ဝတ်ပြု 6:21 - Common Language Bible21 မုန့်ညက်ကိုဆီရော၍သံအိုးကင်းပေါ်တွင် ဖုတ်ရမည်။ ထိုနောက်မုန့်ကိုချေ၍ ဘောဇဉ် သကာအဖြစ်ထာဝရဘုရားအားပူဇော် ရမည်။ ထိုပူဇော်သကာ၏ရနံ့ကိုထာဝရ ဘုရားနှစ်သက်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible21 သံ အိုး ကင်း တွင် ဆီ နှင့် ရော ပြွမ်း လုပ် ပြီး မှ တင် သွင်း ရာ ထာ ဝ ရ ဘု ရား ထံ စိတ် တော် ပြေ ဖွယ် ရ နံ့ အ ဖြစ် ဘော ဇဉ် သ က္ကာ ကို အ ပိုင်း ပိုင်း ချိုး ဖြတ် ၍ ဆက် ကပ် လော့။ အခန်းကိုကြည့်ပါ။Judson Bible21 ထိုမုန့်ညက်ကိုဆီထည့်၍၊ သံပြားပူနှင့်မုန့်လုပ်ပြီးမှ၊ ဆောင်ခဲ့၍ချိုးဖဲ့သဖြင့် ဘောဇဉ်ပူဇော်သကာအကျိုးအပဲ့တို့ကို ထာဝရဘုရားအား မွှေးကြိုင်စရာဖို့ ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ၎င်းကို ဒယ်ပြားတွင် ဆီဖြင့်နယ်ပြီး ယူလာရမည်။ ၎င်းကို တစ်စစီဖဲ့၍ ထိုဘောဇဉ်ပူဇော်သက္ကာအစအနများကို မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားအားပူဇော်ရမည်။ အခန်းကိုကြည့်ပါ။ |
တစ်စုံတစ်ယောက်သည်ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းသည့်ယဇ်ကိုပူဇော် သောအခါ ယဇ်ကောင်နှင့်အတူတဆေး မပါသောမုန့်ကိုလည်းယူဆောင်ခဲ့ရမည်။ ၎င်းမုန့်မှာသံလွင်ဆီနှင့်မုန့်ညက်ရော၍ပြု လုပ်သောမုန့်လုံးသို့မဟုတ်သံလွင်ဆီသုတ် သောမုန့်ပြား သို့မဟုတ်သံလွင်ဆီနှင့်မုန့် ညက်ရော၍ပြုလုပ်သောမုန့်ဖြစ်ရမည်။ ဤမုန့်များတွင်တဆေးမပါစေရ။-
သူတို့သည်ဘုရားသခင်အားပူဇော်သည့်မုန့်၊ ပူဇော်သကာအဖြစ်အသုံးပြုသည့်မုန့်ညက်၊ တဆေးမဲ့မုန့်ပြားများ၊ မီးဖြင့်ထုတ်လုပ်သည့် ပူဇော်သကာများ၊ ဆီနှင့်ရောသောမုန့်ညက် တို့အတွက်တာဝန်ယူရကြ၏။ သူတို့သည် ဗိမာန်တော်ပူဇော်သကာများချိန်တွယ်မှု ကိုလည်းတာဝန်ယူရကြ၏။-