထပ်လိုသဖြင့်သူ့အား တောင်းရမ်းပေးကြပါ'' ဟုပြော၏။ အခန်းကိုကြည့်ပါ။Garrad Bible2 မိ ဘ ထံ ပြန် လာ၍ တိ မ နတ် မြို့၌ ဖိ လိ တ္တိ အ မျိုး ဖြစ် သော မိန်း မ တစ် ယောက် ကို မြင် ခဲ့ ပါ သည်။ ကျွန် တော့် ခင် ပွန်း ဖြစ် စေ ခြင်း ငှာ တောင်း ဆို ပါ ဟု လျှောက် သော်၊ အခန်းကိုကြည့်ပါ။Judson Bible2 မိဘထံသို့ ပြန်လာ၍၊ တိမနတ်မြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတစ်ယောက်ကို မြင်ခဲ့ပြီ။ ကျွန်ုပ် ကြင်ဖက်ဖြစ်ဖို့ရာ တောင်း၍ပေးပါဟု ဆိုသော်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 သူသည် မိဘထံ ပြန်လာ၍ “အကျွန်ုပ်သည် တိမနတ်မြို့၌ ဖိလိတ္တိမိန်းမပျိုများထဲမှ မိန်းကလေးတစ်ဦးကို တွေ့ပါပြီ။ သူ့ကို အကျွန်ုပ်၏မယားအဖြစ် တောင်းပေးပါ”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ယဟောရှမင်းက``အခါတစ်ပါးက လေဗနုန်တောင်ထိပ်တွင် ဆူးပင်တစ်ပင်ကသစ် ကတိုးပင်အား`သင်၏သမီးကိုငါ့သားနှင့် ပေးစားထိမ်းမြားလော့' ဟုအမှာစာပေးပို့ခဲ့၏။ သို့ရာတွင်အနီးမှဖြတ်သန်းလာသော သားရဲ တိရစ္ဆာန်တစ်ကောင်သည်ထိုဆူးပင်ကိုနင်းချေ လိုက်လေသည်။-
သို့ရာတွင်သူ၏မိဘတို့က``သင်သည်မိန်းမ တစ်ယောက်ရရှိနိုင်ရန် ထာဝရဘုရားကို မကိုးကွယ်သောဖိလိတ္တိအမျိုးသားတို့ထံ သို့အဘယ်ကြောင့်သွားရပါမည်နည်း။ ငါ တို့အမျိုးသားအချင်းချင်းအထဲမှသော် လည်းကောင်း၊ ငါတို့သားချင်းစုထဲမှသော် လည်းကောင်းမိန်းကလေးတစ်ယောက်ကို ရှာ၍မရနိုင်ပါသလော'' ဟုပြန်၍မေး ကြ၏။ ရှံဆုန်ကလည်းမိမိ၏ဖခင်အား``ထိုအမျိုး သမီးကိုသာလျှင်ကျွန်တော်၏အတွက်တောင်း ရမ်းပေးစေလိုပါသည်။ သူ့အားကျွန်တော်နှစ် သက်ပါသည်'' ဟုဆို၏။