သူကြီး 10:13 - Common Language Bible13 သို့သော်သင်တို့သည်ငါ့ကိုစွန့်ပယ်၍ အခြား ဘုရားတို့အားဝတ်ပြုရှိခိုးကြပြန်၏။ ထို့ ကြောင့်ငါသည်သင်တို့အားနောက်တစ်ဖန် ကယ်တော့မည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible13 သင် တို့ မူ ကား၊ ငါ့ ကို စွန့် ပယ် လျက် အ ခြား ဘု ရား များ ကို ဝတ် ပြု ကြ လေ ပြီ။ သို့ အ တွက် ငါ ကယ် ဆယ် တော့ မည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible13 သို့သော်လည်း သင်တို့သည် ငါ့ကိုစွန့်၍ အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုသောကြောင့်၊ နောက်တစ်ဖန် ငါမကယ်နုတ်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 သို့သော် သင်တို့သည် ငါ့ကိုစွန့်ပယ်၍ အခြားဘုရားများကို ဝတ်ပြုကြ၏။ ထို့ကြောင့် ငါသည် သင်တို့ကို ကယ်တင်တော့မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-
သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်၊ မိမိတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့တော်မူသောဘုရားသခင်ထာဝရဘုရား အား ကိုးကွယ်မှုမပြုကြတော့ဘဲမိမိတို့ ပတ်ဝန်းကျင်မှ လူတို့ကိုးကွယ်သောဘုရား များကိုကိုးကွယ်ကြလေသည်။ သူတို့သည် ထိုဘုရားများရှေ့တွင်ဦးညွှတ်ကြသဖြင့် ထာဝရဘုရားအမျက်တော်ကိုထွက်စေ ကြလေသည်။-
သို့ရာတွင်သူတို့သည်မိမိတို့၏ခေါင်းဆောင် ကွယ်လွန်သွားသောအခါ၌မူ ဒုံရင်းသို့ပြန် လည်ဆိုက်ရောက်ကြလျက် ယခင်လူမျိုးဆက် မှလူတို့ထက်ပင်ပိုမိုဆိုးရွားစွာပြုမူကျင့် ကြံတတ်ကြ၏။ အခြားဘုရားများကိုကိုး ကွယ်ကာ မိမိတို့၏ဆိုးညစ်သည့်လမ်းစဉ်ကို လိုက်မြဲလိုက်ကြကုန်သည်။-
ရှိရှက်၏ဘေးမှလွတ်မြောက်ရန်ယေရုရှလင်မြို့ တွင်စုရုံးလျက်ရှိသော ရောဗောင်မင်းနှင့်ယုဒ ခေါင်းဆောင်များထံပရောဖက်ရှေမာယသွား ၍``ထာဝရဘုရားက`သင်တို့သည်ငါ့ကိုစွန့် ပယ်ကြသဖြင့် ငါသည်သင်တို့ကိုရှိရှက်လက် သို့ပေးအပ်လိုက်ပြီ' ဟုမိန့်တော်မူ၏'' ဟု ဆင့်ဆို၏။
အာဇရိသည်အာသမင်းထံသို့သွားပြီးလျှင်``အို အာသမင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ် ဝင်တို့၊ ငါ၏စကားကိုနားထောင်ကြလော့။ သင် တို့သည်ထာဝရဘုရား၏ဘက်၌ရှိနေသမျှ ကာလပတ်လုံး ကိုယ်တော်သည်သင်တို့နှင့်အတူ ရှိတော်မူမည်။ သင်တို့သည်ကိုယ်တော်အားရှာ ကြလျှင် ကိုယ်တော်သည်သင်တို့အားအတွေ့ ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်တို့သည် ကိုယ်တော်အားကျောခိုင်းကြပါကကိုယ် တော်သည်လည်းသင်တို့အားစွန့်ပယ်တော် မူလိမ့်မည်။-
သင်၏ဒုစရိုက်ကသင့်ကိုဒဏ်ခတ်လိမ့်မည်။ သင်၏ဖောက်ပြန်မှုကသင့်ကိုအပြစ်ဒဏ် ပေးပါလိမ့်မည်။ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသင် စွန့်ပစ်မှု၊ ငါ့အားမကြောက်မရွံ့တော့ဘဲနေသောအမှုတို့သည် အဘယ်မျှဆိုးညစ်မိုက်မဲသည်ကိုသင်သိရှိ လာလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရဘုရား မြွက်ဟသည်စကားပင်တည်း။