သုတ္တံကျမ်း။ 14:10 - Common Language Bible10 စိတ်နှလုံးသည် မိမိဒုက္ခကို သိ၏။ စိတ်နှလုံး ရွှင်လန်းခြင်း အကြောင်းကိုလည်း သူတပါးမဆိုင်တတ်။ အခန်းကိုကြည့်ပါ။Garrad Bible10 စိတ် နှ လုံး သည်၊ မိ မိ နစ် နာ ခြင်း အ ကြောင်း ကို သိ တတ်၏။ ၎င်း၏ ရွှင် လန်း ခြင်း နှင့် သူ တစ် ထူး မ စပ် ဆိုင်။ အခန်းကိုကြည့်ပါ။Judson Bible10 စိတ်နှလုံးသည် မိမိဒုက္ခကိုသိ၏။ စိတ်နှလုံးရွှင်လန်းခြင်းအကြောင်းကိုလည်း သူတစ်ပါး မဆိုင်တတ်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 စိတ်နှလုံးသည် မိမိ၏နာကြည်းခြင်းကို မိမိသိ၏။ မိမိ၏ဝမ်းမြောက်ခြင်းကိုလည်း အခြားမည်သူကမျှ ဝင်ရောက်ခံစား၍မရပေ။ အခန်းကိုကြည့်ပါ။ |
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ အောင်မြင်သောသူအားဝှက်ထားသောမန္နမုန့် ကိုငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်ဖြူပေါ်တွင်အက္ခရာ တင်ထားသည့်နာမည်သစ်ကိုအဘယ်သူ မျှမသိနိုင်ရာ။ ထိုကျောက်ကိုခံယူရရှိ သူသာလျှင်သိရှိနိုင်ပေသည်။
သို့ရာတွင်ဧလိရှဲထံသို့ရောက်သောအခါဦး ညွှတ်ပျပ်ဝပ်ပြီးလျှင် ဧလိရှဲ၏ခြေကိုဖက်၏။ ဂေဟာဇိသည်အမျိုးသမီးအားတွန်းဖယ်မည် ပြုသောအခါ ဧလိရှဲက``သူ့အားရှိစေတော့။ သူသည်အလွန်စိတ်ဆင်းရဲလျက်နေသည်ကို မမြင်သလော။ ဤအမှုနှင့်ပတ်သက်၍ ထာဝရ ဘုရားသည်ငါ့အားဖော်ပြတော်မမူခဲ့'' ဟု ဆို၏။
ထိုနောက်သူတို့အချင်းချင်းက``အကယ်စင်စစ် ငါတို့ညီအားပြုခဲ့သမျှအတွက် ယခုငါတို့ ခံရကြလေပြီ။ သနားညှာတာရန်ငါတို့၏ညီ ကတောင်းပန်သောအခါ ငါတို့သည်သူ၏စိတ် ဆင်းရဲခြင်းကိုမြင်လျက်နှင့်သူ့အားမသနား မညှာတာခဲ့ချေ။ ထို့ကြောင့်ငါတို့သည်ယခု ဝဋ်လည်နေရကြ၏'' ဟုပြောဆိုကြ၏။