| သူကြီး 1:29 - Common Language Bible29 ဧဖရိမ်အနွယ်ဝင်တို့သည်လည်း ဂေဇာမြို့တွင် နေထိုင်သောခါနာန်အမျိုးသားတို့အားနှင် မထုတ်ဘဲနေကြ၏။ သို့ဖြစ်၍ခါနာန်အမျိုး သားတို့သည်သူတို့နှင့်အတူဆက်လက်နေ ထိုင်ကြ၏။အခန်းကိုကြည့်ပါ။ Garrad Bible29 ထို နည်း တူ ဧ ဖ ရိမ့် အ နွယ် သည် ဂေ ဇာ မြို့၌ နေ သော ခါ န နိ လူ မျိုး တို့ ကို မ နှင် ထုတ် ဘဲ၊ ရော ပြွမ်း လျက် နေ ကြ၏။အခန်းကိုကြည့်ပါ။ Judson Bible29 ထိုအတူ ဧဖရိမ်အမျိုးသည် ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ဂေဇာမြို့၌ ရောနှောလျက်နေကြ၏။အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း29 ဧဖရိမ်အမျိုးသားတို့သည် ဂေဇာမြို့သား ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ခဲ့ပေ။ ထို့ကြောင့် ခါနာန်လူမျိုးတို့သည် သူတို့နှင့်အတူ ဂေဇာမြို့၌ နေထိုင်ကြ၏။အခန်းကိုကြည့်ပါ။ | 
ရှောလမုန်မင်းသည်ဗိမာန်တော်နှင့်နန်းတော်တည် ဆောက်မှုတွင်လည်းကောင်း၊ မြို့၏အရှေ့ပိုင်း၌မြေ ဖို့လုပ်ရာတွင်လည်းကောင်း၊ မြို့ရိုးတည်ဆောက် ရာတွင်လည်းကောင်း ချွေးတပ်ကိုအသုံးပြုတော် မူ၏။ မင်းကြီးသည်ချွေးတပ်ဖြင့်ပင်လျှင်ဟာဇော် မြို့၊ မေဂိဒ္ဒေါမြို့နှင့်ဂေဇာမြို့တို့ကိုလည်းပြန် လည်တည်ဆောက်တော်မူ၏။-