သူကြီး 11:12 - Common Language Bible12 ထိုနောက်သူသည်အမ္မုန်ဘုရင်ထံသို့စေတမန် များကိုလွှတ်၍``သင်နှင့်ငါတို့တွင်အဘယ် ရန်စရှိပါသနည်း။ သင်သည်အဘယ်ကြောင့် ငါတို့ပြည်သို့ချဉ်းနင်းဝင်ရောက်ရပါ သနည်း'' ဟုမေး၏။ အခန်းကိုကြည့်ပါ။Garrad Bible12 ထို နောက် ယေ ဖ သ သည် အ မ္မုန် အ မျိုး သား တို့ ဘု ရင့် ထံ သံ တ မန် စေ လွှတ် သ ဖြင့် ကျွန်ုပ် အ ပေါ် တွင် မည် သည့် အ ကြောင်း ရှိ၍ ကျွန်ုပ် နိုင် ငံ ကို ချီ တက် စစ် တိုက် ပါ သ နည်း ဟု မေး စေ ရာ အခန်းကိုကြည့်ပါ။Judson Bible12 ထိုနောက်မှ ယေဖသသည်၊ အမ္မုန်ရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ်၍၊ သင်သည် ငါနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့နိုင်ငံ၌ စစ်တိုက်ခြင်းငှာ အဘယ်ကြောင့် ငါ့ကို ရန်ပြုသနည်းဟုမေးသော်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ထို့နောက် ယေဖသသည် အမ္မုန်ဘုရင်ထံ တမန်ကို စေလွှတ်၍ “သင်နှင့်ငါ့အကြား၌ အဘယ်အကြောင်းရှိ၍ သင်သည် ငါ့ပြည်ကို လာတိုက်ရသနည်း”ဟု မေးလေသော် အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်ယေဖသသည်ဂိလဒ်ပြည်ခေါင်းဆောင် များနှင့်အတူလိုက်သွားလေသည်။ လူတို့သည် လည်းသူ့အားမိမိတို့၏ဘုရင်အဖြစ်ဖြင့် လည်းကောင်း၊ ခေါင်းဆောင်အဖြစ်ဖြင့်လည်းကောင်း ချီးမြှောက်ကြ၏။ ယေဖသသည်မိဇပါမြို့ ၌ထာဝရဘုရား၏ရှေ့တော်မှောက်တွင် မိ မိတောင်းဆိုချက်များကိုပြန်လည်ဖော် ပြလျှောက်ထား၏။
အမ္မုန်ဘုရင်က``ဣသရေလအမျိုးသားတို့ သည်အီဂျစ်ပြည်မှထွက်ခွာလာသောအခါ ငါ၏နယ်မြေကိုအာနုန်မြစ်မှယဗ္ဗုတ်မြစ် နှင့်ယော်ဒန်မြစ်တိုင်အောင်သိမ်းယူခဲ့ကြ၏။ သို့ဖြစ်၍သင်တို့သည်ယခုအခါထိုနယ် မြေကို ငါ့အားငြိမ်းချမ်းစွာပြန်လည်ပေး အပ်ရကြမည်'' ဟုစေတမန်တို့အားပြန် ကြားစေ၏။