သုတ္တံကျမ်း။ 11:6 - Common Language Bible6 ဖြောင့်မတ်သော သူတို့၏ဖြောင့်မတ်သော သဘောသည် သူတို့ကိုကယ်တင်တတ်၏။ လွန်ကျူးသော သူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible6 သူ တော် ကောင်း တို့၏ ဖြောင့် မတ် ခြင်း သည်၊ ကိုယ် ကို ကယ် လွှတ် လိမ့် မည်။ သ စ္စာ မဲ့ သူ တို့ မူ ကား၊ ကိုယ့် စွဲ လမ်း ခြင်း နှင့် ကျော့ မိ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible6 ဖြောင့်မတ်သောသူတို့၏ ဖြောင့်မတ်သောသဘောသည် သူတို့ကို ကယ်တင်တတ်၏။ လွန်ကျူးသောသူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ဖြောင့်မှန်သောသူတို့၏ဖြောင့်မတ်ခြင်းသည် သူတို့ကိုကယ်နုတ်တတ်၏။ သစ္စာမဲ့သောသူတို့မူကား မိမိတို့၏အလိုရမ္မက်အားဖြင့် ဖမ်းဆီးခြင်းခံရတတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ယခုသင်သည်ကျွန်ုပ်၏ပစ္စည်းရှိသမျှကိုရှာ ဖွေပြီးပြီဖြစ်ရာသင်ပိုင်သောပစ္စည်းတစ်စုံတစ် ရာကိုရှာတွေ့ပါသလော။ သင်ပိုင်သောပစ္စည်းကို ရှာတွေ့လျှင်သင်၏သားချင်းနှင့်ကျွန်ုပ်၏သား ချင်းတို့ရှေ့မှောက်တွင်ထားပါ။ မည်သူ့ပစ္စည်းဖြစ် သည်ကိုသူတို့ကအဆုံးအဖြတ်ပေးပါစေ။-
နောင်အခါကျွန်ုပ်၌ရိုးသားမှုရှိမရှိကိုဦး ရီးလွယ်ကူစွာသိရှိနိုင်ပါမည်။ ဦးရီးက ကျွန်ုပ်အားအခအဖြစ်နှင့်ပေးသောသိုးဆိတ် များကိုစစ်ဆေးကြည့်ရှုသောအခါ၌ အကွက် အပြောက်ပါသောဆိတ်နှင့်မည်းနက်သောသိုး များကလွဲ၍ အခြားသိုးဆိတ်များကိုတွေ့ ရှိပါက၎င်းတို့ကိုခိုးယူကြောင်းသိနိုင် ပါလိမ့်မည်'' ဟုဆိုလေ၏။