ဝတ်ပြု 7:21 - Common Language Bible21 ထိုအပြင်တစ်စုံတစ်ယောက်သည်လူမှဖြစ် စေ၊ တိရစ္ဆာန်မှဖြစ်စေ၊ ဘာသာရေးထုံးနည်း အရမသန့်စင်သောအရာတစ်စုံတစ်ခုနှင့် ထိမိပြီးမှ ထိုယဇ်ကောင်၏အသားကိုစား လျှင် ထိုသူသည်ထာဝရဘုရား၏လူမျိုး တော်မှပယ်ထုတ်ခြင်းခံရမည်။ အခန်းကိုကြည့်ပါ။Garrad Bible21 အ ကြင် သူ သည် လူ ဆိုင် သော မ သန့် ရာ ကို သော် လည်း ကောင်း၊ မ သန့် သော တိ ရ စ္ဆာန် ကို သော် လည်း ကောင်း၊ စက် ဆုပ် ဖွယ် မ သန့် ရာ ကို သော် လည်း ကောင်း၊ မ သန့် ရာ ဟူ သ မျှ ကို ထိ မိ လျက် ထာ ဝ ရ ဘု ရား၏ ပိုင် ရာ တော်၊ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ၏ အ သား ကို စား အံ့။ ထို သူ သည် အ မျိုး မှ ပယ် ရှား ခံ ရ မည် ဟု မိန့် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible21 အကြင်သူသည်လည်း၊ လူ၌မစင်ကြယ်သောအရာ၊ မစင်ကြယ်သောသား၊ မစင်ကြယ်သောပိုးရွ အစရှိသော၊ မစင်ကြယ်သောအရာ တစ်စုံတစ်ခုကိုထိမိ၍၊ ထာဝရဘုရားနှင့်ဆိုင်သော မိတ်သဟာယယဇ်သားကိုစား၏။ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 တစ်စုံတစ်ဦးသည် လူ၏အညစ်အကြေးကိုဖြစ်စေ၊ မစင်ကြယ်သောတိရစ္ဆာန်ကိုဖြစ်စေ၊ မစင်ကြယ်သောရွံရှာဖွယ်ရာ တစ်စုံတစ်ခုကိုဖြစ်စေ မစင်ကြယ်သောမည်သည့်အရာကိုမဆို ထိမိပြီး ထာဝရဘုရားအဖို့ ပူဇော်သောမိတ်သဟာယယဇ်ကောင်၏အသားကိုစားလျှင် ထိုသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``သင်တို့သည်ခုနစ်ရက် ပတ်လုံးတဆေးပါသောမုန့်ကိုမစားရ။ တဆေးမဲ့မုန့်ကိုသာစားရမည်။ ပထမ နေ့တွင်သင်တို့၏အိမ်များမှတဆေးကို ဖယ်ရှားရမည်။ ထိုခုနစ်ရက်အတွင်း၌တစ် စုံတစ်ယောက်သောသူသည် တဆေးပါသော မုန့်ကိုစားမိလျှင်ထိုသူသည်ငါ၏လူမျိုး တော်မှအပယ်ခံရမည်။-
သို့ရာတွင်``အရှင်ထာဝရဘုရား၊ ကျွန်တော် မျိုးသည်အဘယ်အခါ၌မျှ မိမိကိုယ်ကို မညစ်ညမ်းစေခဲ့ဘူးပါ။ ကလေးအရွယ်မှ စ၍အဘယ်အခါ၌မျှ အလိုအလျောက် သေသောတိရစ္ဆာန်၏အသားကိုသော်လည်း ကောင်း၊ သားရဲများကိုက်၍သေသည့်တိရစ္ဆာန် ၏အသားကိုသော်လည်းကောင်း မစားခဲ့ ဘူးပါ။ ကျွန်တော်မျိုးသည်မသန့်စင်ဟု ယူဆသည့်အစားအစာကိုအဘယ်အခါ ၌မျှမစားခဲ့ဘူးပါ'' ဟုလျှောက်၏။
ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့လိုက်နာရန်အောက်ပါပညတ်များကို မောရှေမှတစ်ဆင့်ချမှတ်ပေးတော်မူ၏။ အမျိုး သမီးတစ်ဦးသည်ဋ္ဌမ္မတာရာသီပေါ်ချိန်၌ မသန့်ရှင်းသကဲ့သို့ သားယောကျာ်းကိုဖွားမြင် ပြီးခုနစ်ရက်အတွင်းတွင်ဘာသာရေးထုံး နည်းအရမသန့်ရှင်းချေ။-
သင်၏အဆက်အနွယ်ထဲမှဘာသာရေးထုံး နည်းအရမသန့်ရှင်းသူသည်၊ ဣသရေလ အမျိုးသားတို့ ငါ့အားဆက်ကပ်သောပူဇော် သကာများအနီးသို့ချဉ်းကပ်မိလျှင် သူ သည်နောက်တစ်ဖန်ယဇ်ပလ္လင်နှင့်ဆိုင်သောဝတ် ကိုမဆောင်ရွက်ရ။ ဤပညတ်ကိုသင်တို့ ထာဝစဉ်လိုက်နာရကြမည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူ၏။
``အာရုန်၏အဆက်အနွယ်ထဲမှ ကိုယ်ရေပြား ရောဂါစွဲသောသူဖြစ်စေ၊ ရိနာစွဲသူဖြစ်စေ၊ ဘာသာရေးထုံးနည်းအရသန့်စင်မှုမရရှိ မီ ငါ့အားဆက်ကပ်သောပူဇော်သကာများ ကိုမစားရ။ ယဇ်ပုရောဟိတ်သည်လူသေနှင့် ထိ၍ မသန့်စင်သောအရာရှိသမျှကိုကိုင် တွယ်မိလျှင်သော်လည်းကောင်း၊ သုက်ရည်ယို လျှင်သော်လည်းကောင်း၊-