ဝတ်ပြု 27:16 - Common Language Bible16 တစ်စုံတစ်ယောက်သောသူသည် မိမိ၏မြေယာ တစ်စိတ်တစ်ဒေသကို ထာဝရဘုရားအားပူ ဇော်ဆက်သလျှင် ယဇ်ပုရောဟိတ်သည်ထိုမြေ ကွက်တွင်စိုက်ပျိုးနိုင်သော မျိုးစေ့အနည်းအများ အလိုက်တန်ဖိုးကိုဖြတ်ရမည်။ မုယောစပါး မျိုးစေ့တစ်တင်းစိုက်ရသောမြေကွက်ကို ငွေ သားတစ်ဆယ်နှုန်းဖြင့်တန်ဖိုးဖြတ်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible16 လူ တစ် ဦး တစ် ယောက် သည် ကိုယ် ပိုင် ဖြစ် သော လယ် ယာ အ ချို့ ကို ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ထား လျှင် မျိုး ဝင် သည့် အ လိုက် ပြတ် လော့။ မု ယော မျိုး ဆယ် တင်း၀င် မြေ ကွက် ကို ငွေ ငါး ဆယ် ပြတ် လော့။ အခန်းကိုကြည့်ပါ။Judson Bible16 လူသည် ကိုယ်ပိုင်သောလယ်ယာကို ထာဝရဘုရားအဖို့သန့်ရှင်းစေလျှင်၊ မုယောမျိုးစေ့ကြဲရသည်အတိုင်း အဖိုးဖြတ်ရမည်။ မျိုးစေ့ တစ်ဩမဲကြဲရသော လယ်ကို၊ ငွေအကျပ်ငါးဆယ်နှင့် အဖိုးဖြတ်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 တစ်စုံတစ်ယောက်သည် မိမိပိုင်ဆိုင်သောလယ်ယာအချို့ကို ထာဝရဘုရားထံ ဆက်ကပ်လိုလျှင် သင်ဖြတ်ရမည့်တန်ဖိုးမှာ ကြဲနိုင်သည့်မျိုးစေ့ပမာဏအတိုင်းဖြစ်ရမည်။ မုယောမျိုးစေ့တစ်ဟောမဲလျှင် ငွေငါးဆယ်ရှယ်ကယ်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |