Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 26:46 - Common Language Bible

46 ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​က​သိ​နာ​တောင်​ပေါ် တွင် မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ပေး​အပ်​သော​ပ​ညတ်​တော်​များ နှင့်​ပြ​ဋ္ဌာန်း​ချက်​များ​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

46 ကိုယ် တော် တိုင် တစ် ဘက်၊ ဣ သ ရေ လ အ မျိုး သား တို့ တစ် ဘက်၊ သိ နာ တောင် ပေါ် တွင် မော ရှေ အား ဖြင့် ထာ ဝ ရ ဘု ရား ထုတ် ဆင့် တော် မူ သော ထုံး ဖွဲ့ ချက်၊ ဆုံး ဖြတ် ချက်၊ ဥ ပ ဒေ ချက် များ ကား ထို သို့ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

46 ဤ​ရွေ့​ကား ထာ​ဝ​ရ​ဘု​ရား​သည်၊ သိ​နာ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ မော​ရှေ​လက်​တွင်​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

46 ဤသည်ကား သိနာ​တောင်​ပေါ်၌ ထာဝရဘုရား​သည် မိမိ​နှင့်​အစ္စရေး​အမျိုးသား​တို့​အကြား မောရှေ​အားဖြင့်​ထားရှိ​သည့် ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ပညတ်တရား​များ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 26:46
15 ပူးပေါင်းရင်းမြစ်များ  

ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​က သိ​နာ​တောင် ပေါ်​တွင်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ပေး​အပ်​သော​ပ​ညတ် များ​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​ဝတ်​ပြု​ရာ ကျမ်း​ပြီး​၏။


``သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​တွင် နေ​ထိုင်​သ​မျှ ကာ​လ​ပတ်​လုံး​စောင့်​ထိန်း​ရ​မည့်​ပညတ်​တော် များ​ကို​ဖော်​ပြ​အံ့။ နား​ထောင်​ကြ​လော့။-


``သင်​တို့​အား​သွန်​သင်​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော်​မူ​သော ပ​ညတ်​တော်​များ​သည်​ကား ဤ​သို့​တည်း။ သင် တို့​ဝင်​ရောက်​သိမ်း​ယူ​မည့်​ပြည်​တွင် ဤ​ပညတ် တော်​များ​ကို​လိုက်​နာ​စောင့်​ထိန်း​ကြ​လော့။-


ထာ​ဝ​ရ​ဘု​ရား​၏​ဦး​ဆောင်​မှု​ကို​ခံ​ယူ​၍ ကိုယ် တော်​ကို​ကြောက်​ရွံ့​ရို​သေ​လော့။ ကိုယ်​တော်​၏ ပညတ်​တော်​တို့​ကို​စောင့်​ထိန်း​၍ စ​ကား​တော် ကို​နား​ထောင်​လော့။ ကိုယ်​တော်​ကို​ဝတ်​ပြု ကိုး​ကွယ်​၍ ကိုယ်​တော်​အား​သစ္စာ​ရှိ​လော့။-


ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ မှတ်​ပေး​တော်​မူ​၏။ သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့​ဝင် ရောက်​ကြ​သော​အ​ခါ သတ္တ​မ​နှစ်​ကျ​ရောက် သည့်​အ​ခါ​တိုင်း​လယ်​များ​ကို​မ​ထွန်​မ ယက်​မ​စိုက်​မ​ပျိုး​ခြင်း​အား​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မြှောက်​ရ​ကြ မည်။-


ဘု​ရား​သ​ခင်​သည်​ပ​ညတ်​တ​ရား​ကို​မော​ရှေ အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။ သို့​ရာ​တွင်​ကျေးဇူး တရား​နှင့် သစ္စာ​တရား​တို့​ကို​မူ​ကား​ယေ​ရှု​ခ​ရစ် အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။-


ကိုယ်​တော်​ရှင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​၏ ကွပ်​ကဲ​မှု​ဖြင့် မိ​မိ​၏​လူ​စု​တော်​အား​သိုး​ထိန်း​သ​ဖွယ် ပို့​ဆောင်​တော်​မူ​ပါ​၏။


သို့​ဖြစ်​၍​အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည် မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​ချက်​တို့​ကို​ဆောင်​ရွက်​ကြ​လေ သည်။


တော​ကန္တာ​ရ​ရှိ​သိ​နာ​တောင်​ပေါ်​၌​ထာ​ဝ​ရ ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​ဤ​ပြ​ဋ္ဌာန်း​ချက် များ​ကို​လိုက်​နာ​ရန်​မှာ​ထား​တော်​မူ​သော​နေ့​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ချ​မှတ်​ပေး တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ ရေ​လ​အ​မျိုး​သား​တို့ စောင့်​ထိန်း​ရန်​ပေး​အပ် သည့်​ပြ​ဋ္ဌာန်း​ချက်​များ​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​သည်။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထာ​ဝ​ရ ဘု​ရား​အား​က​တိ​သစ္စာ​ပြု​၍ မိ​မိ​ကိုယ်​ကို ဆက်​ကပ်​ပူ​ဇော်​လျှင် သူ​သည်​အောက်​တွင်​ဖော် ပြ​ပါ​ငွေ​များ​ကို၊-


ဤ​ပ​ညတ်​များ​သည်​ကား​ယေ​ရိ​ခေါ​မြို့ တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ​မော​ဘ​လွင်​ပြင်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပေး​တော် မူ​သော​ပ​ညတ်​များ​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​တော​လည်​ရာ ကျမ်း​ပြီး​၏။


``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​ပ​ညတ် တော်​အား​လုံး​ကို​သင်​တို့​အား​သွန်​သင်​ခဲ့ ပြီ။ သင်​တို့​တိုက်​ခိုက်​၍​သိမ်း​ပိုက်​နေ​ထိုင်​မည့် ပြည်​တွင် ထို​ပညတ်​တော်​တို့​ကို​လိုက်​နာ​ကြ လော့။-


သိ​နာ​တောင်​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ပ​ဋိ​ညာဉ် ပြု​ပြီး​သည့်​အ​ပြင် ယ​ခု​တစ်​ဖန်​မော​ဘ​ပြည် ၌​မော​ရှေ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​သည်။


အ​ကျွန်ုပ်​တို့​သည်​မော​ရှေ​ပေး​သော​ပ​ညတ် တ​ရား​တော်​ကို​စောင့်​ထိန်း​ကြ​၏။ ယင်း​ပ​ညတ်​တ​ရား​တော်​ကား​ငါ​တို့​လူ​မျိုး​၏ အ​မြတ်​နိုး​ဆုံး​သော​အ​မွေ​ဥစ္စာ​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ