Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 27:6 - Common Language Bible

6 အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာ စောင့်လျက်ပေး၏။ ရန်သူမူကား၊ နမ်းသောအခါ လှည့်စားတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ချစ် ခင် သော သူ၏ ဒဏ် ချက် သည်၊ သ စ္စာ ကို စောင့် ထိန်း တတ်၏။ မုန်း ထား သူ၏ နမ်း ခြင်း မူ ကား၊ လှည့် စား တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 အ​ဆွေ​ခင်​ပွန်း​သည် ဒဏ်​ပေး​သော​အ​ခါ သ​စ္စာ​စောင့်​လျက်​ပေး၏။ ရန်​သူ​မူ​ကား၊ နမ်း​သော​အ​ခါ လှည့်​စား​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 မိတ်ဆွေ​ပေး​သော​ဒဏ်ရာ​များ​သည် သစ္စာ​နှင့်​ယှဉ်​၏​။ ရန်သူ​ပေး​သော​အနမ်း​များ​မူကား လှည့်စား​ခြင်း​နှင့်​ယှဉ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 27:6
12 ပူးပေါင်းရင်းမြစ်များ  

သူ​တော်​ကောင်း​သည်​ကျွန်​တော်​မျိုး​အား သ​နား​ကြင်​နာ​စွာ​ဒဏ်​ပေး​ခြင်း​ပြော​ဆို ဆုံး​မ​ခြင်း​ကို​ပြု​ပေ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​၏​ချီး​မြှင့်​ဂုဏ်​ပြု ခြင်း​ကို ခံ​ယူ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​အ​ပြစ် ဒု​စ​ရိုက်​နှင့်​ပတ်​သက်​၍ ကျွန်​တော်​မျိုး​အ​စဉ်​ပတ္ထနာ​ပြု​လျက်​နေ​သော ကြောင့် ဖြစ်​ပါ​၏။


အငြိုးဖွဲ့သောသဘောကို မုသာနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင် ပြောတတ်သော သူသည် မိုက်သောသဘောရှိ၏။


အနာကိုမွှေနှောက်ခြင်းအားဖြင့် အဆိုးအညစ် နှင့်ကင်းစင်တတ်၏။ ဒဏ်ချက်ရာတို့သည်လည်း၊ ကိုယ် အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကို ပြုတတ်၏။


စား၍ ဝသောသူသည် ပျားလပို့ကိုပင် ငြင်းပယ် လိမ့်မည်။ မွတ်သိပ်သောသူမူကား၊ ခါးသောအရာကို ချိုသည်ဟု ထင်တတ်၏။


ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကို ခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန် သာ၍ ကျေးဇူးကို ခံရလိမ့်မည်။


ဤ​တို​တောင်း​သော​ဘ​ဝ​၌​လူ​ဖ​ခင်​များ​သည် မိ​မိ​တို့​လျောက်​ပတ်​သည်​ဟု​ထင်​မှတ်​သည့် အ​တိုင်း​ငါ​တို့​အား​ဒဏ်​ပေး​တတ်​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​မူ​ကား​ငါ​တို့ အ​ကျိုး​ကို​ထောက်​၍ မိ​မိ​ကဲ့​သို့​မြင့်​မြတ် သန့်​ရှင်း​နိုင်​ကြ​စေ​ရန်​ငါ​တို့​အား​ဒဏ် ပေး​တော်​မူ​ပေ​သည်။-


ငါ​သည်​မိ​မိ​ချစ်​သော​သူ​အ​ပေါင်း​တို့​အား ဆုံး​မ​၍​အ​ပြစ်​ဒဏ်​ပေး​တတ်​၏။ ထို​ကြောင့် သင်​သည်​စိတ်​အား​ထက်​သန်​လော့။ နောင်​တ ရ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ