သုတ္တံကျမ်း။ 12:22 - Common Language Bible22 မုသာသုံးသောနှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဘွယ်ဖြစ်၏။ သစ္စာတရားကို စောင့် ရှောက်သောသူတို့မူကား၊ နှစ်သက်တော်မူဘွယ် ဖြစ်ကြ ၏။ အခန်းကိုကြည့်ပါ။Garrad Bible22 မု သာ သုံး သော နှုတ် ခမ်း သည်၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် ၌ စက် ဆုပ် ရွံ ရှာ ဖွယ်၊ သ စ္စာ စောင့် သော သူ တို့ သည်၊ နှစ် သက် တော် မူ ဖွယ် ဖြစ် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible22 မုသားသုံးသောနှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဖွယ်ဖြစ်၏။ သစ္စာတရားကို စောင့်ရှောက်သောသူတို့မူကား၊ နှစ်သက်တော်မူဖွယ်ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 မုသားနှုတ်ခမ်းကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ သစ္စာရှိစွာပြုကျင့်သောသူတို့ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အကယ်၍ဝါကြွားလိုသူလူတစ်စုံတစ်ယောက် ရှိပါမူ ထိုသူသည်ငါ၏အကြောင်းကိုသိရှိနားလည်မှု ၌သာလျှင်ဝါကြွားရာ၏။ အဘယ်ကြောင့်ဆိုသော်ငါ၏မေတ္တာသည်ခိုင်မြဲ၍ ငါပြုသောအမှုသည်တရားမျှတမှု၊ ဖြောင့်မတ်မှန်ကန်မှုရှိသောကြောင့်ဖြစ်၏။ ဤအမှုတို့ကိုငါနှစ်သက်မြတ်နိုး၏။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားပင်တည်း'' ဟုမိန့်တော်မူ၏။
မုယောဆန်လက်ဆုပ်အနည်းငယ်နှင့်မုန့် အနည်းငယ်ရရန်အတွက် ငါ၏လူမျိုး တော်ရှေ့တွင်ငါ့အားရှုတ်ချကြ၏။ သင် တို့သည်မသေထိုက်သူတို့ကိုသတ်၍ သေ ထိုက်သူတို့ကိုမူအသက်ချမ်းသာပေးကြ ၏။ သို့ဖြစ်၍သင်တို့သည်ငါ၏လူမျိုး တော်အားလိမ်လည်ပြောကြ၏။ သူတို့ ကလည်းယုံကြ၏'' ဟူ၍တည်း။
ထိုအခါဗေသလမြို့သားပရောဖက်အိုကြီး က``ငါသည်လည်းသင်ကဲ့သို့ပင်ပရောဖက်ဖြစ် ပါ၏။ ထာဝရဘုရား၏အမိန့်တော်အရ ကောင်းကင်တမန်တစ်ပါးကသင့်ကိုအိမ်သို့ ဖိတ်ခေါ်၍ဧည့်ဝတ်ပြုရန် ငါ့အားမှာကြား ထားပါသည်'' ဟုဆို၏။ ယင်းသို့ထိုပရောဖက် ကြီးကမုသားသုံး၍ပြောဆိုသဖြင့်၊