ဝတ်ပြု 6:15 - Common Language Bible15 ဘောဇဉ်သကာအားလုံးကိုပူဇော်သည့် အထိမ်းအမှတ်အဖြစ် ယဇ်ပုရောဟိတ်သည် မုန့်ညက်လက်တစ်ဆုပ်၊ ဆီအနည်းငယ်နှင့် တကွအမွှေးအကြိုင်ကိုယူ၍ ယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ထိုဘောဇဉ် သကာ၏ရနံ့ကိုထာဝရဘုရားနှစ် သက်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible15 ဆီ ပါ သော မုန့် ညက် တစ် လက် ဆွန်း နှင့် တ ကွ လော ဗန် ရှိ သ မျှ ကို ဘော ဇဉ် သ က္ကာ မှ သဲ့ ယူ ၍ မှတ် သား တော် မူ ဖွယ် အ ဖြစ်၊ စိတ် တော် ပြေ ဖွယ် ရ နံ့ အ ဖြစ် ထာ ဝ ရ ဘု ရား ထံ ပ လ္လင် တော် ပေါ် မှာ မီး ဖြင့် ပူ ဇော် ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible15 ဘောဇဉ်ပူဇော်သကာ မုန့်ညက်တစ်လက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ပူဇော်သကာအတွက်အတာကိုယူ၍ ထာဝရဘုရားအား မွှေးကြိုင်စရာဖို့၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ပူဇော်သက္ကာအမှတ်သညာအဖြစ် ဘောဇဉ်ပူဇော်သက္ကာပေါ်ရှိ လော်ဗန်ရှိသမျှနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာမှ အကောင်းဆုံးဂျုံမှုန့်နှင့်ဆီကို လက်တစ်ဆုပ်စာယူရမည်။ ၎င်းကို ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ အခန်းကိုကြည့်ပါ။ |
အာရုန်၏သားများဖြစ်သောယဇ်ပုရောဟိတ် တို့ထံသို့ယူဆောင်ခဲ့ရမည်။ တာဝန်ကျသော ယဇ်ပုရောဟိတ်သည် မုန့်ညက်တစ်လက်ဆုပ်၊ ဆီ နှင့်အမွှေးနံ့သာရှိသမျှကိုယူ၍ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ယင်းသို့ပူဇော် ခြင်းသည်ထာဝရဘုရားအား ဘောဇဉ်အကုန် အစင်ပူဇော်ရာရောက်၏။ ဤပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။-
အာရုန်နှင့်သူ၏သားတို့သည်ထာဝရဘုရား စံတော်မူရာ တဲတော်အတွင်းပဋိညာဉ်သေတ္တာ ကို ကာရံထားသောကန့်လန့်ကာအပြင်ဘက် တွင်၊ ထိုဆီမီးတိုင်ကိုညနေမှနံနက်ထိ ထာဝရဘုရား၏ရှေ့တော်တွင်ထွန်းထားရ မည်။ ဣသရေလအမျိုးသားတို့နှင့်သူတို့၏ အဆက်အနွယ်တို့သည် ဤပညတ်ချက်ကို အမြဲစောင့်ထိန်းရကြမည်။