သုတ္တံကျမ်း။ 31:30 - Common Language Bible30 ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ် ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော မိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible30 ဖွယ် ရာ ခြင်း သည်၊ လှည့် စား၍၊ အ ဆင်း လှ ခြင်း လည်း၊ အ ချည်း နှီး ဖြစ် တတ်၏။ ထာ ဝ ရ ဘု ရား ကို ခန့် ညား သော မိန်း မ မူ ကား၊ ချီး မွမ်း ခံ ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible30 ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သောမိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း30 တင့်တယ်ခြင်းသည် လှည့်ဖြားတတ်၏။ လှပခြင်းသည်လည်း အချည်းနှီးဖြစ်၏။ သို့သော် ထာဝရဘုရားကိုကြောက်ရွံ့သော မိန်းမသည် ချီးမွမ်းခြင်းခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။
ထိုစုံစမ်းနှောင့်ယှက်ခြင်းများကိုခံရခြင်း မှာဘုရားသခင်အားအကယ်ပင်သင်တို့ ယုံကြည်ကိုးစားမှုရှိမရှိကိုစစ်ဆေးရန် ဖြစ်၏။ ဖောက်ပြန်ပျက်စီးတတ်သောရွှေကို ပင်လျှင် အရည်ကျို၍စစ်တမ်းတင်ရသည် ဖြစ်ရာရွှေထက်များစွာပိုမိုအဖိုးထိုက် သည့် သင်တို့၏ယုံကြည်ခြင်းကိုလည်း တည်တံ့ခိုင်မြဲစေရန်စစ်တမ်းတင်ရမည်။ သို့မှသာလျှင်သင်တို့သည်သခင်ယေရှု ခရစ်ကြွလာတော်မူချိန်၌ဂုဏ်ပြုချီး ကူးခြင်းနှင့်ဘုန်းအသရေကိုခံယူ နိုင်ကြပေလိမ့်မည်။-
ယုဒအမျိုးသားအစစ်အမှန်ကားစိတ်နှလုံး တွင် အရေဖျားလှီးခြင်းမင်္ဂလာကိုခံသူသာ လျှင်ဖြစ်ပေသည်။ ထိုသူကိုယုဒအမျိုးသား ဖြစ်စေသောအရာမှာအက္ခရာတင်ထားသည့် ပညတ်တရားမဟုတ်။ ဘုရားသခင်၏ဝိညာဉ် တော်ကသာလူကိုအတွင်းစိတ်သဘောအား ဖြင့် ယုဒအမျိုးသားဖြစ်စေတော်မူ၏။ ထို သို့သောသူသည်လူတို့ထံမှမဟုတ်၊ ဘုရား သခင်၏ထံတော်မှအချီးအမွမ်းကိုခံရ သတည်း။