သုတ္တံကျမ်း။ 18:3 - Common Language Bible3 မတရားသောသူလာသောအခါ၊ မထီမဲ့မြင်ပြု ခြင်းကို ခံရ၏။ ဂုဏ်အသရေပျက်သောအခါ၊ ကဲ့ရဲ့ခြင်း ကိုလည်း ခံရ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 လူ ဆိုး လာ ရာ တွင်၊ မ ထီ မဲ့ မြင် ပြု ခြင်း ကိုလည်း ကောင်း၊ အ ရှက် ကွဲ ရာ တွင်၊ ကဲ့ ရဲ့ ခြင်း ကို လည်း ကောင်း၊ ခံ ရ၏။ အခန်းကိုကြည့်ပါ။Judson Bible3 မတရားသောသူလာသောအခါ၊ မထီမဲ့မြင်ပြုခြင်းကိုခံရ၏။ ဂုဏ်အသရေပျက်သောအခါ၊ ကဲ့ရဲ့ခြင်းကိုလည်း ခံရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ဆိုးယုတ်သောသူရောက်လာသောအခါ မထီမဲ့မြင်ပြုခြင်းလည်း ရောက်လာတတ်၏။ ကဲ့ရဲ့ပြစ်တင်ခြင်းသည်လည်း အရှက်ကွဲခြင်းနှင့်အတူရောက်လာတတ်၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်ခရစ်တော်၏တပည့်များဖြစ် သောကြောင့်စော်ကားခြင်းခံရသောအခါမင်္ဂ လာရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ထိုသို့ ခံရသောအချိန်၌ ဘုရားသခင်၏ဝိညာဉ် တော်တည်းဟူသောဘုန်းအသရေတော်နှင့် ပြည့်ဝသည့်ဝိညာဉ်တော်သည် သင်တို့အပေါ် သို့သက်ရောက်လျက်နေတော်မူသောကြောင့် ဖြစ်၏။-
ငါက``အို ဘုရားသခင်အကျွန်ုပ်တို့အား ထိုသူတို့အဘယ်သို့ပြက်ရယ်ပြုကြသည် ကိုနားထောင်တော်မူပါ။ သူတို့သည်မိမိ တို့ကဲ့ရဲ့ပြောဆိုသည့်စကားဖြင့်တန်ပြန် ထိကြပါစေသော။ သူတို့သည်မိမိတို့တွင် ရှိသမျှသောဥစ္စာပစ္စည်းများကိုအလု အယက်ခံရလျက် နိုင်ငံရပ်ခြားသို့ဖမ်း ဆီးခေါ်ဆောင်ခြင်းကိုခံရကြပါစေ သော။-