သူကြီး 1:4 - Common Language Bible4 ယုဒအနွယ်ဝင်တို့နှင့်အတူစစ်ပွဲဝင် ကြ၏။ ထာဝရဘုရားသည်လည်းသူတို့အား ခါနာန်ပြည်သားများနှင့်ဖေရဇိပြည်သား တို့အပေါ်၌အောင်ပွဲခံစေတော်မူသဖြင့် သူတို့သည်ဗေဇက်မြို့တွင်ရန်သူတပ်သား ပေါင်းတစ်သောင်းကိုတိုက်ခိုက်အောင်မြင် လိုက်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible4 ယု ဒ အ နွယ် ချီ သွား ရာ ခါ န နိ၊ ဖေ ရ ဇိ လူ မျိုး တို့ ကို သူ တို့ လက် တွင်း သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သ ဖြင့် ဗေ ဇက် မြို့ တွင် လူ ပေါင်း တစ် သောင်း ကို လုပ် ကြံ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible4 ယုဒချီသွား၍ ထာဝရဘုရားသည် ခါနနိလူ၊ ဖေရဇိလူတို့ကိုအပ်တော်မူသဖြင့်၊ ဗေဇက်မြို့၌ လူတစ်ထောင်ကို သတ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ယုဒအမျိုးချီတက်သွားသောအခါ ထာဝရဘုရားသည် ခါနာန်လူမျိုးနှင့် ဖေရဇိလူမျိုးတို့ကို သူတို့လက်သို့အပ်တော်မူသဖြင့် သူတို့သည် ဗေဇက်မြို့၌ လူတစ်သောင်းကို သတ်လေ၏။ အခန်းကိုကြည့်ပါ။ |
သူသည်မင်းကြီး၏ရှေ့တော်သို့ ရောက်သောအခါ မင်းကြီးက``အချင်းမိက္ခာ၊ ယောရှဖတ်မင်းနှင့် ငါသည်ရာမုတ်မြို့သို့ချီတက်တိုက်ခိုက်ရန်သင့် မသင့်ဖြေကြားပါလော့'' ဟုမိန့်တော်မူ၏။ မိက္ခာက``ချီတက်တိုက်ခိုက်တော်မူပါ။ အရှင် မင်းကြီးသည်အောင်မြင်တော်မူပါလိမ့်မည်။ ထာဝရဘုရားသည်အရှင့်အားအောင်ပွဲခံ စေတော်မူပါလိမ့်မည်'' ဟုပြန်လည်လျှောက် ထား၏။
သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုချီတက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားလော့'' ဟုမေးတော်မူ၏။ ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ထာဝရ ဘုရားသည်အရှင့်အားအောင်ပွဲခံစေတော်မူ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
ယောနသန်ကလူငယ်အား``ဘုရားမဲ့သူ ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကို ငါတို့ဝင်ရောက်ကြစို့။ ထာဝရဘုရား သည်ငါတို့အားကူမကောင်းကူမလိမ့်မည်။ အကယ်၍ကိုယ်တော်ကူမတော်မူပါလျှင် ငါတို့သည်အဘယ်မျှပင်အရည်အတွက် အားဖြင့်နည်းသော်လည်းအောင်ပွဲကိုရရှိ ကြမည်'' ဟုဆို၏။
သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ရှေ့ကအရှိန်ပြင်းသော လောင်မီးကဲ့သို့ကြွသွားတော်မူသည်ကို သင် တို့ကိုယ်တိုင်ယခုမြင်ရမည်။ သင်တို့ချီတက် နေစဉ်ကိုယ်တော်သည်သူတို့ကိုနှိမ်နင်းသဖြင့် ကတိတော်နှင့်အညီသင်တို့သည်ထိုသူတို့ ကိုနှင်ထုတ်၍လျင်မြန်စွာပယ်ရှင်းနိုင်လိမ့် မည်။''
ယုဒအနွယ်ဝင်တို့ကရှိမောင်အနွယ်ဝင် တို့အား``ငါတို့အတွက်သတ်မှတ်သည့်ပြည်သို့ ငါတို့နှင့်အတူလိုက်ပါ။ ငါတို့သည်ခါနာန် ပြည်သားတို့အားတိုက်ခိုက်ကြမည်။ ထိုနောက် ငါတို့သည်သင်တို့အတွက်သတ်မှတ်သည့် ပြည်သို့လိုက်ခဲ့ပါမည်'' ဟုပြောကြားကြ ၏။ သို့ဖြစ်၍ရှိမောင်အနွယ်ဝင်တို့သည်၊-